ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနား April 21, 2017

ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရေးဆွေးနွေးပွဲ April 20, 2017

DPNSဘားအံမြို့နယ်စည်းရုံးရေးကော်မတီ အစည်းအဝေးကျင်းပ April 19, 2017

NNERတတိယအကြိမ်ညီလာခံ ကျင်းပရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ April 19, 2017

SNLDကိုယ်စားလှယ်များ ရွေးကောက်ပွဲအနိုင်ရခြင်းဂုဏ်ပြုပွဲ April 10, 2017

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ April 10, 2017

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(၃၉)ကြိမ်မြောက်ကွန်ဂရက်သို့တက်ရောက် April 9, 2017

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီစာစဉ် အတွဲ(၁)၊အမှတ်(၅) April 7, 2017

NNERပညာရေးမူဝါဒဆွေးနွေးပွဲနှင့်တနင်္လာရီတိုင်းကွန်ရက်ဖွဲ့စည်းခြင်း April 2, 2017

တနင်္လာရီတိုင်းဒေသကြီး ပညာရေးမူဝါဒ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့) April 1, 2017


အမြင်သဘောထား

First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ ” (၁၇) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြု သဝဏ်လွှာ (၁၀၊ ၄၊ ၂၀၁၇) “

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့်အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက် ” (၂၄၊ ၃၊ ၂၀၁၇) လက်ပံတောင်းဒေသ – မိုးကြိုးပြင်ကျေးရွာ၌ ဒေသခံလူထုကို သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါ အဝင် အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက်တရပ် ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ” (၂၇၊ ၃၊ ၂၀၁၇ – ဖက်ဆစ်တော်လှန်ရေးနေ့)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ ၂၀၁၇၊ မတ်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

” ကျွန်းပြန်ရဲဘော်ကြီး ဦးချို ၏ ဈာပနအခမ်း အနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၏ သဝဏ်လွှာ “ ” ကျွန်းပြန်ရဲဘော်ကြီး ဦးချို (သထုံဆောင် – သဟာယ နှင့် စာဖတ်အသင်း ဥက္ကဋ္ဌ ၁၉၆၂) ၏ ဈာပနအခမ်း အနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၏ သဝဏ်လွှာ “


ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁၊ ၈၊၂၀၁၆ နေ့တွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကိစ္စရပ်များအလိုက် ကျွမ်းကျင်သည့် ဗဟိုစည်းရုံးရေး ကော်မတီဝင်အချို့ကိုပါ ဖိတ်ကြား၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ)နှင့် ပတ်သက်သည့် သဘောထား၊ ရွေးကောက်ပွဲအနိုင်မရပါတီ ၇၀ အပေါ်ထားသည့် NRPC ၏ စဉ်းစားဆောင်ရွက်နေမှုအပေါ် သဘောထား၊ ၂၀၁၆ ခုနှစ် ပါတီလုပ်ငန်းစဉ်များအတွက် အချိန်ဇယားနှင့် တာဝန်ယူ ဖေါ်ဆောင်ကြမည့် ရဲဘော်များကို သတ်မှတ်တာဝန်ပေးခြင်း၊ စည်းရုံးရေးကော်မတီများ ကျစ်လျစ်ခိုင်မာရေး၊ အမျိုးသမီးများ အလုပ်အဖွဲ့ ဖော်ဆောင်ရေး၊ ပါတီစည်းရုံးရေးစာစဉ် ထုတ်ဝေဖြန့်ချိမှု ...

မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာအင်စတီကျု၏ မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲကို ၂၀၁၆၊ သြဂုတ်လ ၁၇ ရက်နေ့နံနက် ၉းဝဝနာရီမှ ညနေ ၄း၃ဝ နာရီထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ Wilson Hotel တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ မန္တလေးမြို့ စည်ပင် သာယာရေးကော်မတီ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများအကြား ချိတ်ဆက်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုသန့်စင်(ဗဟိုစည်းရုံးရေးကော်မတီ)၊ ကိုအောင်ရှမ်း(မြို့နယ်စည်းရုံးရေးကော်မတီ)၊ မညို(လူ့ဘောင်သစ်လူငယ်)တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆၊ ဩဂုတ်လ ၁၄ ရက်နေ့က မကွေးမြို့၊ ကပ်ကျော်ပညာပါရမီကျောင်း၌ ပြုလုပ်ခဲ့ရာ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် NNER၏ ပညာရေးမူဝါဒများကို ပြည်သူလူထုကြား၌ ပိုမိုသိရှိနားလည် လက်ခံလာနိုင်စေရန် တိုက်တွန်းနှိုဆော်သည့် သင်တန်းများပြုလုပ်ရာတွင် ကိုင်စွဲရမည့် သင်ရိုးညွှန်းတမ်းအခြေခံမူများကို ဆွေးနွေးခဲ့ကြပါသည်။ NNER လုပ်ငန်းအဖွဲ့နှင့် ပြည်နယ်-တိုင်း ကွန်ရက်များ၏ လက်ရှိအခြေအနေများ၊ အခက်အခဲများ၊ ဆောင်ရွက်ထားရှိချက်များကိုလည်း အသီးသီး တင်ပြခဲ့ကြပြီး အောက်တိုဘာ ၆ လပတ်အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ရန်ထားလိုအပ်သည့် အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

NNER လုပ်ငန်းအဖွဲ့ဝင်များနှင့် ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ အစည်းအဝေးကျင်းပ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆၊ ဩဂုတ်လ ၁၃ ရက်နေ့ညနေပိုင်းတွင် မကွေးမြို့ ကပ်ကျော်ပညာပါရမီကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ၊ ဒေသခံကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လာမည့် အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် မကွေးမြို့၌ ကျင်းပပြုလုပ်မည့် NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်များ၏ ၆ လပတ်အစည်းအဝေးနှင့် ဟောပြောဆွေးနွေးပွဲအတွက် အသေးစိတ် အချက်အလက်များကို ညှိနှိုင်းတိုင်ပင်ခဲ့ကြပါသည်။


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ