ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

July 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  

ပါတီလှုပ်ရှားမှုများ

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန မြစ်ကြီးနား ၂၀၂၀၊ မေ၊ ၅-၆၊ မြစ်ကြီးနား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၅ ရက်နေ့တွင် Kachin state Covid 19 Prevention Network သို့ PPE ၄ စုံ၊ မေလ၊ ၆ ရက်နေ့တွင် အထွထွေရောဂါကုဆေးရုံကြီး (မြစ်ကြီးနား) သို့ PPE ၆ စုံ ပေးပို့လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

DPNS မြင်းခြံရဲဘော်များ၏ covid-19 ကာကွယ်ရေး လှုပ်ရှားမှုများ ၂၀၂၀၊ မေ၊ ၄-၆။ မြင်းခြံ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရဲဘော်များသည် အစ်ဆာရာ(မြန်မာ)၊ အနာဂတ်အလင်းတန်းဆုံမှတ်တို့နှင့် ပူးပေါင်းလျက် ၂၀၂၀၊ မေလ ၄ ရက်နှင့် ၆ ရက်နေ့များတွင် COVID-19 ကျန်းမာရေးအသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးဝြေခင်း၊ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၂၀၊ မေလ ၄ ရက်နေ့တွင် ထနောင်းတိုင်ကျေးရွာ COVID-19 ထိမ်းချုပ်ကာကွယ်ရေးကော်မတီသို့လည်းကောင်း၊ မေလ၊ ၆ ရက်နေ့တွင် ကျားတိုင်း၊ ကျောက်ကုန်းကျေးရွာများသို့လည်းကောင်း ကျန်းမာရေးပညာပေးဗွီနိုင်းများ၊ လက်ကမ်းစာစောင်များကို ဆက်သွယ်ပေးပို့ခဲ့ပါသည်။၊ မြင်းခြံမြို့နယ်၊ အမှတ်၂ရပ်ကွက်တွင်ွလည်း ကိုဗစ်19 ရောဂါ ပညာပေးနှင့် ကောလာဟလသတင်းများ သတိပြုစေရန် ရှင်းလင်းပြောကြားခဲ့ကြပါသည်။

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန လပွတ္တာမြို့ ၂၀၂၀၊ မေ၊ ၄။ လပွတ္တာမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူဒါနအဖြစ် ​မေလ ၄ ရက်နေ့တွင် လပွတ္တာမြို့နယ် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သို့ PPE ဝတ်စုံ ၅ စုံ ပေးပို့လှူဒါန်းခဲ့ပါသည်။

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းလှူဒါန- ရန်ကုန်။ ၂၀၂၀၊ ​မေ၊ ၃။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူအဖြစ် “မဂ်လာတောင်ညွန့် ပြုပြင်စရာများအဖွဲ့”သို့ လက်အိတ် ၁၀၀၊ နှာခေါင်းစည်း ၃၀၀ နှင့် အလှူငွေတစ်သိန်းကျပ်ကို ၂၀၂၀၊ မေလ ၃ ရက်နေ့နံနက်တွင် လှူဒါန်းခဲ့ပါသည်။ ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ်မှ ကိုမျိုးငြိမ်းက ပေးအပ်လှူဒါန်းရာ အဖွဲ့တာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။ မတ်လ ၃ ရက်နေ့နံနက် ၈:၀၀ နာရီတွင် “မိသားစုကိုချစ်ရင် Mask တပ်ပါ” Campaign ကို မဂ်လာတောင်ညွန့်ဈေး(အမဲဈေး)၌ အဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ပါတီဆိုင်းဘုတ်ကို ပြင်ဆင်ပြောင်းလဲပေးရခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းချက် သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၆)

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်း သဝဏ်လွှာ

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃ / ၂၀၁၅)

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆ / ၂၀၁၅)

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅)

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ပည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် (ထုတ်ပြန်ကြေညာချက် ( ၄ / ၂၀၁၅ ) )

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) )

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

 


အမြင်သဘောထား

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

CEDAW) အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံအစိုးရသို့ တိုက်တွန်းချက် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ် (CEDAW) အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံအစိုးရသို့ တိုက်တွန်းချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး မေး – ၂၀၁၇ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားအမြင် သုံးသပ်ချက် များကို ဖြေကြားပေးစေလိုပါတယ်။ ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး။ တိုးတက် မလာဘူး။ တန့်နေတယ်။ တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလား လို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီ ဘောင်က ကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုပဲ။  မနေ့တစ်နေ့က မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ ကိစ္စဆိုရင် မီဒီယာသမားတွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ (ကျ ၄၆ – AAPP စာရင်းအရ) ရှိနေသေးတဲ့ကိစ္စဆိုရင် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ...

 


အင်တာဗျူ :

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal) မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။ မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။ UAMZ – ကျွန်တော်တို့ ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက် စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။ ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့ ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက် နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။ ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ် ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့ မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။ ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။ အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့ ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့ သွားငြိနေတယ်။ ပုဒ်မ ...

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန June 16, 2020

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန ၂၀၂၀၊ မေ၊ ၈။ တောင်ကြီး။ May 8, 2020

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန မြစ်ကြီးနား May 6, 2020

DPNS မြင်းခြံရဲဘော်များ၏ covid-19 ကာကွယ်ရေး လှုပ်ရှားမှုများ May 6, 2020

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန လပွတ္တာမြို့ May 4, 2020

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းလှူဒါန- ရန်ကုန်။ May 3, 2020

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူ-ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) April 29, 2020

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူ-ဧပြီ၊ ၂၈ April 28, 2020

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ February 1, 2020


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 9, 2020


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ