ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

SYCB ၏ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား တက်ရောက် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ လူငယ်စွမ်းရည်မြှင့်တင်ရေး Youth Training Center (YTC) သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ မေ ၅ ရက်နေ့ ညနေပိုင်းတွင် SYCB ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မိတ်ဖက်လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားလူငယ်အင်အားစုများ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ ကျောင်းသားဟောင်းနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုမျိုးစောတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးတိုးတိုးထွန်းက အမှတ်တရစကား ပြောကြားရာတွင် SYCB ၏ သမိုင်းကြောင်း၊ မူဝါဒနှင့် ဦးတည်ချက် လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာပုံ၊ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ...

အလုပ်သမားအရေး လှုပ်ရှားနေသော အဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ အလုပ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးငွေလင်း၊ ရန်ကုန်တိုင်း အလုပ်သမားရေးရာကော်မတီဝင် ဦးမျိးထွဋ်တို့သည် ၂၀၁၉၊ မေလ ၅ ရက် နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ တို့မျိုးဆက်ကွန်ရက်ရုံးသို့ သွားရောက်၍ We Generation Network၊ All Myanmar Trade Unions Network တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အလုပ်သမားဥပဒေများ၏ အားနည်းချက်ကြောင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာနေရမှုများ၊ အလုပ်သမားထု သွေးစည်းညီညွတ်မှုဖြင့် အလုပ်ရှင်နှင့် အာဏာပိုင်တို့၏ မတရားဖိနှိပ်မှုများအား ခုခံကာကွယ်ပြီး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရသည့်အခြေအနေများ စသည့် အလုပ်သမားရေးရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

၁၂၉ နှစ်မြောက် မေဒေးနေ့အခမ်းအနား တက်ရောက် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၁၂၉ နှစ်မြောက် မေဒေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သစ္စဝါဒီကျောင်းတိုက်၌ ၂၀၁၉၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အလုပ်သမားသမဂ္ဂများမှ ရဲဘော်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သူများ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ၁၉၇၄ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ CCTU၊ SDUF၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်၍ ...

၁၂၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား တက်ရောက် ၂၀၁၉ ခုနှစ် မေလ (၁)ရက်နေ့တွင်ကျရောက်သည့် ၁၂၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် တို့မျိုးဆက်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီတို့မှ ဦးစီးကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မေဒေးနေ့ အမှတ်တရစကားပြောကြားရာတွင် အလုပ်သမားအခွင့်အရေးများရရှိရန်အတွက် အစိုးရကို အားကိုးနေ၍မရကြောင်း၊ မိမိတို့အခွင့်အရေးအတွက် မည်သူ့ကိုမျှ အားကိုး၍ မရနိုင်ဘဲ မိမိတို့ဘာသာ တိုက်ယူရမည်ဖြစ်သဖြင့် အလုပ်သမားထု သွေးစည်းညီညွတ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သေးသည့်အခြေအနေ မဟုတ်ကြောင်း၊ အလုပ်သမားအခွင့်အရေးတိုက်ပွဲများသည် ဒီမိုကရေစီရေးရုန်းကန်မှုနှင့် တဆက်တစပ်တည်း ရှိနေသဖြင့် အလုပ်သမား၊ လယ်သမားနှင့် အခြားအင်အားစုအသီးသီး၏ သွေးစည်းညီညွတ်မှုသည် သော့ချက်ကျကြောင်း ...

 


ထုတ်ပြန်ချက်များ

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅)

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ပည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် (ထုတ်ပြန်ကြေညာချက် ( ၄ / ၂၀၁၅ ) )

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) )

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၇၉) နှစ်မြောက်နှင့် လက်ပံတန်းအကြမ်းဖက်ခံရမှု နှစ်လပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

(၁၂၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသော သဝဏ်လွှာ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၁၅)

 


အမြင်သဘောထား

ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။ ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။ ၂၀၁၇ ခု၊ အောက်တိုဘာ ၁၄ ရက် ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပါဝင်ဆွေးနွေးခဲ့သည့် “ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် မြန်မာအစိုးရ ဆက်ဆံရေး ” ဆွေးနွေးချက်ကို တင်ပြပေးလိုက်ပါသည်။

VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး ရခိုင်အရေး နိုင်ငံတကာဖိအား မြန်မာပြုပြင်ပြောင်းလဲရေး ထိခိုက်နိုင် ၁၉၊ အောက်တိုဘာ၊ ၂၀၁၇ ( VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး ) ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပြီး မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန်လွှတ်တော်အမတ် ၄၀ ကျော်က တိုက်တွန်းလိုက်သလို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရခိုင်အရေးနဲ့ ပတ် သက်လို့ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုနေကြပါတယ်။ ဒီအခြေအနေက လက်ရှိ သွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက စုစည်းတင်ပြပေးထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ...

၂၀၁၇၊ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် Daily ELEVEN သတင်းစာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD)တို့သည် အာရှဒေသတွင်းရှိ ဆိုရှယ်ဒီမိုကရေစီ (အာရှ) (SocDem Asia) ကွန်ယက်အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းလျက် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင် ပြုလုပ်ခဲ့

ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ DPNS ၏ သဘောထား ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ဇူလိုင်လ ၁၇ ရက်နေ့ထုတ် 7DAY DAILY သတင်းစာတွင် ပါရှိသည့် သတင်းဖော်ပြချက်

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ