ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

DPNS နှင့် ABSDF တွေ့ဆုံဆွေးနွေး ရဲဘော်လှဌေး ခေါင်းဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ တာဝန်ရှိသူများသည် ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့လည် ၁း၀၀ နာရီတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်၍ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့် ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ABSDF တာဝန်ရှိသူများက အမျိုးသားတန်းတူရေးနှင့် ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန် အခြေခံစာတမ်းကို အဆိုကြမ်းအဖြစ် တင်ပြခဲ့ကြသည်။ ပါတီတာဝန်ရှိသူများက လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် NCA အလားအလာတို့ကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

PDF အကျိုးဆောင်အဖွဲ့ ညှိနှိုင်းအစည်းအဝေး. သို့တက်ရောက် ဆွေးနွေး တိုးတက်သောဒီမိုကရက်တစ်အင်အားစု (PDF) အကျိုးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၁၈ ဇန်နဝါရီလ ၁၁ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာဆွေးနွေးပွဲ(ဒုတိယအကြိမ်) ရရှိချက်များအပေါ် ဝေဖန်သုံးသပ်ခဲ့ပါသည်။ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ပညာရေးဥပဒေကြမ်းများ လေ့လာသုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ သို့တက်ရောက် အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေကြမ်းများအား လေ့လာသုံးသပ်ခြင်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေမူကြမ်းလေးခုအနက် အခြေခံပညာရေးဥပဒေ(မူကြမ်း) အဆင့်မြင့်ပညာရေးဥပဒေ(မူကြမ်း)တို့ကို လေ့လာသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ NNER အတွင်းရေးမှူးအဖွဲ့ဝင်များ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ လုပ်ငန်းအဖွဲ့ဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

SYCB တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနား သို့တက်ရောက် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် SYCB ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် SYCB သဘာပတိအဖွဲ့နှင့် အကြံပေးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် DPNS ဗဟိုဦးဆောင်ကော်မတီဝင် ဦးတိုးတိုးထွန်းလည်းတက်ရောက်ပြီး အမှတ်တရစကား ပြောကြားခဲ့ပါသည်။ အမှတ်တရစကားပြောကြားရာတွင် လက်ရှိနိင်ငံရေးအခင်းအကျင်း လူမျိုးပေါင်းစုံကျောင်းသားလူငယ်များသွေးစည်းချစ်ကြည်ပြီး အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်ကြရေး စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး ငြိမ်းချမ်းရေး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ၂၁ ရာစုပင်လုံညီလာခံ၏ လက်ရှိအခြေအနေ အပစ်အခတ်ရပ်စဲရေးစာချုပ်NCA ပျက်သလိုဖြစ်နေပြီး စစ်ပွဲများဖြစ်ပွါးနေသည့်အခြေအနေများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

 


ထုတ်ပြန်ချက်များ

(၁၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသော သဝဏ်လွှာ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၁၅)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက် (၃/၂၀၁၅)

ကျောင်းသားများ၏ အမျိုးသား ပညာရေးဉပဒေ ပြင်ဆင်ပေးရေး လှုပ်ရှားမှုအပေါ် အကြမ်းဖက် ဖြေရှင်းခြင်းမပြုရန် မေတ္တာရပ်ခံ တိုက်တွန်းခြင်း သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၅)

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားများ၏ သပိတ်မှောက်တောင်းဆိုတိုက်ပွဲဝင်နေမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁ /၂၀၁၅)

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ပေးပို့သောလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

လက်ပန်းတောင်းဒေသ အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သတ်သော သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၄)

 


အမြင်သဘောထား

ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။ ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။ ၂၀၁၇ ခု၊ အောက်တိုဘာ ၁၄ ရက် ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပါဝင်ဆွေးနွေးခဲ့သည့် “ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် မြန်မာအစိုးရ ဆက်ဆံရေး ” ဆွေးနွေးချက်ကို တင်ပြပေးလိုက်ပါသည်။

VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး ရခိုင်အရေး နိုင်ငံတကာဖိအား မြန်မာပြုပြင်ပြောင်းလဲရေး ထိခိုက်နိုင် ၁၉၊ အောက်တိုဘာ၊ ၂၀၁၇ ( VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး ) ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပြီး မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန်လွှတ်တော်အမတ် ၄၀ ကျော်က တိုက်တွန်းလိုက်သလို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရခိုင်အရေးနဲ့ ပတ် သက်လို့ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုနေကြပါတယ်။ ဒီအခြေအနေက လက်ရှိ သွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက စုစည်းတင်ပြပေးထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ...

၂၀၁၇၊ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် Daily ELEVEN သတင်းစာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD)တို့သည် အာရှဒေသတွင်းရှိ ဆိုရှယ်ဒီမိုကရေစီ (အာရှ) (SocDem Asia) ကွန်ယက်အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းလျက် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင် ပြုလုပ်ခဲ့

ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ DPNS ၏ သဘောထား ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ဇူလိုင်လ ၁၇ ရက်နေ့ထုတ် 7DAY DAILY သတင်းစာတွင် ပါရှိသည့် သတင်းဖော်ပြချက်

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019

CJ Feed Myanmar စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက် အားပေးဝန်းရံ November 2, 2019

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ November 1, 2019

အလုပ်သမားရေးရာကော်မတီ(ရန်ကုန်တိုင်း) အစည်းအဝေး October 30, 2019

စကော့တလန်လွှတ်တော်အမတ်ဟောင်းနှင့် တွေ့ဆုံဆွေးနွေး October 25, 2019

မန္တလေးတွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ် October 22, 2019

“အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး”မြန်မာ့နွေဦးစကားဝိုင်း October 20, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ