ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

December 2019
M T W T F S S
« Nov    
 1
2345678
9101112131415
16171819202122
23242526272829
3031  

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁)

ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁)

ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ မန်းကျော်ငြိမ်း၏ ဆွေးနွေးချက်

ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ မန်းကျော်ငြိမ်း၏ ဆွေးနွေးချက်

ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရှရီရာမခရစ်ရှနခန်းမ၌ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းကို ဖေဖော်ဝါရီ ၇ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ UNDO၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အစရှိသည့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ ပွဲကျင်းပရခြင်းအကြောင်းရင်းကို ဖြစ်မြောက်ရေးကော်မတီကိုယ်စား ဦးငွေလင်း(DPNS)၊ အဖွင့်အမှာစကားကို ဦးကျော်မြင့်(ALD)၊ မန်းကျော်ငြိမ်း(UNA) တို့က ပြောကြားခဲ့ပြီး အဖွဲ့အစည်းပေါင်း ၃၄ ဖွဲ့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ဦးထွန်းဝင်းငြိမ်း(မှိုင်း-ငြိမ်းကွန်ရက်)က ဖတ်ကြားခဲ့ပါသည်။ ဦးဦးလှမြင့်(ALD)၊ ဦးစိုင်းညွန့်လွင်(UNA)၊ ဦးကြီးမြင့်(ဥပဒေပညာရှင်)၊ ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးသုတေသီ) တို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ စကားဝိုင်းကျင်းပရေးကော်မတီမှ တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများ၊

ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပရေး ညှိနှိုင်းအစည်းအဝေး

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပမည့် အစီအစဉ်များ အသေးစိတ်ညှိနှိုင်းသည့် အစည်းအဝေးကို ဖေဖော်ဝါရီ၊ ၅ ရက်နေ့က UNDO ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအင်အားစုတို့ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံးတွင် ဖေဖော်ဝါရီ၊ ၃ – ၄ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါသည်။ အစိုးရနှင့် အခြားအဖွဲ့အစည်းများ၏ မြေယာမူဝါဒများ၊ မြေယာဆိုင်ရာဥပဒေများကို မြေယာအရေးကျွမ်းကျင်သူများဖြစ်ကြသည့် ဦးသန့်စင်နှင့် ဦးမင်းအောင်သူတို့က ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ကြပါသည်။  တောင်သူလယ်သမားများ၏ အကျိုးစီးပွါး၊ ရင်းနှီးမြှုပ်နှံမှု၊ မြေယာပိုင်ဆိုင်ခွင့်၊ မြေယာနှင့် သယံဇာတ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ မြေယာပြဿနာများ၊ ပြန်လည်နေရာချထားရေး တို့အပါအ၀င် မြေယာအရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲသို့  ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ တောင်သူလယ်သမားများ၏ အကျိုးစီးပွါးနှင့် အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရန်၊ ဖက်ဒရယ်ကိုအခြေခံသည့် မြေယာမူဝါဒတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ပါသည်။ ကူညီဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ

အသရော်နှင့် ဇီးကုန်းကျေးရွာအုပ်စုအပါအ၀င် ကျေးရွာလေးရွာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးငွေလင်းနှင့် ဦးအောင်မြင့်စိန်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၉၊ ဖေဖော်ဝါရီလ၊ ၃ရက်နှင့် ၄ ရက်နေ့များတွင် သာယာဝတီမြို့နယ်၊ ဒါဝိကျေးရွာအုပ်စု၊ အိပ်သဟာကျေးရွာအုပ်စု၊ အသရော်ကျေးရွာအုပ်စု၊ ဇီးပွဲကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ကြပါသည်။ တောင်သူလယ်သမားခေါင်းဆောင်များနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်တွင် ပြည့်စင်ကုန်းကျေးရွာ၌လည်းကောင်း၊ ညနေနှင့်ညပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအရ လယ်သမားများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ကြွေး(အမတော်ကြေး)ကို မဆပ်နိုင်ဘဲ ဖြစ်နေရကြောင်း၊ မဆပ်နိုင်ရသည့်အကြောင်းရင်းမှာ – ၂၀၁၅ နှင့် ၂၀၁၆ တွင် ၂ နှစ်ဆက်တိုက် တာကျိုးပြီး ရေနစ်မြုပ်ခဲ့ရခြင်း၊ ၂၀၁၇ နှင့် ၂၀၁၈ တွင် ပဲခင်းများ

သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲ တက်ရောက်

သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ နံက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။

ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲကို ပါတီဌာနချုပ်ရုံး၌ ၂၀၁၉၊ ဇန်နဝါရီ၊ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင်က လက်ရှိပြဌာန်းထားသော အမျိုးသားပညာရေးမူဝါဒအပေါ် အမြင်သဘောထား၊ NNER ၏ ပညာရေးမူဝါဒ၊ နိုင်ငံတကာ ပညာရေးစနစ်များ၊ ကမ္ဘာ့ပညာရေးညီလာခံကချမှတ်ခဲ့သည့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ပညာရေးအကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လူတိုင်းအတွက်ပညာရေး (Education for All) ဟူသည့် သဘောထားခံယူချက်ဖြင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ရှိသင့်သည့် ပညာရေးမူဝါဒတရပ်ကိုဖော်ဆောင်ရာတွင် အခြေခံသင့်သည့်အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။