ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး September 27, 2018

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 27, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ် September 25, 2018

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် September 25, 2018

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး September 24, 2018

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 24, 2018

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ September 23, 2018

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ် September 22, 2018

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက် September 21, 2018

“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ September 21, 2018


အမြင်သဘောထား


ထုတ်ပြန်ချက်များ

ကချင်လွတ်လပ်ရေးတပ်မတော်ဗိုလ်သင်တန်းကျောင်းသားများ ကျဆုံးထိခိုက်ကြရမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက် (၃ / ၂၀၁၄)

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

သဘောထားထုတ်ပြန်ကြေညာချက် (၁/ ၂၀၁၄)

(၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ (၂၆) နှစ်ပြည့် တည်ထောင်ခြင်းနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ

(၅၂) နှစ်ပြည့် ၇ – ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ


ပါတီလှုပ်ရှားမှုများ

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်အဖွဲ့ဝင်များ လာရောက်လေ့လာ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်(SSU) အဖွဲ့ဝင်များသည် ၅၊ ၁၁၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ SSU အဖွဲ့ဝင်များအား DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်(YNS) အတွင်းရေးမှူး ကိုဟန်သူတို့က လက်ခံတွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

“ဇွဲကပင်သက်သေ ဒို့ ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက် ကရင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့နှင့် Ethnic Peace Resources Project(EPRP)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ မြေယာပြဿနာများအား လေ့လာတင်ပြချက်စာတမ်း “ဇွဲကပင်သက်သေ ဒို့ ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားကို ၁၊၁၁၊၁၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွယ်ကဘောင်မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ စီစဉ်သူများက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ အဓိကတွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လယ်ယာမြေအသိမ်းခံရသော တောင်သူဦးကြီးများက ၎င်းတို့၏ မြေယာသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် ကိုဇော်ရဲထက်တို့ တက်ရောက်ခဲ့ကြပါသည်။

DPNS ပါတီဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီဥက္ကဋ္ဌတို့၏ ပုသိမ်ခရီးစဉ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းတို့သည် တိုင်းစည်းရုံးရေးကော်မတီရုံးခန်း၌ ၁၊ ၁၁၊ ၁၆ ရက်နေ့ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီအထိ ဧရာဝတီတိုင်းစည်းရုံးရေးကော်မီတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် မျက် မှောက်ကာလနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်သဘောထားများ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပုသိမ်မြို့ရှိ လူထုအခြေပြုအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အလွတ်သဘောတွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

“မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး”ဆွေးနွေးပွဲတက်ရောက် UN Women Myanmar က စီစဉ်ကျင်းပသော “မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ၃၁၊၁၀၊၁၆ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ Inya Lake ဟိုတယ်တွင် ပြုလုပ်ခဲ့ ပါသည်။ ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်တင်တင်ချိုတို့လည်း တက်ရောက်ခဲ့ကြပါသည်။ ဒေါ်နှင်းနှင်းမွှေးက ဆွေးနွေးရာတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ အမျိုးသမီးများ၏ ဘဝ၊အသက်၊အိုးအိမ် ပျက်စီးဆုံးရှုံးနေရသည့် အခြေအနေများကို တင်ပြခဲ့ပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိစေရန် အစိုးရနှင့်လွှတ်တော်တို့က မည်သို့မည်ပုံ ဆောင်ရွက် ...


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ