ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား သို့တက်ရောက် February 12, 2018

နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနား သို့ တက်ရောက် February 11, 2018

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် February 5, 2018

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး February 2, 2018

မြင်းခြံစည်းကော်မတီဝင်များ နှင့် တွေ့ဆုံဆွေးနွေး January 31, 2018

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့ ဆွေးနွေးချက် January 31, 2018

နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ၊ မြင်းခြံမြို့ January 30, 2018

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ သဘောထား ထုတ်ပြန်ချက် January 28, 2018

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ သဘောထား ထုတ်ပြန်ချက် January 28, 2018

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၁) January 25, 2018


အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ၂၀၁၈၊ဇန်နဝါရီလ ၁၃ရက်နှင့် ၁၄ ရက်နေ့များတွင် သံလွင်(Citizen Empowerment Program) နှင့်Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏အခန်းကဏ္ဍ”ဖိုရမ်တစ်ခုကို နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ သာဝတ္ထိမြို့ ဂိုဏ်းထောက်ကျောင်း မ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် စကားဝိုင်းဆွေးနွေးပွဲ ( Pannel Discussion) တစ်ခုပါဝင်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသုများမှာ ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-ဥက္ကဋ္ဌ)၊ ဦးခင်မောင်ဇော်(တရားလွှတ်တော်ရှေ့နေကြီး- စာရေးဆရာ ဇော်ဝင်းကို) နှင့် စီးပွားရေးပညာရှင် ဒေါက်တာတင်ထုးနိုင်တို့ဖြစ်ပြီး၊ Moderator အဖြစ် ဦးဇော်မင်းကျော်( ပြည်သွေးနိုင်)က ဆောင်ရွက်ခဲ့ပါသည်။ ဦးအောင်မိုးဇော်က နိုင်ငံရေးရှုထောင့်၊ ဦးခင်မောင်ဇော်က တရားဥပဒေ စိုးမိုးရေးရှုထောင့်နှင့် ဒေါက်တာတင်ထွန်းနိုင်က ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး မေး – လူထုအစိုးရ၏၂၀၁၇ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊စီးပွားရေး၊လူမူရေး၊နိုင်ငံတကာ ဆက်ဆံရေး၊ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ၊ကိစ္စရပ်များအပေါ် သလောထားအမြင်၊သုံးသပ်ချက် များကို ဖြေကြားပေးစေလိုပါတယ်။ ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး၊ တိုးတက်မလာဘူး၊တန့်နေတယ်။တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလား လို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီဘောင်ကကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုဘဲ။မနေ့တစ်နေ့က မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ကိစ္စဆိုရင် မီဒီယာသမားတွေထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင်၊နိုင်ငံရေးအကျဉ်းသားတွေ ( ကျ ၄၆ – AAPP စာရင်းအရ ) ရှိနေသေးတဲ့ကိစ္စဆိုရင်၊အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခြင်း ခံနေရတဲ့ ကိစ္စတွေ(အမှုရင်ဆိုင်ဆဲ ၁၉၀ – AAPP ...

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့ ဆွေးနွေးချက် ၂၀၁၈ ခုနှစ်ထဲတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီလဲဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ MCN TV News ၏ “ မျက်မှောက်ရေးရာ သုံးသပ်စရာအစီအစဉ်”တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်များအား ကောက်နုတ်တင်ပြပေးလိုက်ပါသည်။ MCN TV News ။ ဆရာဦးအောင်မိုးဇော်အနေနဲ့ ဆိုရင်ရောဗျ၊ ဆရာတို့ပါတီအနေနဲ့ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲမှာ ဘယ်လိုမျိုး ပါဝင်ဖြတ်သန်းမလဲဆိုတာ။ ဦးအောင်မိုးဇော် ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့တော့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ...

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ရန်ကုန်တိုင်းကျောက်တံတားမြို့နယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာနှင့်DVB Editorial Talk  အစိုးရ ကတိက၀တ် ဖော်ဆောင်နိုင်မှုအပေါ် သုံးသပ်ချက် DVB : Editorial Talk https://youtu.be/QwdbArO-YvQ


ထုတ်ပြန်ချက်များ

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ သဘောထား ထုတ်ပြန်ချက်

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ သဘောထား ထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကြေငြာချက်

” တိုးတက်သော ဒီမိုကရက်တစ်အင်အားစု”၏ သဘောထားကြေငြာချက်(၂၆.၁၂.၂၀၁၇)

ဒုတိယအကြိမ်၊လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

ဦးသန့်ဈာပနလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် )၏ ဈာပနသို့ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (၂၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက်နေ့ သဘောထားထုတ်ပြန်ချက် (၇/ ၂၀၁၇)

မိမိတို့တိုင်းပြည်အတွင်းလက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် သဘောထား ထုတ်ပြန်ချက်(၆/၂၀၁၇)


ပါတီလှုပ်ရှားမှုများ

ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါန ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါနကို ၂-၇-၂၀၁၆ ရက်နေ့က ကရင်ပြည်နယ်။ ဘားအံမြို့ ရဲဘော်မင်းနိုင်၏ မိသားစုနေအိမ်နှင့် ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်း ၃၅ ရပ်ကွက်ရှိ ရဲဘော်မင်းနိုင်၏ မိဘနေအိမ်တို့တွင် ပြုလုပ်ခဲ့ကြပါသည်။ ရန်ကုန်အိမ်သို့ ပါတီဋ္ဌာနချုပ်မှ အတွင်းရေးမှူး(၁) ဦးသီဟနှင့်အဖွဲ့ သွားရောက်ကူညီခဲ့ကြပြီး ဘားအံမြို့ မိသားစု နေအိမ်သို့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ၀င် ဦးတိုးတိုးထွန်းနှင့် ဈာပနကော်မတီဝင်များ သွားရောက် ၀ိုင်းဝန်းခဲ့ကြပါသည်။ နော်ဝေ၊ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာရောက် ရဲဘော်မင်းနိုင်၏ ရဲဘော်မိတ်ဆွေများထံမှ ပေးပို့လှူဒါန်း ထားသည့် အလှူငွေများကိုလည်း ဈာပနကော်မတီကိုယ်စား ဒေါ်နှင်းနှင်းမွှေးက မိသားစုလက်ဝယ်အရောက် ...

ဘားအံမြို့နယ် စည်းရုံးရေးကော်မတီနှင့် ဋ္ဌာနချုပ်ရဲဘော်များ တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုစည်းရုံရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်စည်းရုံးရေးကော်မတီနှင့် ၁၄၊ ၃၊ ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ဘားအံတွေ့ဆုံမှုတွင် ဗဟိုစည်းရုံရေးကော်မတီဝင် ဦးမင်းနိုင်၊ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် အပါ အ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ဘာအံမြို့နယ်စည်းရုံးရေးအခြေအနေများ၊ ကရင်ပြည်နယ်အတွင်း အခြား မြို့နယ်များ၏စည်းရုံးရေးအခြေအနေများကို တင်ပြကြသည်။ ဖမ်းဆီးထိမ်းသိမ်းခံထားရသော ရဲဘော်ဇော်ရဲထက်၏ အမှု ဖြစ်စဉ်များနှင့် အခြေအနေတို့ကိုလည်း တင်ပြကြပါသည်။ ပါတီဥက္ကဋ္ဌနှင့် ဦးတိုးတိုးထွန်းတို့ကလည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခြေအနေများ၊ ပါတီမှ ထိုအခြေအနေသစ် များအပေါ် ထားရှိသည့်သဘောထားများ၊ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ပြင်ဆင်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။  

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ စုဆုံပွဲတွင် ပါဝင်ဆွေးနွေး ၂၀၁၆၊ မတ်လ ၂၂ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ စုဆုံပွဲတရပ်ကို ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ စုဆုံပွဲသို့ ရန်ကုန်၊ မန္တလေး၊ ပဲခူးခရိုင်၊ မြင်းခြံခရိုင်၊ မုံရွာခရိုင်၊ ပခုက္ကူခရိုင်တို့မှ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည် ခရိုင်ကွန်ရက်မှာမူ ရွှေတောင်မြို့ ၀ါးလည်ရွာတွင် ကျင်းပမည့် နှစ် (၁၄၀) ပြည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ့ အခမ်း အနားကို ဦးဆောင် ကျင်းပ ရမည့်တာဝန်နှင့် အလုပ်များနေသည့်အတွက် ဤစုဆုံပွဲသို့ မတက်ရောက်နိုင်ခဲ့ပါ။ ပါတီသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တွင် အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်ပါသည်။ ကွန်ရက်တွင် ပါတီမှ ကိုယ် စားလှယ်၂ ဦး ပါဝင်ပြီး ...

တောင်သူလယ်သမားရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ၂၀၁၆ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တောင်သူလယ်သမားရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပါသည်။ တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ကြခြင်းဖြစ်သည်။ ကော်မတီအစည်းအဝေးကို ပါတီဋ္ဌာနချုပ်အတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်နှင့် တောင်သူလယ်သမားရေးရာ ကော်မတီ တာဝန်ခံ ဦးသန့်စင်၊ ဒုတိယတာဝန်ခံ ဦးကျော်မိုးလှိုင်တို့က ဦးဆောင် ဆွေးနွေးပေးပြီး အသေးစိပ် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားအရေးနှင့် မြေယာပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ကြုံတွေ့နေ ရသော အခက်အခဲများ၊ ထပ်မံကြုံတွေ့လာနိုင်သောအခက်အခဲများကို အကျယ်အပြန့် ဆွေးနွေးကြသည်။ တောင်သူလယ်သမားရေးရာကော်မတီက ချမှတ်ထားသော ၂၀၁၆ခုနှစ် လုပ်ငန်းစဉ် (၁၁) ရပ်အပေါ် မူတည်၍ လက်တွေ့ဆောင်ရွက်ကြရမည့် အသေးစိပ်လုပ်ငန်းစဉ်များကို ဒေသများအလိုက် ရေးဆွဲကြရန်နှင့် ...


အင်တာဗျူ :

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ၂၀၁၈၊ဇန်နဝါရီလ ၁၃ရက်နှင့် ၁၄ ရက်နေ့များတွင် သံလွင်(Citizen Empowerment Program) နှင့်Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏အခန်းကဏ္ဍ”ဖိုရမ်တစ်ခုကို နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ သာဝတ္ထိမြို့ ဂိုဏ်းထောက်ကျောင်း မ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် စကားဝိုင်းဆွေးနွေးပွဲ ( Pannel Discussion) တစ်ခုပါဝင်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသုများမှာ ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-ဥက္ကဋ္ဌ)၊ ဦးခင်မောင်ဇော်(တရားလွှတ်တော်ရှေ့နေကြီး- စာရေးဆရာ ဇော်ဝင်းကို) နှင့် စီးပွားရေးပညာရှင် ဒေါက်တာတင်ထုးနိုင်တို့ဖြစ်ပြီး၊ Moderator အဖြစ် ဦးဇော်မင်းကျော်( ပြည်သွေးနိုင်)က ဆောင်ရွက်ခဲ့ပါသည်။ ဦးအောင်မိုးဇော်က နိုင်ငံရေးရှုထောင့်၊ ဦးခင်မောင်ဇော်က တရားဥပဒေ စိုးမိုးရေးရှုထောင့်နှင့် ဒေါက်တာတင်ထွန်းနိုင်က စီးပွားရေးရှုထောင့်တို့မှ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါစကားဝိုင်းမှ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ( ၁ ) ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။ ဟုတ်ပြီ။ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ အခြေအနေကို ကျနော်တို့ သုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံရေးဖတ်စာ ကကြီး၊ခကွေးအရကိုပဲ သိနိုင်၊ မြင်နိုင်တာတွေ ရှိတယ်။ ဒေါက်တာတင်ထူးနိုင်ပြောသွားတာရှိတယ်။ စီးပွားရေးအခြေခံခိုင်ဖို့၊ တိုးတက်ဖို့ဆိုရင် တိုင်းပြည်မှာ Institution တွေ အားကောင်းဖို့ လိုတဲ့အကြောင်းကို ဒီမိုကရေစီလို့ပြောတဲ့အခါ ကျနော်ပထမဆုံးပြေးမြင်လိုက်တာက – ၁။ လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်။ ဒီ Institution ကြီးတွေ တစ်ခုနဲ့တစ်ခု လွတ်လွတ် လပ်လပ် တည်ရှိရဲ့လား။ အပြန်အလှန်ထိန်းညှိကြရဲ့လား ဆိုတာဖြစ်တယ်။ ကနေ့ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးလက်တွေ့က အစိုးရကချည်းပဲ အာဏာရပါတီကချည်းပဲ အကုန်လုံးကို ထိန်းချုပ်ထားတဲ့ သဏ္ဍာန်ဖြစ်နေတယ်။ ၂။ တစ်ချက်က စတုတ္ထမဏ္ဏိုင်လို့ တင်စားရတဲ့ စာနယ်ဇင်းတွေ Media တွေရဲ့ အခန်းကဏ္ဍကိုကြည့်ရင်လည်း Self-Cencer လုပ်နေရသလိုပဲ။ Media သမားတွေ ဖမ်းဆီးခံထားရတာ အားလုံးအသိပဲဖြစ်တယ်။ ဒီကြားထဲ ၆၆(ဃ)လို ပုဒ်မ မျိုးက Social Media တွေကိုတောင် ခြိမ်းခြောက်နေတယ်။ အားလုံးကကြောက်နေရတယ်။ ဒါလည်းအားလုံးအသိပဲ။ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး မေး – လူထုအစိုးရ၏၂၀၁၇ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊စီးပွားရေး၊လူမူရေး၊နိုင်ငံတကာ ဆက်ဆံရေး၊ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ၊ကိစ္စရပ်များအပေါ် သလောထားအမြင်၊သုံးသပ်ချက် များကို ဖြေကြားပေးစေလိုပါတယ်။ ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး၊ တိုးတက်မလာဘူး၊တန့်နေတယ်။တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလား လို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီဘောင်ကကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုဘဲ။မနေ့တစ်နေ့က မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ကိစ္စဆိုရင် မီဒီယာသမားတွေထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင်၊နိုင်ငံရေးအကျဉ်းသားတွေ ( ကျ ၄၆ – AAPP စာရင်းအရ ) ရှိနေသေးတဲ့ကိစ္စဆိုရင်၊အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခြင်း ခံနေရတဲ့ ကိစ္စတွေ(အမှုရင်ဆိုင်ဆဲ ၁၉၀ – AAPP စာရင်းအရ ) ဆိုရင်၊ အစိုးရက ဖိနှိပ်ရေးဥပဒေတွေ၊ဖိနှိပ်ရေးယန္တယားတွေကိုဆက်ပြီး သုံးစွဲနေတယ်ဆိုတာ ထင်ရှားတယ်။ ဒါတွေဟာ ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်လားရာကို ဦးတည်နေတာဖြစ်တယ်။နောက်၂၀၁၇-၂၀၁၆ (၂)နှစ်တာလုံးကိုပြန်ကြည့်ပါ၊ကတိပေးခဲ့တဲ့ အဓိကကျတဲ့ အပြောင်းအလဲကြီးတွေဘာတွေလုပ်နိုင်ခဲ့သလဲ။ လုပ်နိုင်ဖို့ရော အားထုတ်ခဲ့သလား၊ဥမာ- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဆိုရင် ကြိုးစားအားထုတ်မူ မတွေ့ရတဲံအပြင်၊ခုံအောက်ကိုထိုးထားတာတွေ့ရတယ်။ လွှတ်တော်ထဲမှာ အာဏာရပါတီမှာ ပြောသံဆိုသံတွေ တိတ်သွားတယ်။ နောက်ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုရင်လည်း၊မြောက်ပိုင်းမှာ ထိုးစစ်တွေ၊တိုက်ပွဲတွေပြင်းထန်နေတာ တကမ္ဘာလုံးအသိဘဲ။လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေနဲ့ နားလည်မူ ရ မရ၊ပြေလည်၊မပြေလည် တော့မသိဘူး။အစိုးရနဲ့တပ်မတ်ေကြားမှာတောင် တူညီတဲ့သဘောထား ရှိပုံမရဘူး။ ပြောချင်တဲ့ ကိစ္စကကလည်းရှေ့မရောက်ဘူး၊တဝဲလည်လည်ဖြစ်နေတယ်။ စီးပွားရေးကဏ္ဍကိုကြည့်ရအောင် အစိုးရရော၊နိုင်ငံတကာအဖွဲ့အစည်းတွေရော ရဲ့အစီရင်ခံစာကိုကြည်၊ ကိန်းဂဏ္ဏန်းတွေအရ၊မဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေမယ့် ဒီကိန်းဂဏန်းတွေက မြန်မာပြည်သူ အများစုကြီးကို သက်ရောက်မူမရှိသေးတဲ့အပြင်၊ငွေကြေးဖောင်းပွမူဒဏ်၊ကုန်ဈေးနှုန်းကြီးမြင့်မူဒဏ်၊အလုပ်အကိုင်ရှားပါးမူဒဏ်တွေကိုပါ အလူးအလဲခံနေရဆဲဖြစ်တယ်။ မြန်မာ့စီးပွားရေးကို ၆ ဒဿမ ၇ ရာခိုင်နုန်း တိုးတက်မယ်လို့ခန့်မှန်းထားတယ်။လက်တွေ့မှာ IMFရဲ့ အစီရင်ခံစာအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ၅ဒဿမ ၉ ရာခိုင်နုန်း တိုးတက်ခဲ့တယ်ဆိုတယ်။၂၀၁၇ အရှေ့တောင်အာရှတစ်ခွင်လုံးအတွက် ဖွံ့ဖြိုးမူခန့်မှန်းချက် ထက် အများကြီးသာနေတယ်။ ဒီကိန်းဂဏန်းတွေက ရေရှည်အတွက်တော့ ကျနော်မပြောတတ်ဘူး၊လက်တွေ့လူတွေအများစုကြီးက သိလည်းမသိ၊ပိုပြီးပိုပြီး ကျပ်တည်းလာတာကိုတွေ့ရတယ်။ အခြေခံစားကုန် ဆီ၊ဆန်၊ဆားဈေးတွေက ကြောက်ခမန်းလိလိပဲ။ဒီအခြေအနေဟာ လူမူရေးမတည်ငြိမ်မူတွေကို ဦးတည်နေတယ်။မတည်မငြိမ်ဖြစ်မယ့် လက္ခဏာတွေလဲ တွေ့နေရတယ်။ ကိန်းဂဏန်းတွေရဲ့သက်ရောက်မူကတိုးတက်မူတွေက လူတစ်စုဆီကိုသွားပြီး၊ငွေကြေးဖောင်းပွမူလို ကိစ္စကျတော့ အတန်းအစားမခွဲတော့ဘူး။ADB & JU ခန့်မှန်းချက်အရ- ၂၀၁၆ခုနှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နုန်း ၊၂၀၁၇မှာ ၇ ဒဿမ ၁ ရာခိုင်နုန်း နဲ့ ၂၀၁၈မှာ ၇ ဒဿမ ၅ ရာခိုင်နုန်း ဖောင်းပွမူနှုန်း တက်လိမ့်မယ်လို့ ခန့်မှန်းတယ်။အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ ငွေကြေးဖောင်းပွမူနှုန်း ၃ ဒဿမ ၁ (၂၀၁၇၂၀၁၈) ထက်အများကြီး မြင့်လာတာကို တွေ့ရတယ်။ဒီဒဏ်ကျတော့ ကျနော်တို့လူထု အကြီးအကျယ်ခံရတယ်။ ဥပမာ- အလုပ်သမားတစ်ယောက်ရဲ့ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကိုကြည့်ပါ။တစ်ရက် ၃၆၀၀ကျပ် တုန်းက ဒေါ်လာတန်ဘိုးအရတွက်ရင်၊ 3USD နီးနီး၊သတ်မှတ်တဲ့အချိန်တုန်းက။ အခု၄၈၀၀ကျပ်ဆိုတော့လည်း 3USD နီးနီးဘဲ တန်ဘိုးအရ တက်မလာဘူး။ နောက်တိုင်းရင်းသားလုပ်ငန်းရှင်ပိုင် အသေးစားလုပ်ငန်း၊အလတ်စားလုပ်ငန်း၊စီးပွားရေးတွေတန့်နေတယ်လို့ ပြောကြတယ်။ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေ မရှင်းမလင်းဖြစ်လို့၊ပြုပြင်ပြောင်းလဲမူနှုန်း နှေးကွေးလို့ လို့သုံးသပ်ကြတယ်။ အသေးစားလုပ်ငန်း၊အလတ်စားလုပ်ငန်းတွေ အသက်ရှုမချောင်ဖြစ်ရတာက၊ကျနော်တို့ရဲ့ မျက်မြင်ပဲလေ။ လူထုဆီသက်ရောက်မူမရှိတဲ့ အစီရင်ခံစာတွေက မြန်မာ့စီးပွားရေးတိုးတက်မူ ကိန်းဂဏန်းတွေသည်ပင်လျှင် ၂၀၁၇ အကုန်မှာ ဖြစ်ပေါ်ခဲ့တဲ့၊မြန်မာပြည်ရဲ့ နိုင်ငံတကာပုံရိပ်အရ ၊အများကြီးထိခိုက်နိုင်တယ်ဆိုတယ်။ အားလုံးကစိုးရိမ်နေကြတယ်။ ဒီပုံရိပ်ကို အစိုးရအနေနဲ့ ပြန်မြှင့်နိုင်ရင်မြှင့်၊မမြှင့်နိုင်ရင် တိုင်းပြည်ဖွံ့ဖြိုးရေးကို ထိမယ်။တိုးတက်ဖို့ လက္ခဏာအချို့ရှိတဲ့၊တိုင်းပြည်ရဲ့စီးပွားရေးကိုထိမယ်။ ပထမမေးခွန်းရဲ့အဖြေတွေကို ချုပ်ပြီး ပြောပါ့မယ်။ ကျနော့်မိတ်ဆွေပညာရှုင်တစ်ယောက်သုံးသပ်တာကို၊ကျနော်သဘောကျတယ်။၂၀၁၇တင်မဟုတ်ဘူး၊၂၀၁၆ထည့်တွက်ရင်၊ဒီ(၂)နှစ်အတွင်း ကျနော်တို့ဘာမှမရဘူး၊ ပျောက်ဆုံးသွားတဲ့ ၂၀၁၆ဖြစ်တယ်။၂၀၁၇ဖြစ်တယ်။ အဲဒီလိုဆို ကျနော်တို့ရမယ့် ၅နှစ်ကလည်း ပျောက်ဆုံးရမယ့် ...

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ရန်ကုန်တိုင်းကျောက်တံတားမြို့နယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာနှင့်DVB Editorial Talk  အစိုးရ ကတိက၀တ် ဖော်ဆောင်နိုင်မှုအပေါ် သုံးသပ်ချက် DVB : Editorial Talk https://youtu.be/QwdbArO-YvQ

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် Hot News Journal အင်တာဗျူး ၂၀၁၇၊ နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် Hot News Journal (Vol.8 , No.371) တွင် ဖော်ပြပါရှိသည့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး (ယခင်အပတ်မှ အဆက်)  အခွန်တွေကောက်ခံမူကို နိုင်ငံတကာမှာ ပွင့်လင်းမြင်သာစွာချပြပေမယ့် ခေတ်အဆက်ဆက်အစိုးရတွေက ပွင့်လင်းမြင်သာစွာ ချပြခဲ့တယ်လို့ မြင်ပါသလား။ သုံးသပ်ပြောကြားပေးပါ။ အမှန်တကယ်တော့ တစ်နှစ်တစ်ခါ ထုတ်ပြန်ပေးရတယ်။ ဝင်ငွေခွန်၊ သုံးစွဲခွန်တွေကို ထုတ်ပြန်ရတယ်။ အဲဒါတွေကို စစ်အစိုးရလက်ထက်မှာ နှစ်တော်တော်ကြာ အဲဒါတွေကို မလုပ်တဲ့အနေအထား ဖြစ်နေတယ်။ အဲဒါ ဆိုရင်တော့ မကောင်းဘူး။ အမှန်တကယ်က နှစ်စဉ်နှစ်တိုင်း လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်။  ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို အားရကျေနှပ်မူရှိပါသလားခင်ဗျာ။ ကျွန်တော်ထင်တာက လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက ဥပမာ ကျွန်တော်တို့ရန်ကင်းကိုယ်စား လှယ်ဖြစ်တယ်။ ခင်ဗျားက ခရမ်းကိုယ်စားလှယ်ဖြစ်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ လိုအပ်ချက်တွေမှာ ဘာလိုတယ်ဆိုပြီး၊ ဒီလိုအပ်ချက်တွေအပေါ်မှာ အလုပ်ရှုပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ အဓိကက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ကြည့်ရမှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့အတွက်ပေါ် အဓိက အာရုံစိုက်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ပုဒ်မ ၁၈ တို့ ၁၉ တို့ ပြင်တယ်လို့ ပြောတယ်။ တကယ်ပြင်တာ ဟုတ်၊မဟုတ်တော့ မသိဘူး။ ပြင်တော့ပြင်တယ်။ ဧည့်စာရင်းလိုဟာမျိုးတွေတော့ မရှိတော့ဘူး။ ဒါပေမယ့် ၆၆(ဃ)လိုဟာမျိုးတွေ ရှိသေးတယ်။ ပုဒ်မ ၁၈ တို့ ၁၉ တို့ဆိုတာက လက်တွေ့မှာ ခက်ခဲနေသေးတယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်။ ဒီခေတ်၊ဒီအခြေအနေမှာ ဒီမိုကရေစီကို သွားဖို့ဆိုရင် ဒီစနစ်ကို အထောက်အကူပြုမယ့် အင်စတီကျူးရှင်းတွေ ခိုင်မာဖို့လိုတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ကျန်းမာဖို့လိုတယ်။ အားကောင်းဖို့ လိုတယ်။ ဒီလိုအားကောင်းဖို့အတွက် ဥပဒေတွေကို ပြုပြင်ပြီးပြီလား။ CSO တွေ အားကောင်းဖို့လိုတယ်။ သေသေချာချာ ဆောင်ရွက်ပြီးပြီလား။ နောက်တစ်ခုက မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ မီဒီယာတွေ လွတ်လပ်ဖို့လိုတယ်။ မီဒီယာသမားတွေ အချုပ်အချယ်ကင်းဖို့ လိုတယ်။ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ အကာအကွယ်ပေးမူတွေ၊ လုံလောက်တဲ့ ပြင်ဆင်မူတွေ ရှိနေပြီလား။ စီးပွားရေးဆိုရင်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမူတွေလာအောင်လို့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင်လို့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဒါတွေကို အကုန်လုံးလုပ်ပြီးပြီလား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အဲဒါကို အာရုံစိုက်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။  အစ်ကိုအားနည်းတယ်ဆိုတာ ပြောသွားတော့ ဘယ်လိုအားနည်းတာလဲခင်ဗျာ။ အခုနကပြောသွားသလို အားနည်းနေတဲ့အတွက် အခုအချိန်ထိ ကျွန်တော်တို့ခြိမ်းခြောက်ခံနေရတာပေါ့။ ဟုတ်တယ်မလား။  ၂၀၂၀ ရွေးကောက်ပွဲကျရင် အစ်ကိုတို့ ဘယ်လိုယှဉ်ပြိုင်ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ထားပါသလဲခင်ဗျာ။ ကျွန်တော်တို့ပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ တတ်နိုင်သလောက် ပါဝင်နိုင်အောင် ကြိုးစားမယ်။ ဒါပေမယ့် ကျွန်တော်တို့က အများကြီးပါဝင်မှာ မဟုတ်ဘူး။ တစ်စုံတစ်ရာ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပြည်သူလူထုအသံကို ကိုယ်စားပြုပြီးတော့၊ ပြောနိုင်ဆိုနိုင်ပြီးတော့၊ ကျွန်တော်တို့ယုံကြည်ရာ၊ ယုံကြည်မူတွေကို ကိုယ်စားပြုပြီးတော့၊ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေကို ကိုယ်စားပြုပြီးတော့ ဝင်ပြိုင်မှာဖြစ်ပါတယ်။  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတာက ကျောင်းသားတွေကို အခြေခံပြီး ဖြစ်ပေါ်လာသလို အခုဆိုရင် ၈၈မျိုးဆက်တွေက ပါတီတစ်ရပ်ပေါ်ထွန်းဖို့အတွက် ကြိုးပမ်းနေပါတယ်။ အဲဒီအပေါ်ကို ဘယ်လိုမြင်ပါသလဲ။ နှိုင်းယှဉ်မူအရ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးပါတီတွေများတယ်လို့ ပြောလို့ရတယ်။ သို့သော်လည်းပဲ နိုင်ငံရေးပါတီတွေက အခြေအနေတွေကြောင့်ဖြစ်တာ။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေလူမျိုးတွေ အများကြီးပဲ။ လူမျိုးတိုင်း၊လူမျိုးတိုင်း သူ့လူမျိုးကိုကိုယ်စားပြုမယ့် နိုင်ငံရေးပါတီတော့ ...


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ