ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on March 9th, 2016
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့၏ တွေ့ဆုံသည့်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရုံး၌ ၉၊၃၊၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပါတီမှ ဒေါ်နှင်းနှင်းမွှေးတက်ရောက်ခဲ့ပါသည်။ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ကို စတင်တည်ထောင်စဉ်မှပင် ယနေ့ထိတိုင် အဖွဲ့ဝင်အဖွဲ့အစည်းတရပ်အနေနှင့် အမျိုးသားပညာရေးမူဝါဒနှင့် အမျိုးသားပညာရေးဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် အားစိုက် ဆောင်ရွက်ခဲ့ပါသည်။
ယခုတွေ့ဆုံပွဲတွင် ဖယ်ဒရယ်စနစ်နှင့် ကိုက်ညီသော ပညာရေးစနစ်ဖြစ်ပေါ်လာရေး၊ ကျောင်းများ၏စီမံခန့်ခွဲပိုင်ခွင့်နှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေး စသည့်ကိစ္စရပ်များကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါသည်။
သတင်းဓါတ်ပုံ
By DPNS INFORMATION, on March 5th, 2016
၂၀၁၆၊ မတ်လ ၅ ရက်နှင့် ၆ရက် နေ့များတွင် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အားကောင်းလာရေး နှစ်ရက်တာ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို Danish Institute for Parties and Democracy(DIPD) နှင့် ဖန်တီးအိမ်(Women Political Action- 2015)တို့ကပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တို့ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများအားကောင်းလာစေရေးအတွက် ပါတီတွင်း တန်းတူ ရေး ဖော်ဆောင်နိုင်သည့်အခြေအနေများနှင့် နိုင်ငံရေးပတ်ဝန်းကျင်ရှိ အမျိုးသမီးများပါဝင်မှု
By DPNS INFORMATION, on March 1st, 2016
တောင်သူလယ်သမားရေးရာကိစ္စများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို ၁၊၃၊၁၆ ရက်နေ့က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် တောင်သူလယ်သမားအရေး ဆောင် ရွက်နေကြသော ပါတီရဲဘော်များ၊ ပါတီဗဟိုဦးဆောင်ကော်မတီဝင်ရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ညှိနှိုင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ တောင်သူလယ်သမားပြဿနာ များနှင့် ပတ်သက်၍ ပါတီ၏ စဉ်းစားထားချက်များကို ရှင်လင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ရဲဘော်များက ဒေသအလိုက် တောင်သူလယ်မားများ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာ များ၊ အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နေမှုဆိုင်ရာ အခြေအနေများကို တင်ပြခဲ့ကြပါသည်။
ထို့နောက် ၂၀၁၆ အတွင်း ပါတီမှဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်
By DPNS INFORMATION, on February 27th, 2016 ဗိုလ်အောင်ကျော် နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ ၁။ ၁၃၀၀ ပြည့် အရေးတော်ပုံသူရဲကောင်း၊ ကျောင်းသားအာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူ၊ ဝမ်းမြောက်စွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ၂။ ဤ သူရဲကောင်းအာဇာနည်သည် မိမိတို့သမိုင်း၏ နယ်ချဲ့ ဖက်ဆစ် ဆန့်ကျင်ရေး၊ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ် မြောက်ရေး၊ ကိုလိုနီ ကျွန်ပညာကို ဖျက်သိမ်းလျက် လွတ်လပ်သော အမျိုးသားပညာရေးစံနစ် ထူထောင်ရေး၊ ဗိုလ်ကျစိုးမိုးသည့် အာဏာကို အာခံတော်လှန်ရေး စသည်တို့အတွက် ဂုဏ်ပြောင်သော အထိမ်းအမှတ်၊ မော်ကွန်း တစ်ရပ်ပင် ဖြစ်သည်။ ၃။ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ်မြောက်ရေးတိုက်ပွဲ၏ အခန်းဆက်အဖြစ် မြန်မာပြည်သူများ ဆင်နွှဲလျက်ရှိကြသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်သော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အရေးတော်ပုံ သည် ယနေ့တိုင် ဆုံးခန်းမတိုင်၊ မအောင်မြင်နိုင်သေးဘဲ အကြပ်အတည်းပေါင်းစုံကို အံတု၊ ရုန်းကန်နေကြရဆဲ ဖြစ်ပေသည်။ ၄။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုကြီးနှင့် အခိုင်အမာ လက်တွဲလျက် ဤ အရေးတော်ပုံကြီး ဆုံးခန်းတိုင်၊ အောင်မြင်သည်အထိ ကျရာအခန်းကဏ္ဍမှ တတပ်တအား ပါဝင် တာဝန်ထမ်းရွက်မည် ဟု အာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် နေ့မြတ် အခါသမယတွင် ကတိဓိဋ္ဌာန် ပြုအပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ ရက်။
By DPNS INFORMATION, on February 24th, 2016 http://www.dpnsburmese.org/wp-content/uploads/2016/02/Party-Intro-in-VOA.mp4
By DPNS INFORMATION, on February 24th, 2016 http://www.dpnsburmese.org/wp-content/uploads/2016/02/DPNS-Speech-for-Election.mp4
By DPNS INFORMATION, on February 13th, 2016 ပြည်သူ့တိုးတက်ရေးပါတီ ပြည်မြို့နယ် အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်း သည် (၁၁၊ ၂၊ ၂၀၁၆) နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် မိသားစုဝင်များနည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီကဝမ်းနည်းသဝဏ်လွှာပေးပို့အပ်ပါသည်။ မိမိတို့ ပါတီအပေါ်၌လည်းကောင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ဗမာပြည်သူလူထုကြီးအပေါ်၌လည်းကောင်း တည်ငြိမ် ရဲရင့်စွာ စွဲမြဲ ခိုင်ကြည်ခဲ့သည့် မိတ်ကောင်းဆွေမွန် ပီသသော သစ္စာစောင့်သိမှုများနှင့် တာဝန်သိသိ ဆောင်ရွက်ခဲ့မှုများအတွက် မိမိတို့ ပါတီက အစဉ် ဂုဏ်ယူ၊ မှတ်တမ်း တင်ထားမည် ဖြစ်ပါကြောင်းလည်း ဂုဏ်ပြု၊ ဖော်ပြအပ်ပါသည်.။
By DPNS INFORMATION, on January 23rd, 2016 ရက်စွဲ၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရိလ (၂၃)ရက်။ မိမိတို့ပါတီသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် အကြိမ်ကြိမ်ဆွေးနွေးပြီး တည် ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ခဲ့ရာ ၂၄၊ ၁၀၊၂၀၁၄ ရက်နေ့တွင် မှတ်ပုံတင် အမှတ် (၇၇) ဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။ ၁၀၊ ၁၁၊၂၀၁၄ ရက်နေ့တွင် ဋ္ဌာနချုပ်ရုံးခန်းဖွင်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲကို ကျင်းပကာ မိမိတို့၏ ဋ္ဌာနချုပ်ရုံးတွင် မိမိတို့၏ပါတီဆိုင်းဘုတ်ကို မိမိတို့ ဆန္ဒသဘောထားနှင့်အညီ တင်ခဲ့ကြပါသည်။ မိမိတို့ပါတီ၏ တိုင်းဒေသကြီးရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် ရပ်ကျေးရုံးများကိုလည်း ဒေသဆိုင်ရာကော်မရှင်ရုံးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လုပ်ထုံး လုပ်နည်းများနှင့်အညီ အကြောင်းကြားလျက် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့ကြပါသည်။ ၂၊ ၇၊၂၀၁၅ ရက်နေ့တွင် နိုင်ငံရေးပါတီတခု၏ တိုင်တန်းချက်အရ ဟုဆိုကာ မိမိတို့ပါတီ၏ဆိုင်းဘုတ်တွင်ပါသည့် ကြယ်နေရာကို ပြောင်းလဲပေးရမည်ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်ပြီးအသုံးပြုနေပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၈ (ခ) နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိမိတို့ပါတီကို ညွှန်ကြားသည့်စာ လက်ခံရရှိခဲ့ပါသည်။ ယခုဆိုင်းဘုတ်အတိုင်း ဆက်လက်အသုံးပြုသွားလိုကြောင်းနှင့် ကော်မရှင်အနေဖြင့် အကြောင်းကြားစာအပေါ် ပြန်လည်စဉ်းစားပေးစေလိုကြောင်း အကျိုးအကြောင်းခိုင်လုံစွာဖြင့် ပြန်ကြားစာတစောင်ကို ရေးသားကာ ၂၉၊ ၇၊၂၀၁၅ ရက် နေ့ နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် ပေးပို့ခဲ့ပါသည်။ သို့သော် မိမိတို့၏ တင်ပြချက်အား ပယ်ချ လျက် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်သာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာထပ်မံ ပေးပို့ခဲ့ပါသည်။ ၅၊ ၁၊၂၀၁၆ ရက်နေ့တွင် ကန့်ကွက်သည့်ပါတီနှင့် မိမိတို့ပါတီတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် အပြန်အလှန်တင်ပြခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ကြရမည့် အစား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိမိတို့ပါတီ၏ ဆိုင်းဘုတ်ကို ပြင်ဆင်ပေးရန်နှင့် ပြင်မပေးပါက ပါတီကို မတရားသင်းကြေညာသည်အထိ အရေးယူမည်ဟု တဖက်သတ် ပြောဆိုခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၎င်းပြောဆိုချက်သည် အပြန်အလှန်လေးစားမှု မရှိသည့်၊ အပြန်အလှန် အသိအမှတ်ပြုမှုမရှိသည့် လုပ်ရပ်ဖြစ်သည့်အပြင် တရားနည်းလမ်းမကျသည့် ဖြေရှင်းပုံ ဖြစ်သည်ဟု မိမိတို့ပါတီက သုံးသပ် ပါသည်။ ထိုသို့သုံးသပ်ယူဆမိသော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း မိမိတို့ပါတီ တရားဝင်ပါတီတရပ်အဖြစ် ဆက် လက်ရပ်တည်သွားနိုင်ရေးကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး ဆိုင်းဘုတ်မှကြယ်နေရာကို ပြင်ဆင်ပြောင်းလဲပေးရန် ပါတီ၏ သဘောဆန္ဒ လုံးဝမပါဘဲ စိတ်မသက်သာစွာဖြင့် ဆုံးဖြတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
By DPNS INFORMATION, on January 20th, 2016 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဝက်ဆိုဒ်စာမျက်နှာမှ ကြိုဆိုပါရစေ ။
ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS ) က
* လွတ်လပ်မှု ကိုမြတ်နိုးတယ်၊ * တန်းတူမှုကို အလေးထားတယ်၊ * ပြည်သူတွေရဲ့သွေးစည်းညီညွတ်မှုနဲ့သာ
ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းအသစ်တွေကို စဉ်ဆက်မပြတ် တည်ထောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒီနိုင်ငံရေး ယုံကြည်မှုနဲ့ တန်ဘိုးတွေကိုကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အခုလဲ ကြိုးစားရုန်းကန်နေဆဲပါ၊ ရှေ့ဆက်ပြီးလည်း ဘယ်လို အခက်အခဲနဲ့ ဘယ်လို စိန်ခေါ်မှုတွေပဲတွေ့တွေ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်တယ်။ ကျွန်တော်တို့ ဝက်ဆိုဒ်စာမျက်နှာက ကျွန်တော်တို့ရဲ့ ဒီရုန်းကန်လှုပ်ရှားမူတွေ အတတ်နိုင်ဆုံးပေါ်လွင်အောင် ဖော်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။
ဝင်ရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
ဝေဖန်အကြံပြုမှုတွေကိုလည်း လေးစားစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့ လက်တွဲပြီး ငြိမ်းချမ်းတဲ့
By DPNS INFORMATION, on December 11th, 2015 ယနေ့ကာလ မိမိတို့တိုင်းပြည်သည် အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ဟူသော အရေးကြီးလှသည့် နိုင်ငံရေးဖြစ်စဉ်ကို ရင်ဆိုင်၊ ဖြတ်သန်းနေကြရပေသည်။ ဤ အရေးကြီးလှသည့် ဖြစ်စဉ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီအား ချောချောမွေ့မွေ့ အာဏာ လွှဲအပ်ရေး၊ တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပွဲကြီး စစ်စစ်မှန်မှန်ကျင်းပနိုင်ရေး၊ လူထုအကျိုးနှင့် လည်းကောင်း ဒီမိုကရေစီစံနှုန်းနှင့်လည်းကောင်း သွေဖီခြားနားနေသော ၂၀၀၈ အခြေခံဥပဒေအစား ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အာမခံနိုင်သည့် အခြေခံဥပဒေသစ်တစ်ရပ်ကို လူထုဆန္ဒနှင့်အညီ ပြောင်းလဲ အစားထိုးနိုင်ရေး၊ ပြည်တွင်းစစ်မီးကို သက်ဆိုးရှည်စေမည့် လူမျိုးစုများအပေါ် တိုက်ခိုက်နေသည့်ထိုးစစ်များ ခြွင်းချက်မရှိရပ်ဆိုင်းပစ်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူမျိုးစုံပြည်သူလူထုကြီးအပေါ် နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဖိနှိပ်ချုပ်ချယ်နေသည့် ဥပဒေ များ၊ အပြုအမူများအားလုံး ခြွင်းချက်မရှိ ရပ်ဆိုင်းဖျက်သိမ်းရေး စသည့် နိုင်ငံရေးတာဝန်များကို မဖြစ်မနေ အကောင်အထည် ဖော်ကြရလိမ့်မည် ဖြစ်ပေသည်။
|