ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

DPNS ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် နိုင်ငံရေးစကားဝိုင်းပြုလုပ် ၂၀၁၉ အောက်တိုဘာ ၁၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် နိုင်ငံရေးစကားဝိုင်းကို အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်စကားပြောကြားခဲ့ပြီး ဦးစိုးနိုင်(ကယန်းပြည်သစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမျိုးကျော်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)တို့က အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် “မြန်မာ့နိုင်ငံရေးနှင့် ကုလသမဂ္ဂ”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာရန်မျိုးသိမ်း၊ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း (၃၁) နှစ်ပြည့် သဘောထား ထုတ်ပြန်ကြေညာချက် ( ၃ / ၂၀၁၉)

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ ၂၀၁၉၊ အောက်တိုဘာ ၁၀။ အင်္ဂပူ။ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးရုံးဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ရုံးဖွင့်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်နှင့် ပါတီဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ ၂၀၁၉၊ အောက်တိုဘာ၊ ၈။ ချောင်းသာ။ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၊ အုပ်စု(၂) တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၉၊ အောက်တိုဘာ၊ ၈ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ချောင်းသာပါတီကော်မတီဝင်များ။ ပါတီရဲဘော်များနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်၊ ဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

 


 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ