လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်
5.-Statement-on-30th-Anniversary-of-Party-Founding-14-10-2018
|
||
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက် 5.-Statement-on-30th-Anniversary-of-Party-Founding-14-10-2018 သတင်းမီဒီယာများအား ဖိနှိပ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက် (၅/၂၀၁၈) 6.-Statement-for-Opression-on-Media-11-10-2018 ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ထိုခရီးစဉ်တွင် မြပန်းခိုင်၊ ဆိတ်ညံ၊ သပြေသာ၊ မရိုးကုန်း၊ ထနောင်းစုတောင်ရွာနှင့် မြောက်ရွာများသို့ သွားရောက်၍ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်၏ လက်ကမ်းစာစောင်များကို တအိမ်တက်ဆင်းစနစ်ဖြင့် ဝေငှခဲ့ကြပါသည်။ ပါတီ၏သဘောထားနှင့် ရပ်တည်ချက်ကိုလည်း ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ![]() ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ဇလက်ကုန်းရွာ၊ တိမ်တိုင်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏ ရပ်တည်ချက်၊ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ![]() ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုသို့သွားရောက်ရာတွင် ကန်ဆွယ်ရွာ၊ ကန်နီရွာ၊ မီးပေါက်ရွာ၊ ပျိုးကန်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ![]() မြင်းခြံမြို့နယ် စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၃ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့သို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ဒေသခံရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။ ![]() မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၂ ရက်နေ့တွင် ကျေးလက်လူထုစည်းရုံးရေးခရီးစဉ်အဖြစ် ဖက်ရင်း၊ ရသာ၊ ကန်ပေါက်ရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ၎င်းရွာများတွင် ရပ်ကျေးဆိုင်းဘုတ်များ တင်ခဲ့ပြီး ကျေးရွာလူထုအားလည်း ဟောပြောပွဲပြုလုပ်၍ ပါတီ၏မူဝါဒ၊ လမ်းစဉ်များကို ပြည်သူလူထုအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ခရီးစဉ်အတွင်း အတူလိုက်ပါသွားသည့် ပါတီကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များကလည်း ကျေးရွာလူထုအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|