ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

February 2021
M T W T F S S
1234567
891011121314
15161718192021
22232425262728

အာဏာမသိမ်းဟု မှတ်ယူမရကြောင်း ပြောကြားမှုအပေါ် နိုင်ငံရေးသမားနှင့် နိုင်ငံရေးလေ့လာသူများ၏ တုံ့ပြန်ချက်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တကယ်ရှေးရှုမယ်။ တိုင်းပြည် တကယ်ပဲ ငြိမ်းချမ်းသာယာရေးအတွက်ကို တကယ်ပဲ စေတနာရှိမယ်ဆို ရင် အဲဒီမှတ်ချက် (တပ်ချုပ်ပြောစကားများ)တွေက အတော်ပြဿနာရှိ တယ်။ အကယ်၍များ တိုင်းပြည်အပေါ် တကယ်စိတ်စေတနာရှိရင် တိုင်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ သေသေချာချာ ညှိနှိုင်းဆွေးနွေးဖို့က အဓိကဖြစ်တယ်လို့ ပြောချင်တယ်။ ဒီလိုမှတ်ချက် (တပ်ချုပ်ပြောစကားများ)တွေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုကို မတည်မငြိမ်ဖြစ်အောင်၊ စိုးရိမ်စိတ်တွေဖြစ်အောင် မလုပ်ဆောင်သင့်ဘူး။ အကယ်၍ တိုင်းပြည်အပေါ် တကယ်စိတ်စေတနာရှိရင် စစ်တပ်က စစ်တန်းလျားကိုပြန်ဖို့ပဲရှိတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)

https://7day.news/302656?fbclid=IwAR0HEjX3WZHjXHFHJhdNFmDgLFUsi0hjb12zZhgv0dgw7hNmjoOcH_pUzYU

အမျိုးသားညီညွတ်ရေးအပေါ်သဘောထား

ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ရန်ကုန်တိုင်း ပါတီကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး

၁၁၊ ၁၊ ၂၀၂၁။ ရန်ကုန်။

ရန်ကုန်တိုင်းပါတီကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ဇန်န၀ါရီ ၁၁ ရက် နေ့လည် ၁း၀၀ နာရီတွင် ဗိုလ်တထောင်မြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁)၊ ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်း ညှိနှိုင်းအစည်းအဝေးတွင် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဗဟိုကော်မတီအစည်းအဝေး၏ ရန်ကုန်တိုင်းနှင့် ပတ်သက်၍ စဉ်းစားချက်များ၊ ရည်မှန်းချက်များနှင့် တာဝန်ပေးအပ်မှုများကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းတာ၀န်ခံ ဦးငွေလင်းက ခိုင်မာအားကောင်းသည့် ရန်ကုန်တိုင်းပါတီကော်မတီ တည်ဆောက်သွားရေးအတွက် စဉ်းစားထားချက်(မူကြမ်း)ကို မိတ်ဆက်တင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ ရဲဘော်များက ဝိုင်းဝန်းဆွေးနွေးခြင်း၊ အတည်ပြုခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လတ်တလော ဆောင်ရွက်ရန်လုပ်ငန်းများ

ဖဲကြိုးဖြူလှုပ်ရှားမှု ဒုတိယနေ့နိုဝင်ဘာ၊ ၂၆၊ ၂၀၂၀။

အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှု (ဖဲကြိုးဖြူလှုပ်ရှားမှု)ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၁၆) ရက် လှုပ်ရှား ဆောင်ရွက်နေပါသည်။ဒုတိယနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အချို့နှင့်အတူ လူငယ်စွမ်းရည်မြှင့်တင်ရေး နိုင်ငံရေးသင်တန်းကျောင်း(YES) ကျောင်းဆင်းလူငယ်များ၊ လူငယ်ခေါင်းဆောင်များ ပါဝင်၍ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါသည်။ဤလှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တံတားဦးမြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်မေဖြူဆွေနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များ ဦးဆောင်ခဲ့ကြပါသည်။ခရက်ဒစ် – ဖဲကြိုးဖြူသီချင်းကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ကူးယူထည့်သွင်း အသုံးပြုထားပါသည်။

Call for social welfare policies proves significant in Myanmar elections

The latest Myanmar election resulted in a landslide victory to NLD and Aung San Suu Kyi. The two political parties partnering with the Danish Social Democrats also saw encouraging results. This is likely due to a more clearly defined ideology.

The Danish Social Democratic Party (SDP) works with likeminded political parties in Asia, through

ဖဲကြိုးဖြူလှုပ်ရှားမှုနိုဝင်ဘာ ၂၅၊ ၂၀၂၀

အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှု (ဖဲကြိုးဖြူလှုပ်ရှားမှု)ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လှုပ်ရှားမှုပထမဆုံးနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် မြင်းခြံပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ခင်ကြိုင် ဦးဆောင်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အချို့နှင့်အတူ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တွဲဘက်အတွင်းရေးမှူး ရဲဘော်မန်းသက်ဖော (ဗိုလ်မှူးဖော) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၁ / ၂၀၂၀)

နေရာတိုင်း၊ လူတိုင်းရောဂါပျောက်မှ ကပ်ရောဂါပျောက်နိုင်ပါလိမ့်မည်

Commentary-about-COVID-19

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၁ / ၂၀၂၀)

အမြင်သဘောထား –ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဟွာဘေးပြည်နယ်၊ ဝူဟန်မြို့ရှိ ရောဂါပိုးအမည်မသိ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမှ စတင် ကူးစက် ခဲ့သော အသက်ရှူလမ်းကြောင်းရောဂါပိုးသည် ယနေ့ နိုင်ငံပေါင်း ၁၀၀ ကျော်အထိ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း ၃၀၀,၀၀၀ ခန့်မျှ ကူးစက်ခံထားရပြီ ဖြစ်သည်။ ရောဂါကြောင့် သေဆုံးသူပေါင်း ၈,၀၀၀ ခန့် ရှိပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၀၊ မတ်လ ၁၁ ရက်နေ့တွင် ကြေညာသတ်မှတ်ထားပြီ ဖြစ်သည်။Covid -19 ရောဂါနှင့်ပတ်သက်၍ ယနေ့ပြည်ထောင်စုအစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ