ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

May 2020
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031

ပါတီလှုပ်ရှားမှုများ

ဖက်ဒရယ်ဆွေးနွေးပွဲ မြောင်းမြတွင် ပြုလုပ် ဖက်ဒရယ်ဆွေးနွေးပွဲ မြောင်းမြတွင် ပြုလုပ် ၂၀၁၉၊ နိုဝင်ဘာ ၁၅-၁၆။ မြောင်းမြ။ မြောင်းမြမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို မြောင်းမြလူငယ်ကွန်ရက်ရုံးခန်း၌ နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဖက်ဒရယ်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ၊ ဖက်ဒရယ်အရေးစိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

လပွတ္တာတွင် ဖက်ဒရယ်ဆွေးနွေးပွဲ ပြုလုပ် လပွတ္တာတွင် ဖက်ဒရယ်ဆွေးနွေးပွဲ ပြုလုပ် ၂၀၁၉၊ နိုဝင်ဘာ ၁၃-၁၄။ လပွတ္တာ။ လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို လပွတ္တာမြို့နယ်၌ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်စကားကို DPNS လပွတ္တာမြို့နယ်ကိုယ်စား ဦးအောင်မိုးဝင်းက ပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိနိင်ငံရေးအခြေအနေ အခင်းအကျင်းကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ပြောကြားခဲ့ပါသည်။ ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ ဖက်ဒရယ်အရေးစိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ နှင့် ၁၄ နှစ်ရက်တာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ၁၄၊ နိုဝင်ဘာ၊ ၂၀၁၉။ UEC ရုံး၊ နေပြည်တော်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာလလ၊ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁း၀၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံရေးပါတီပေါင်း ၇၇ ပါတီ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ UEC ဥက္ကဋ္ဌနှင့် ကော်မရှင်တာဝန်ရှိသူများက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ ဒေါ်နှင်းနှင်းမွှေးက တင်ပြရာတွင် ရွေးကောက်ပွဲတွင် ပါတီများလိုက်နာသင့်သည့် ကျင့်ဝတ်များဆိုင်ရာ ဆွေးနွေးပွဲများသည် ပါတီအားလုံးကို ကိုယ်စားပြုနိုင်သည့်ဆွေးနွေးပွဲများ ...

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ နိုဝင်ဘာ ၉၊ ၂၀၁၉။ ချောင်းသာ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမိတ်ဆက်ဆွေးနွေးပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ညနေပိုင်းတွင် ချောင်းသာမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း၊ ပါတီဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီး၊ လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုထက်နိုင်လင်း၊ မဇင်မာအေးတို့က ပါတီဖြတ်သန်းမှုသမိုင်း၊ လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ DPNS ချောင်းသာမြို့ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ ဆန္ဒကောက်ခံသူများအား အကြမ်းဖက် စီးနင်း ဖြိုခွဲမှုများနှင့် ပတ်သက်သည့်သဘောထား ထုတ်ပြန်ချက် (၁၃၊ ၅၊ ၂၀၁၈)

ရဲဘော်(ဦး)ဖေအောင်၏ ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့

၁၂၈ နှစ်မြောက် မေေးဒးနေ့ အခမ်းအနားများသိုပေ့းပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း(၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ရဲဘော်စိုးမိုး ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဝမ်းနည်းသဝဏ်လွှာ(၃၁၊ ၃၊ ၂၀၁၈)

သခင်ကိုယ်တော်မှိုင်း (၁၄၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သ၀ဏ်လွှာ

နိုင်ငံတကာအမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၈)

နိုင်ငံတကာ အမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ သဘောထား ထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နှင်းမှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

 


အမြင်သဘောထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပြောနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဘာလဲ ဘယ်လဲ အရင်းစစ်လိုက်ရင် “တရားဥပဒေစိုးမိုးရေး” ဆိုတာဟာ “၂၀၀၈ အခြေခံဥပဒေပြဿနာ” လိုပါပဲ။ ဥပဒေဆိုင်ရာ ပြဿနာသက်သက် မဟုတ်ဘဲ နိုင်ငံရေးပြဿနာစစ်စစ်ပဲဖြစ်ပါတယ်။ ပြည်သူတွေအပေါ် အာဏာအရ၊ တည်ဆဲဥပဒေများအရ၊ ဓနဥစ္စာအရ၊ ဗြူရိုကရေစီအသိုင်းအဝိုင်းအရအစဉ်အဆက် ချုပ်ကိုင်ထားသူများက ပြည်သူလူထုအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်ကျူးလွန်နေတဲ့ မတရားမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ် တချိန်တခါကကိုင်စွဲခဲ့ပြီးယခုအခါ စွန့်လွှတ် ပစ်ပယ်ထားခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ”ဆိုတဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးပြဿနာရဲ့ အဆက်လည်း ဖြစ်ပါတယ်။ “တရားဥပဒေစိုးမိုးရေး” ဆိုတာကိုဟိုလိုဒီလိုအဓိပ္ပါယ်တွေအမျိုးမျိုးဖွင့်နေကြပေမယ့် အနှစ်သာရကတော့ အောက်ပါအချက်နှစ်ချက် အပြည့်အဝပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ၁။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အကျိုးစီးပွားတွေနဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည် ပြောဆိုခွင့်တွေကိုတကယ်တမ်းထိထိရောက်ရောက် အကာအကွယ်ပေးရေး၊ ၂။ ပြည်သူတွေအပေါ် မတရားဖိနှိပ် အကြမ်းဖက် ရန်ပြုလာမှု မှန်သမျှကို ပြတ်ပြတ်သားသားထိထိမိမိကိုင် တွယ်အပြစ်ပေးအရေးယူနိုင်တဲ့ဥပဒေတွေစိုးမိုးရေး ဖြစ်ရပါ့မယ်။ ဘယ်သူကပဲဖြစ်ဖြစ် “တရားဥပဒေစိုးမိုးရေး”လို့ ပြောလာပါစေ။ဒီအချက်နှစ်ချက်နဲ့ စိစစ်တိုင်းတာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအချက်နှစ်ချက် ပါဝင်ဖို့ ပျက်ကွက်နေတဲ့ တရားဥပဒေစိုးမိုးရေးဟာအတုအယောင် တရားဥပဒေစိုးမိုးရေး (သို့မဟုတ်) အမည်ခံတရားဥပဒေစိုးမိုးရေးပဲ ...

တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ်တန့်ရေး သမ္မတ ဖြေရှင်းပေးဖို့ တောင်းဆို ၂၈၊ ဇွန်၊ ၂၀၁၉ RFA ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀၀ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားရင် တိုက်ပွဲတွေကို ရပ်တန့်ပေးမယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုထားတာရှိတဲ့အတွက် သမ္မတဆီ တောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ဦးမျိုးကျော်က ဒီနေ့ ပြောပါတယ်။ “အခု ကျတော်တို့ တိုက်တွန်းတာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားတာ ကျွန်တော်တို့ ကြားတယ်။ သမ္မတကသာ ရပ်စဲစေချင်တယ်ဆိုရင် ...

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ ဧရာဝတီ၊ ဇွန် ၁၃၊ ၂၀၁၉ “၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ” ခေါင်းစဉ်ဖြင့် DPNS ဥက္ကဌ ဦးအောင်မိုးဇော်နှင့် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်တို့၏ ဆွေးနွေးချက် ရိုက်ကူး – ကျန်ကျောင်း၊ ကျော်သူရ တည်းဖြတ် – ကျော်သူရ https://www.facebook.com/theirrawaddyburmese/videos/2242692972481594/UzpfSTE3OTQ3MTgwODczMTM1MToyNTMyMjkwOTkwMTE2MDc2/

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ (၆၊ ၆၊ ၂၀၁၉) Alpha ဘိလပ်မြေစက်ရုံအရေးဆန့်ကျင်ဆန္ဒပြကြတဲ့ဒေသခံအောင်သပြေရွာသားတွေကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်မှာလူ့အသက်ဆုံးရှုံးသည်အထိဖြစ်ခဲ့ရပါပြီ်။အောင်သပြေရွာသား၊ လက်သမားဆရာကိုထွန်းမြင့်ဝင်းဟာဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅း၀၀ နာရီမှာသေဆုံးခဲ့ပါတယ်။ အရက်ကြောင်ရောဂါကြောင့်လို့တာဝန်ရှိအာဏာပိုင်တွေကပြောဆိုပေမယ့် ခန္ဓာကိုယ်ပေါ်မှာညှဉ်းပမ်းနှိပ်စက် ရိုက်နှက်ထားတဲ့ဒဏ်ရာတွေတွေ့ တယ်လို့မိသားစုဝင်တွေကပြောပါတယ်။ အာဏာပိုင်တွေပြောကြားတဲ့ရောဂါအမျိုးအစားဟာအသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ဆေးသိပ္ပံပညာကတိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေ ၁၅ ရက်နေ့ကအောင်သပြေရွာသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ဖြစ်စဉ်အပြီးမှာဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ရဲအင်အားအများအပြားသုံးပြီးအောင်သပြေရွာ အဝင်အထွက်ကိုပိတ်ဆို့ထားပါတယ်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင်၊ မီးရှို့မှု၊ အကျိုးဖျက်ဆီးမှု စတဲ့ ပုဒ်မများစွာနဲ့အောင်သပြေရွာသားများစွာဖမ်းဆီးချုပ်နှောင်ခံကြရပါတယ်။ ဝရမ်းပြေးဖြစ်ကြရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလင်းပုသိမ်ကြီးမြို့နယ် ထွေ/အုပ်ရုံးကအစည်းအဝေးဖိတ်လို့အသွားမှာဖမ်းဆီးခံရပါတယ်။ ယခုသေဆုံးရသူကိုထွန်းမြင့်ဝင်းမှာလည်းသူ့လက်သမားလုပ်ငန်းခွင်ကိုအသွားမှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ အောင်သပြေကျေးရွာသား၊ ၉ တန်းကျောင်းသားမောင်ထူးဝေယံဆိုရင်လည်းကျောင်းဖွင့်ချိန် ကျောင်းသုံးပစ္စည်းတွေ မန္တလေးမြို့ပေါ် တက်ဝယ်ပြီးသူငယ်ချင်းတွေနဲ့အတူတူ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ပါတယ်။ ဖခင် ...

 


အင်တာဗျူ :

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal) မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။ မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။ UAMZ – ကျွန်တော်တို့ ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက် စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။ ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့ ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက် နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။ ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ် ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့ မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။ ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။ အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့ ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့ သွားငြိနေတယ်။ ပုဒ်မ ...

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ February 1, 2020

အကြမ်းဖက်ဝါဒနှင့်ပတ်သက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထား December 30, 2019

ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းဆင်းပွဲ December 24, 2019

တောင်သူလယ်သမားညီလာခံနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား December 22, 2019

တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက် December 22, 2019

တောင်သူလယ်သမားနေ့အထိမ်းမှတ် အခမ်းအနားများသို့ ပေးပို့သည့် သ၀ဏ်လွှာ December 21, 2019

ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ဆွေးနွေးပွဲ December 18, 2019

ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲ December 15, 2019

ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး December 15, 2019

ဘားအံမြို့နယ်ပါတီကော်မတီနှင့် တွေ့ဆုံဆွေးနွေး December 14, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ