ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

မှိုင်း-ငြိမ်းကွန်ရက်(မြောင်းမြ)ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(မြောင်းမြ) ဖွဲ့စည်းသည့် အစည်းအဝေးကို ၁၅၊၁၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ မြောင်းမြလူငယ်ကွန်ရက် အဖွဲ့ဝင်များ၊ နိုင်ငံရေးသမားဟောင်းကြီးများ၊ မြှို့ခံနိုင်ငံရေးအင်အားစုများ၊ မြောင်းမြမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မှိုင်းငြိမ်းကွန်ရက်(ရန်ကုန်)အဖွဲ့ဝင်များ၊ DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆရာကြီး၏ ငြိမ်းချမ်းရေးအယူအဆများ၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အဖွဲ့ဝင် ၂၁ ဦးပါဝင်သော မြောင်းမြမြို့နယ် မှိုင်းငြိမ်းကွန်ရက်ကို ဖွဲ့စည်းခဲ့ကြပါသည်။

မှိုင်း-ငြိမ်းကွန်ရက်(လပွတ္တာ)ဖွဲ့စည်းရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(လပွတ္တာ) ဖွဲ့စည်းရေး အကြိုညှိနှိုင်းအစည်းအဝေးကို ၁၅၊၁၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ မြို့ခံနိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လယ်သမားသမဂ္ဂများ၊ လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မှိုင်းငြိမ်းကွန်ရက်(ရန်ကုန်)အဖွဲ့ဝင်များ၊ DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆရာကြီး၏ ငြိမ်းချမ်းရေးအယူအဆများ၊ မှိုင်းငြိမ်းကွန်ရက် လက်ရှိဆောင်ရွက်နေမှုများ၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

လူ့ဘောင်သစ်လူငယ်နှင့် NNER တွေ့ဆုံဆွေးနွေးပွဲ လူ့ဘောင်သစ်လူငယ် ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် NNER လုပ်ငန်းအဖွဲ့ဝင်များသည် ၁၄၊၁၊၁၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ NNER ရုံးခန်း၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက ဖွဲ့စည်းပုံ၊ မူဝါဒနှင့် ရေတို ရေရှည်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ၍ အကြံဉာဏ်ခဲ့များ တောင်းခံခဲ့ကြပါသည်။ NNERအဖွဲ့ဝင်များကလည်း NNER ၏ မူဝါဒ သဘောထား၊ ဖွဲ့စည်းပုံ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ NNER ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြပါသည်။

လူ့ဘောင်သစ်လူငယ် နှင့် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် တို့တွေ့ဆုံဆွေးနွေး လူ့ဘောင်သစ်လူငယ်(YNS) ဗဟိုလုပ်ငန်းကော်မတီသစ် နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များသည် ၁၃၊၁၊၁၇ ရက် နေ့လည်ပိုင်းမှ ညနေပိုင်းအထိ တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက စုဖွဲ့မှုအသစ်နှင့် လုပ်ငန်းစဉ်များ၊ လတ်တလော ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ မှိုင်းငြိမ်းကွန်ရက် အဖွဲ့ဝင်များကလည်း ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူဝါဒကို ဆက်ခံပြီး ဆောင်ရွက်လုပ်ကိုင်နေသည့် အခြေအနေများ၊ အဖွဲ့ပေါင်း ၆၂ ဖွဲ့ စုပေါင်းထုတ်ပြန်ထားသည့် လက်ရှိငြိမ်းချမ်းရေးအပေါ် အမျိုးသားအင်အားစုများ၏ သဘောထားတို့ကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလော နိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

 


 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ