ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတ်သက်၍ လမ်းညွှန်ချက်

ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတ်သက်၍ လမ်းညွှန်ချက်

ဗဟိုစည်းရုံးရေးကော်မတီဝင်များသည် ပါတီဖွဲ့စည်းပုံစည်းမျဉ်းပါ အချက်များကို လိုက်နာရမည့်အပြင် ဗဟိုစည်းရုံးရေး ကော်မတီဝင်များ မဖြစ်မနေဆောင်ရွက်ရမည့် အခြေခံသတ်မှတ်ချက်များကိုလည်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။

ဆုံးဖြတ်ချက်

ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ဗဟိုဦးဆောင်ကော်မတီဝင်များ မဖြစ်မနေဆောင်ရွက်ရမည့် အခြေခံသတ်မှတ်ချက်များကို အောက်ပါအတိုင်း သတ်မှတ်ကြောင်း ဆုံးဖြတ်သည်။

(က) ဗဟိုစည်းရုံးရေးကော်မတီဝင်များ မဖြစ်မနေဆောင်ရွက်ရမည့် အခြေခံသတ်မှတ်ချက်များ

၁။  ပါတီ၏ မူဝါဒပေါ်လစီများကို တိတိကျကျ အာမခံရမည်။
၂။  လက်ရှိနိုင်ငံရေးဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ မျက်ခြေမပြတ်လေ့လာနေရမည်။
၃။  ပါတီဌာနချုပ်နှင့် နိုင်ငံရေး၊စည်းရုံးရေး လုပ်ငန်းများ ပုံမှန်ဆက်သွယ်ဆွေးနွေးမှု ရှိရမည်။
၄။  ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးများကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။
၅။  နိုင်ငံရေး၊ စည်းရုံးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပါတီဌာနချုပ်မှ ဆွေးနွေးတင်ပြချက်များ ပေးပို့လာသည့်အခါ သတ်မှတ်ထားသည့် အချိန်ကာလတွင်း မိမိတို့၏ သဘောထားအမြင်များကို ပါတီဌာနချုပ်သို့ ပြန်လည်ပေးပို့ (သို့) ပြန်လည်ဆွေးနွေးရမည်။ ပျက်ကွက်ခြင်းမရှိစေရ။
၆။  ပါတီဌာနချုပ်သို့ (၃) လ တစ်ကြိမ် နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံရမည်။
၇။  မိမိရောက်ရှိနေသော နေရာဒေသအသီးသီးတွင် ပါတီ၏ အထွေထွေနိုင်ငံရေးသဘောထားနှင့် လတ်တလော လုပ်ငန်းစဉ်၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်းများကို ကိုင်စွဲကာ ပါတီလုပ်ငန်းများ ဆောင်ရွက်ရမည်။
၈။  အများသဘောတူဆုံးဖြတ်ချမှတ်ထားသည့်သဘောထားများ၊ ဆုံးဖြတ်ချက်များကို ဗဟိုစည်းရုံးရေးကော်မတီဝင်တိုင်းက တိကျစွာ အာမခံရမည်။

(ခ) ဗဟိုဦးဆောင်ကော်မတီဝင်များ မဖြစ်မနေဆောင်ရွက်ရမည့် အခြေခံသတ်မှတ်ချက်များ

၁။   ပါတီ၏ မူဝါဒပေါ်လစီများကို တိတိကျကျ အာမခံရမည်။
၂။   လက်ရှိနိုင်ငံရေးဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ မျက်ခြေမပြတ်လေ့လာနေရမည်။
၃။   ပါတီဌာနချုပ်နှင့် နိုင်ငံရေး၊စည်းရုံးရေး လုပ်ငန်းများ ပုံမှန်ဆက်သွယ်ဆွေးနွေးမှု ရှိရမည်။
၄။   ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးများကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။
၅။   နိုင်ငံရေး၊ စည်းရုံးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပါတီဌာနချုပ်မှ ဆွေးနွေးတင်ပြချက်များ ပေးပို့လာသည့်အခါ သတ်မှတ် ထားသည့် အချိန်ကာလတွင်း မိမိတို့၏ သဘောထားအမြင်များကို ပါတီဌာနချုပ်သို့ ပြန်လည်ပေးပို့ (သို့) ပြန်လည်ဆွေးနွေးရမည်။
ပျက်ကွက်ခြင်းမရှိစေရ။
၆။   ပါတီဌာနချုပ်သို့ (၁) လ တစ်ကြိမ် နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံရမည်။
၇။   မိမိရောက်ရှိနေသော နေရာဒေသအသီးသီးတွင် ပါတီ၏ အထွေထွေနိုင်ငံရေးသဘောထားနှင့် လတ်တလော လုပ်ငန်းစဉ်၊ ပါတီဖွဲ့ စည်းပုံ စည်းမျဉ်းများကို ကိုင်စွဲကာ ပါတီလုပ်ငန်းများ ဆောင်ရွက်ရမည်။
၈။ အများသဘောတူဆုံးဖြတ်ချမှတ်ထားသည့်သဘောထားများ၊ ဆုံးဖြတ်ချက်များကို ဗဟိုဦးဆောင်ကော်မတီဝင်တိုင်းက တိကျစွာ အာမခံရမည်။
၉။   ဗဟိုဦးဆောင်ကော်မတီအစည်းဝေးများတွင်ပါဝင်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ရမည်။
၁၀။   ပါတီ၏နိုင်ငံရေး၊စည်းရုံးရေးလုပ်ငန်းများနှင့် ဌာနများကိုကြီးကြပ်ရမည်။ တက်ကြွစွာအကောင်အထည် ဖေါ်ရမည်။
၁၁။   အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အခါ မပျက်မကွက် ပါဝင်ဆွေးနွေး ဆောင်ရွက်ရမည်။