ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on September 15th, 2016
၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူ ပုဂ်္ဂိုလ် တွေနဲ့ ပြင် ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေ နဲ့ ပြင်ရဆင်ရ တာ ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါ အရွေး အချယ်မခံရတဲ့ နိုင်ငံရေးပါတီတွေအပေါ်ထားတဲ့ သဘောထား၊ ဖိတ်ကြား ချက်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက် ပေါ်နေပါတယ်။ အဲဒီကိစ်္စနဲ့ပတ် သက်ပြီး သဘောထားမှတ်ချက်ပးပါဦး။
By DPNS INFORMATION, on September 14th, 2016
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Strategic Planning Workshop on Party Building) ကို ၂၀၁၆၊ စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ဒေသအလိုက်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲပထမနေ့နှင့် ဒုတိယနှေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ Mr. Buenviwe Ferdinand က လူထုပါတီတရပ် တည်ဆောက်ရာတွင် အခြေခံသင့်သည့် အယူအဆ၊ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက အစုအဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။၂၀၁၃ခုနှစ်မှ ၂၀၁၆ အထိ ဆောင်ရွက်ရန်ချမှတ်ခဲ့ကြသော ပါတီတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ကြသည်။ ဆွေးနွေးပွဲတတိယနေ့တွင် ယခင်နေ့များမှ ဆွေးနွေးရရှိချက်များကို ပြန်လည်အနှစ်ချုပ်စုစည်းခဲ့ကြသည်။ ၎င်းအပြင် ၂၀၂၀တွင် ကျစ်လျစ်ခိုင်မာသော၊ လူထု၏ယုံကြည်အားထားမှုကို ရရှိသောပါတီတရပ်အဖြစ် အခိုင်အမာ ရပ်တည်လာနိုင်ရေးအတွက် ပါတီတည်ဆောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on September 10th, 2016
တိုင်းရင်းလူထုတိုးတက်ရေး မိတ်ဖက်အဖွဲ့(EPDP) က လူထုအတွက် အကြံပြုချက် စာတမ်းအား လွှတ်တော်၊ အစိုးရနှင့် တိုင်းပြည်သို့ အသိပေးတင်ပြသည့် အခမ်းအနားကို ၁၀၊ ၉၊ ၁၆ ရက်နေ့လည် ၁း၀၀ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းစာတမ်းတွင် အလုပ်သမားရေးရာ၊ တောင်သူလယ်သမားရေးရာ၊ အခြားအခြေခံလူထုအလွှာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟူ၍ လေ့လာတွေ့ရှိချက်များကို ကဏ္ဍအလိုက် ခွဲခြားဖော်ပြထားပါသည်။ EPDP မှ တာဝန်ရှိသူများက အဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များ၊ လ့တ်တော်ကိုယ်စားလှယ်များက ပြန်လည်အကြံပြု ဆွေးနွေးပြောကြားခဲ့ကြပါသည်။ အခမ်းးအနားသို့ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး ၂ ဒေါ်နှင်းနှင်းမွှေးနှင့် လူ့ဘောင်သစ်လူငယ် မရွှေရည်လင်းထင်တို့လည်း တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on September 10th, 2016
ရောင်ခြည်သစ်အဖွဲ့မှ စီစဉ်ကျင်းပသော အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြင့်တင်ရေး အဆင့်မြင့်သင်တန်းကို မန္တလေးမြို့ Perfect Hotel တွင် ၂၀၁၆၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၅ရက်တာ ကျင်းပခဲ့ပါသည်။ ၎င်းသင်တန်းသို့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်လည်း သင်တန်းတက်ရောက်ခဲ့ပါသည်။
By DPNS INFORMATION, on September 5th, 2016 စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၂)
By DPNS INFORMATION, on September 4th, 2016
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၄၊ ၉၊ ၁၆ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဆရာကြီးမွေးဖွားရာဇာတိ ရွှေတောင်မြို့၊ ဝါးလည်ရွာတွင် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန် စီစဉ်ထားရှိမှု အခြေအနေများ၊ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁ ပင်လုံ)အပေါ် အမြင်သဘောထားများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on August 31st, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ၂၀၁၆၊ သြဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်း၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ UNFC ဥက္ကဋ္ဌ၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး၊ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့က အမှာစကားပြောကြားခဲ့ကြပါသည်။ ညီလာခံဖွင့်ပွဲအခမ်းအနားကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအပါအ၀င် ၁၇၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းလည်း တက်ရောက်ခဲ့ပါသည်။
By DPNS INFORMATION, on August 30th, 2016
၂၀၁၆၊ ဩဂုတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည့် A Social Democratic Asia: Inclusive Policy Formulation Seminar ကို နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ ရှိ Park Village Hotel တွင် ယနေ့နံနက် ၉:၃၀ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ နီပေါကွန်ကရက်ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် နီပေါနိုင်ငံဒုဝန်ကြီးချုပ် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။ ထို seminar သို့ အိမ်ရှင် နီပေါကွန်ကရက်ပါတီ ၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်ပါတီ၊ ဖိလစ်ပိုင်နိုင်ငံမှ Akbayan ပါတီ၊ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ Social Democratic Asia Network မှ အတွင်းရေးမှူးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 27th, 2016 မိတ်ဆွေအင်အားစုများ ဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၆) ၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) သည် (၂၄၊ ၁၀၊ ၂၀၁၄) ရက်နေ့မှ စတင်၍ တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ ၂။ ၎င်းကာလမှ ယနေ့ (၂၇၊ ၈၊ ၂၀၁၆)အထိ မိတ်ဆွေအင်အားစုအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ (UNA +)၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အ ထည်ဖော်ရေးကော်မတီ၊ ပညာရေးစံနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည်တို့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ပြုခဲ့ပါသည်။ ၃။ မိမိတို့အနေဖြင့် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးကို အလေးထား လေးစားသည့် သဘောထား အခြေခံ ရှိသော်လည်း အဓိကကျသော နိုင်ငံရေးသဘောထားများနှင့် ပတ်သက်၍ အထက်ပါ အင်အား စုများတွင်သာ ပါဝင် ဆောင်ရွက်မှု ရှိခဲ့ပါသည်။ အခြားသော ပါတီ၊ အစုအဖွဲ့များတွင် ယနေ့အထိ ပါဝင်ဆောင်ရွက်ခဲ့မှု တစုံတရာ မရှိခဲ့ပါ။ ၄။ ယခုရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည့် စစ်မှန်သောဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(ဧရာဝတီ) အမည်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက် တရပ် ထွက်ရှိလာခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မိမိတို့ပါတီနှင့် မပတ်သက်ကြောင်း၊ အဆိုပါ အင်အားစုအတွင်း မိမိတို့ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်မှု မရှိကြောင်း မိတ်ဆွေနိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူအများ သိရှိ စေရန် ထုတ်ပြန် ကျေညာအပ်ပါသည်။ ၅။ ဒေသဆိုင်ရာ ပါတီစည်းရုံးရေးကော်မတီအသီးသီးအနေဖြင့် မိမိတို့ဒေသတွင်း ဆောင်ရွက်ဖွယ် ကိစ္စရပ်များကို သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြသော်လည်း နိုင်ငံလုံးဆိုင်ရာကိစ္စရပ်များ၊ ပါတီအတွက် အဓိကကျသည့် အခြားအင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ မူသဘောဆောင်သော ထုတ်ပြန်ကျေညာမှုများ အား ပါတီဗဟိုစည်းရုံးရေးကော်မတီ၏ တာဝန်ခံမှုဖြင့်သာ ဆောင်ရွက်ကြောင်းကို အသိပေး ထုတ်ပြန်အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဩဂုတ် (၂၇) ရက်။
By DPNS INFORMATION, on August 26th, 2016
မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်(DIPD)မှ စီစဉ်ကျင်းပသော ဖက်ဒရယ်မူဝါဒရေးရာ နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ၂၆၊ ၈၊ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သဘာဝသယံဇာတဘဏ္ဍာငွေ မျှဝေရေး မူကွဲများအကြောင်းကို ဆရာမော်ထွန်းအောင်(Natural Resource Governance Institute)က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော နိုင်ငံရေးပါတီခေါင်းဆောင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်ရုံးေးရးကော်မတီဝင် ဦးအောင်မျိုးဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
|