ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ ဇူလိုင်လ ၉ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးတွင် မေလအတွင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ အဆက်အဖြစ် ရန်ကုန်တွင်လည်း ငြိမ်းချမ်းရေးလူထုနှီးနှာဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

“နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန်ဖြစ်ပြီလား” Debate “နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန်ဖြစ်ပြီလား” ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ပထမဦးဆုံး Debate ကို ၈-၇-၂၀၁၈ တွင် တာမွေမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစောသန်းမြင့်(ဥက္ကဋ္ဌ-ဖက်ဒရယ်ပြည်ထောင်စုပါတီ)၊ ဒေါက်တာစိုးဝင်းဦး(အရံဗဟိုကော်မတီဝင်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးသီဟသွေး (နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် သတင်းဆောင်းပါးရှင်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားများ တက်ရောက်ခဲ့ကြပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂမှ ရဲဘော်ဖိုးကျော် ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ ဦးဝင်းသူ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကို၊ ဗကသများအဖွဲ့ချုပ်မှ ကိုကောင်းထက်ကျော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးသီဟ၊ အလုပ်သမားအရေး လယ်သမားအရေး လူထုလူတန်းစားအရေးဆောင်ရွက်ကြသော ဘိုကလေးဦးအောင်မြင့် ၊ ဆရာချစ်တို့က အသီးသီး ဂုဏ်ပြုစကားပြောကြားခဲ့ကြပါသည်။ တက်ရောက်လာသည့် အလုပ်သမားများက လတ်တလောကြုံတွေ့နေရသော အခက်အခဲများအား တင်ပြခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ” order_by=”sortorder” order_direction=”ASC” ...

၅၆ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနား ၇၊ ၇၊ ၂၀၁၈ တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် တကသမြက်ခင်းပြင်ရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်၌ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။

 


 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019

CJ Feed Myanmar စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက် အားပေးဝန်းရံ November 2, 2019

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ November 1, 2019

အလုပ်သမားရေးရာကော်မတီ(ရန်ကုန်တိုင်း) အစည်းအဝေး October 30, 2019

စကော့တလန်လွှတ်တော်အမတ်ဟောင်းနှင့် တွေ့ဆုံဆွေးနွေး October 25, 2019

မန္တလေးတွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ် October 22, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ