ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

April 2021
M T W T F S S
 1234
567891011
12131415161718
19202122232425
2627282930  

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် ရုံးနေရာ ပြောင်းရွှေ့ဖွင့်လှစ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရုံးကို မူလဖွင့်လှစ်ထားသောနေရာမှ မြင်းခြံမြို့၊ ၁၃ရပ်ကွက်၊ အိမ်အမှတ် ၁၉(ခ)သို့ ၂၈၊၁၀၊ ၁၆ ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

SNLD တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား

ရှမ်းတိုင်းရင်းသားများအဖွဲ့ချုပ်(SNLD)တည်ထောင်ခြင်း ၂၈ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၆၊ ၁၀၊ ၁၆ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ Panda ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုဦးဆောင်ကော်မီဝင် ဒေါ်နိုးနိုးထက်စံက ပါတီ၏သဝဏ်လွှာအား ဖတ်ကြားဂုဏ်ပြုခဲ့ပါသည်။

Gathering of women survivors သို့ ပါဝင်တက်ရောက်

AJAR(Asia Justic and Rights) အဖွဲ့၏ စီစဉ်မှုဖြင့် ရှင်သန်လွတ်မြောက်လာသူအမျိုးသမီးများ တွေ့ဆုံပွဲ (Gathering of women survivors) ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၃၊၁၀၊ ၁၆ မှ ၂၆၊ ၁၀၊ ၁၆ အထိ လေးရက်တာ ပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲသို့ WON၊ KWEG၊ KWO၊ TWO၊ KWAT၊ ၀ိမုတ္တိအဖွဲ့တို့၏ စုစည်းမှုဖြင့် နိုင်ငံရေးအကျဉ်းသူဟောင်းများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ မြေသိမ်းယာသိမ်းခံတောင်သူများ၊ ကချင်၊ ကရင်၊ တအာင်းစစ်ဘေးဒုက္ခသည်များ၊ စစ်ကြောင့်ထိခိုက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးများ စုစုပေါင်း ၆၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မိမိတို့၏ အတွေ့အကြုံများကို အချင်းချင်းဝေမျှခဲ့ကြပြီး ဆက်လက်ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

မြင်းခြံမှိုင်းငြိမ်းကွန်ရက် နာယက ဦးအောင်သူ အသက်(၈၀)ပြည့်မွေးနေ့

မြင်းခြံမှိုင်းငြိမ်းကွန်ရက် နာယက ဦးအောင်သူ အသက်(၈၀)ပြည့်မွေးနေ့ ၁၉၆၁-၆၂ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ မြင်းခြံသပိတ်ကော်မတီ ဒုဥက္ကဋ္ဌ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်( မြင်းခြံ) နာယက ဦးအောင်သူ၏ အသက်(၈၀)ပြည့်မွေးနေ့ကို ၂၂၊ ၁၀၊ ၁၆ ရက်နေ့က မြင်းခြံမြို့၊ စွန်းလွန်းဂူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မွေးနေ့ပွဲသို့ အနယ်နယ်အရပ်ရပ်ရှိ စာပေ၊ အနုပညာနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မြင်းခြံဒေသခံ နိုင်ငံရေးအင်အားစုများ၊ မြင်းခြံမြို့နယ် DPNSရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်၍ အမှတ်တရဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးတက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးတက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၁၆၊ ၁၀၊ ၁၆ ရက်နေ့လည်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ရာ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် နယ်များရှိ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်စပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ့ငြိမ်းချမ်းရေး လက်ရှိအနေအထားများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

Gender Gap Conference သို့တက်ရောက်

စင်္ကာပူနိုင်ငံ Hotel Fort Canning တွင် ၂၀၁၆၊ အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ Gender Gap Conference ကျင်းပခဲ့ရာ ဆွီဒင်၊ ဂျာမနီ၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နီပေါ၊ မြန်မာနိုင်ငံ စုစုပေါင်း ၁၀ နိုင်ငံမှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ကျား-မတန်းတူရေး၊ ကိုတာစနစ်၊ အမျိုးသမီးများအား အကာအကွယ်ပေးမည့် ဥပဒေများပေါ်ပေါက်ရေး၊ လူ့အသိုင်းအဝိုင်းတွင် မှားယွင်းစွာကျင့်သုံးနေမှုများကို ပြုပြင်ပြောင်းလဲရန်၊ အကန့်အသတ်ဖြစ်နေသည့် အခြေအနေများ အစရှိသည်တို့ကို ဒေါ်နိုးနိုးထက်စံမှ ဆွေးနွေးတင်ပြခဲ့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “စစ်မှန်သောငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၁၄၊ ၁၀၊ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရှရီရာမခရစ်ရှနခန်းမတွင် ကျင်းပပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “စစ်မှန်သောငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၁၄၊ ၁၀၊ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရှရီရာမခရစ်ရှနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားပေးပြီး ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ပါတီအတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးက ဖတ်ကြားပေးခဲ့ပါသည်။ နိုင်ငံရေးစကားဝိုင်းကို ပါတီမှ ဖိတ်ကြားထားသူများဖြစ်သည့် ဦးစိုင်းညွန့်လွင်(ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်စိုး (ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု)၊ ဦးထွန်းဝင်းငြိမ်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်)နှင့် ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးလေ့လာသုံးသပ်သူ)တို့က ငြိမ်းချမ်းရေးအစစ်အမှန်ရရှိရန် ဆောင်ရွက်သင့်သည့် ကိစ္စများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ တက်ရောက်လာသူများကလည်း ၎င်းတို့၏ အမြင် သဘောထားများကို ၀င်ရောက်ဆွေးနွေးခြင်း၊ ပိုမိုရှင်းလင်းပေးစေချင်သည့်အချက်များကို မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲရရှိချက်များအပေါ် နိဂုံးချုပ်ချက်နှင့် ကျေးဇူးတင်စကားကို ပါတီအထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ပါတီဝင်များ၊ ပါတီလူငယ်များ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်

” လာမည့် ၁၄၊ ၁၀၊ ၂၀၁၆ ရက်တွင် ကျရာက်မည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ ”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို.တွေ.ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို့မှ ခေါင်းဆောင်များသည် ၁၁၊ ၁၀၊ ၁၆ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံညီလာခံအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အလားအလာ၊ စစ်မှန်သောငြိမ်းချမ်းရေး ရရှိရန်ဆောင်ရွက်သင့်သည်များ၊ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်၊ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်ကျော်စိုး၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များဆွေးနွေးပွဲ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု ခေါင်းဆောင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊သည် ၉၊ ၁၀၊ ၂၀၁၆ ညနေပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ တက်ရောက်လာသူများက လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သုံးသပ်၍ အမြင်သဘောထားများ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုဦးဆောင်ကော်မတီဝင် ဦးးကျော်ကျော်စိုး၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။