ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By Thu Aung, on December 31st, 2020
DPNS ဗဟိုကော်မတီ အစည်းအဝေး၃၀ – ၃၁၊ဒီဇင်ဘာ၊၂၀၂၀။ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၀၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ပါတီတည်ဆောက်ရေးကို ပိုမိုအားစိုက် ဆောင်ရွက်ကြရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ အတွင်းရေးမှူးအဖွဲ့၏ အလုပ်ပြီးစီးမှု အစီရင်ခံစာ၊ ၂၀၂၀ ရွေးကောက်ပွဲဖြတ်သန်းမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်၊ ရေးရာကော်မတီများနှင့် ဒေသဆိုင်ရာကော်မတီများ အစရှိသည့် ကော်မတီအသီးသီး၏ အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်။ ဗဟိုကော်မတီဝင်များက အစီရင်ခံစာများကို ဝေဖန်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ဒုတိယနေ့တွင် ၂၀၂၁ အတွင်း ဆက်လက်လုပ်ဆောင်ရမည့် အလုပ်တာဝန်များကို ခွဲဝေခဲ့ကြသည်။ အစည်းအဝေး နိဂုံးချုပ်နှုတ်ဆက်စကားကို ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ပြောကြားပေးခဲ့ပါသည်။
By Thu Aung, on November 30th, 2020
အမျိုးသမီးများအားအကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ၁၆ရက်တာ လှုပ်ရှားမှု ကမ်ပိန်း ၆ ရက်မြောက်နေ့ ဖြစ်ပါသည်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပန်းဘဲတန်းမြို့နယ် ပါတီကော်မတီ ဒုတိယတာဝန်ခံ ဒေါ်စမ်းစမ်းအေး၊ ကျောက်ဆည်မြို့နယ် ပါတီဝင်များနှင့် ဒေသခံလူငယ်များ ပူးပေါင်းပါဝင်ထားပါသည်။
By Thu Aung, on December 8th, 0202
” အမျိုးသမီးများအားနည်းပေါင်းစုံဖြင့် ခွဲခြားမှု ပပျောက်ရေးနေ့” “အမျိုးသမီးတွေကို ဖိနှိပ်တာ၊ အကြမ်းဖက်တာဟာ ကမ္ဘာတဝှမ်းလုံးမှာ၊ နေရာတိုင်းမှာ သဏ္ဍာန်ပေါင်းစုံ၊ နည်းသဏ္ဍာန်ပေါင်းစုံနဲ့ ဖြစ်တည်နေတာ ဖြစ်ပါတယ်။အဖကြီးစိုးတဲ့ နိုင်ငံရေးစနစ်၊ အဖကြီးစိုးတဲ့ဝါဒ ကြီးစိုးနေတာ ဒီကနေ့အချိန်ထိ တည်ရှိနေဆဲ ဖြစ်ပါတယ်။ အားလုံး အတူတူ လက်တွဲပြီး တိုက်ဖျက်ရမယ်”
ဦးအောင်မိုးဇော် – ဥက္ကဋ္ဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
By chit htoo, on January 16th, 2021
ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
By chit htoo, on January 12th, 2021
၁၁၊ ၁၊ ၂၀၂၁။ ရန်ကုန်။
ရန်ကုန်တိုင်းပါတီကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ဇန်န၀ါရီ ၁၁ ရက် နေ့လည် ၁း၀၀ နာရီတွင် ဗိုလ်တထောင်မြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁)၊ ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်း ညှိနှိုင်းအစည်းအဝေးတွင် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဗဟိုကော်မတီအစည်းအဝေး၏ ရန်ကုန်တိုင်းနှင့် ပတ်သက်၍ စဉ်းစားချက်များ၊ ရည်မှန်းချက်များနှင့် တာဝန်ပေးအပ်မှုများကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းတာ၀န်ခံ ဦးငွေလင်းက ခိုင်မာအားကောင်းသည့် ရန်ကုန်တိုင်းပါတီကော်မတီ တည်ဆောက်သွားရေးအတွက် စဉ်းစားထားချက်(မူကြမ်း)ကို မိတ်ဆက်တင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ ရဲဘော်များက ဝိုင်းဝန်းဆွေးနွေးခြင်း၊ အတည်ပြုခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လတ်တလော ဆောင်ရွက်ရန်လုပ်ငန်းများ သတ်မှတ်ခြင်း နှင့် တာဝန်ခွဲဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
By chit htoo, on January 11th, 2021
အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှု (ဖဲကြိုးဖြူလှုပ်ရှားမှု)ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၁၆) ရက် လှုပ်ရှား ဆောင်ရွက်နေပါသည်။ဒုတိယနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အချို့နှင့်အတူ လူငယ်စွမ်းရည်မြှင့်တင်ရေး နိုင်ငံရေးသင်တန်းကျောင်း(YES) ကျောင်းဆင်းလူငယ်များ၊ လူငယ်ခေါင်းဆောင်များ ပါဝင်၍ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါသည်။ဤလှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တံတားဦးမြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်မေဖြူဆွေနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များ ဦးဆောင်ခဲ့ကြပါသည်။ခရက်ဒစ် – ဖဲကြိုးဖြူသီချင်းကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ကူးယူထည့်သွင်း အသုံးပြုထားပါသည်။
By Thu Aung, on December 11th, 2020
DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၁၁ – ၁၄၊ ဒီဇင်ဘာ၊ ၂၀၂၀။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၆/၂၀၂၀)ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်နှင့် နယ်အသီးသီးရှိ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး၌ ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုများကို စုစည်းသုံးသပ်ခဲ့ကြပါသည်။ ထို့နောက် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများကိုလည်း တာ၀န်ခွဲဝေ သတ်မှတ်ခဲ့ကြပါသည်။
By Thu Aung, on December 9th, 2020
ဦးအောင်မိုးဇော်၁၉၈၈ – ကျောင်းသားလှုပ်ရှားမှု (လူထုအရေးတော်ပုံ)
By Thu Aung, on December 4th, 2020
“မိမိရဲ့ အရည်ချင်းရှိရင် ရှိသလောက် လူတွေကို တိုးတက်ဖြစ်ထွန်ခွင့်ပြုပြီးတော့ အမျိုးသား၊ အမျိုးသမီးဖြစ်ခြင်းအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှုဟာ ပညာရေးစနစ်သာမက ဘယ်လိုနေရာမျိုးမှာမှ မရှိသင့်ဘူးလို့ ကျမ ယုံကြည်ပါတယ်”
ဒေါ်နှင်းနှင်းမွှေး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
By Thu Aung, on December 3rd, 2020
အမျိုးသမီးများအားအကြမ်းဖက်မှု ရပ်တန့်ရေးအတွက် (၁၆)ရက်တာ လှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီမှ ဦးဆောင်ပြုလုပ်လျက်ရှိပါသည်။”အမျိုးသမီးတွေဟာ ယဥ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်တွေ၊ ရှေးရိုးစွဲအယူအဆတွေအောက်မှာ အကန့်အသတ်ခံနေရပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာပါ”
ဒေါ်အိသဉ္ဇာမောင် (ဥက္ကဋ္ဌ၊ လူ့ဘောင်သစ်လူငယ်)
By chit htoo, on November 25th, 2020
အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှု (ဖဲကြိုးဖြူလှုပ်ရှားမှု)ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လှုပ်ရှားမှုပထမဆုံးနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် မြင်းခြံပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ခင်ကြိုင် ဦးဆောင်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အချို့နှင့်အတူ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါသည်။
Page 1 of 97 1 2 3 4 5 ... 10 20 30 ... » Last »