ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ


အမြင်သဘောထား

First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး အဖွဲ့ချုပ်ကို ပြည်သူကထောက်ခံထားတာ၊ တပ်မတော်က ပြည်သူလူထုရဲ့ဆန္ဒကို အလေးအနက်ထားရမယ်၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမိန့်တွေကို နာခံရမှာ လက်ရှိလူထုအစိုးရပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ သစ္စာခံလဲ၊ မခံလဲဆိုတဲ့ အပေါ်မှာ အစိုးရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက မူတည်နေတယ်ဟု ဦးအောင်မိုးဇော်ဆို

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ ...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရရှိထားပြီးသော သဘောတူညီချက်များ စုစည်းတင်ပြချက် ယနေ့ကာလသည် အင်အားစုအားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်နေကြသည့် ကာလ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည်ပါ သည်။ ကျင်းပပြုလုပ်ကြမည့်ညီလာခံသည် ညီလာခံအဂါင်္ရပ်များနှင့် ပြည့်စုံမှုရှိ မရှိ၊ လွတ်လပ်မှုနှင့်တန်းတူရည်တူ ရှိ မရှိ၊ ပွင့်လင်း မြင်သာမှုနှင့်ရိုးဖြောင့်တည်ကြည်မှု ရှိ မရှိ ၊ ဆွေးနွေးဖက်အသီးသီးက အမြော်အမြင်ကြီးမှု ရှိ မရှိ စသည့်အချက်များအပေါ် မူတည်ပြီး ညီလာခံ၏ ရရှိချက်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု ပါတီက ယူဆပါသည်။ အကယ်၍ ညီလာခံရရှိချက်က ကောင်းခဲ့ပါက မိမိတို့ ပြည်သူတရပ်လုံးမျှော်လင့်နေကြသည့် အရှည်တည်တန့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ပြီး အမျိုးသားတန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း တည်ဆောက် သွားနိုင်လိမ့်မည် ...

သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအားဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။


ထုတ်ပြန်ချက်များ

၁၂၇ နှစ်မြောက် ကမ္ဘာ့အလုပ်သမားတိုက်ပွဲနေ့ မေဒေး အထိမ်းအမှတ်သဝဏ်လွှာ အလုပ်သမားထုအတွက် ထိုက်တန်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေး ရရှိရန် တိုက်ပွဲဝင်ခဲ့ကြသည့် ကမ္ဘာ့အလုပ်သမားတိုက်ပွဲနေ့ မေဒေး (၁၂ရ) နှစ်မြောက် အခမ်းအနားတွင် အလုပ်သမား သူရဲကေင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွတ်လျှက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗိုလ်မှူးကြီးစောလွင်(ကယန်းပြည်သစ်ပါတီ)ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းသဝဏ်လွှာ ” ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစောလွင် (ခ) ဦးဌေးအောင် (၁၉၅၃ – ၂၀၁၇) ဈာပနအခမ်းအနားသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ ”

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ ” (၁၇) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြု သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့်အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက် ” (၂၄၊ ၃၊ ၂၀၁၇) လက်ပံတောင်းဒေသ – မိုးကြိုးပြင်ကျေးရွာ၌ ဒေသခံလူထုကို သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါ အဝင် အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက်တရပ် ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ” (၂၇၊ ၃၊ ၂၀၁၇ – ဖက်ဆစ်တော်လှန်ရေးနေ့)


ပါတီလှုပ်ရှားမှုများ

ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဓမ္မပီယ သာသနာ့ရိပ်သာ၌ ၁၈၊ ၉၊ ၁၆ နေ့လည် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဝါရောင်ဦးဆောင် သံဃာတော်တပါးဖြစ်သည့် ဆရာတော်ဦးပဏ္ဍ၀ံသက သြ၀ါဒစကား မြွက်ကြားခဲ့ပြီး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ဆရာတော်ဦးစန္ဒာသီရိက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်မြောက် သဘောထားကြေညာချက်ကို ဆရာတော်သီးအဂ္ဂရာဇာ က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် မန္တလေး ဂဠုန်နီဆရာတော် ဦးကာဝိယ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ဘာသာကြီးလေးရပ် ဆရာတော်ကြီးများက ...

နီအောင်မေသု(ခ)ဦးသု ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ရဲဘော် နီအောင်မေသု(ခ)ဦးသု(၁၉၄၁-၂၀၀၂) ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၁၇၊၉၊၁၆ ရက် နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၊ သီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား၏ အဖွင့်အမှာစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားခဲ့ပြီး ဦးအောင်မေသု၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ဦးထင်အောင်မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ဦးမြတ်ဆွေ(ကိုးကိုးကျွန်းပြန်)၊ ဦးတင်အောင်(ကိုကိုးကျွန်းပြန်)၊ ကိုဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ဦးခင်ထွန်း(မင်းလှ NLD)၊ ဦးတင်သန်းဦး(နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)၊ ကိုလွှမ်းမိုးအောင်(ဦးအောင်မေသု သား)တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ အစည်းအဝေးကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၁၅၊ ၉၊ ၁၆ ရက် နေ့လည်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရန်ကုန်၊ မြင်းခြံနှင့် ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ကွန်ရက်အသီးသီး၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်နေမှုများ၊ မကြာမီက ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းရေးရရှိရန် ရှေ့ဆက်လုပ်ဆောင်သင့်သောကိစ္စရပ်များ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ညီညွတ်ရေး၊ တန်းတူရေး အစရှိသည်တို့အပေါ်တွင် အခြေခံသော သူမနာကိုယ်မနာငြိမ်းချမ်းရေးမူအား ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလက်ခံလာနိုင်ကြစေရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Strategic Planning Workshop on Party Building) ကို ၂၀၁၆၊ စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ဒေသအလိုက်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲပထမနေ့နှင့် ဒုတိယနှေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ Mr. Buenviwe Ferdinand က လူထုပါတီတရပ် တည်ဆောက်ရာတွင် အခြေခံသင့်သည့် အယူအဆ၊ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက အစုအဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။၂၀၁၃ခုနှစ်မှ ၂၀၁၆ အထိ ဆောင်ရွက်ရန်ချမှတ်ခဲ့ကြသော ပါတီတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ကြသည်။ ဆွေးနွေးပွဲတတိယနေ့တွင် ယခင်နေ့များမှ ...


အင်တာဗျူ :

First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး အဖွဲ့ချုပ်ကို ပြည်သူကထောက်ခံထားတာ၊ တပ်မတော်က ပြည်သူလူထုရဲ့ဆန္ဒကို အလေးအနက်ထားရမယ်၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမိန့်တွေကို နာခံရမှာ လက်ရှိလူထုအစိုးရပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ သစ္စာခံလဲ၊ မခံလဲဆိုတဲ့ အပေါ်မှာ အစိုးရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက မူတည်နေတယ်ဟု ဦးအောင်မိုးဇော်ဆို

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူ ပုဂ်္ဂိုလ် တွေနဲ့ ပြင် ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေ နဲ့ ပြင်ရဆင်ရ တာ ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါ အရွေး အချယ်မခံရတဲ့ နိုင်ငံရေးပါတီတွေအပေါ်ထားတဲ့ သဘောထား၊ ဖိတ်ကြား ချက်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက် ပေါ်နေပါတယ်။ အဲဒီကိစ်္စနဲ့ပတ် သက်ပြီး သဘောထားမှတ်ချက်ပးပါဦး။

သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအားဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌဌ ဦးအောင်မိုးဇော်နှင့် 7Dayဂျာနယ်အင်တာဗျူး ၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများပါဝင် ဖွဲ့စည်းခဲ့သော လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလ၌ နဝတအစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံလိုက်ရသော်လည်း လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံတွင် ဆက်လက် ရှင်သန်နေဆဲပင် ရှိသည်။ ယခုအခါ မြန် မာနိုင်ငံ၏ ဖြစ် ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးအောင်မိုးဇော် နှင့် 7Day က တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို ဖော်ပြလိုက်ပါသည်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ