ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး September 27, 2018

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 27, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ် September 25, 2018

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် September 25, 2018

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး September 24, 2018

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 24, 2018

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ September 23, 2018

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ် September 22, 2018

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက် September 21, 2018

“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ September 21, 2018


အမြင်သဘောထား

First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး အဖွဲ့ချုပ်ကို ပြည်သူကထောက်ခံထားတာ၊ တပ်မတော်က ပြည်သူလူထုရဲ့ဆန္ဒကို အလေးအနက်ထားရမယ်၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမိန့်တွေကို နာခံရမှာ လက်ရှိလူထုအစိုးရပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ သစ္စာခံလဲ၊ မခံလဲဆိုတဲ့ အပေါ်မှာ အစိုးရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက မူတည်နေတယ်ဟု ဦးအောင်မိုးဇော်ဆို

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ ...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရရှိထားပြီးသော သဘောတူညီချက်များ စုစည်းတင်ပြချက် ယနေ့ကာလသည် အင်အားစုအားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်နေကြသည့် ကာလ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည်ပါ သည်။ ကျင်းပပြုလုပ်ကြမည့်ညီလာခံသည် ညီလာခံအဂါင်္ရပ်များနှင့် ပြည့်စုံမှုရှိ မရှိ၊ လွတ်လပ်မှုနှင့်တန်းတူရည်တူ ရှိ မရှိ၊ ပွင့်လင်း မြင်သာမှုနှင့်ရိုးဖြောင့်တည်ကြည်မှု ရှိ မရှိ ၊ ဆွေးနွေးဖက်အသီးသီးက အမြော်အမြင်ကြီးမှု ရှိ မရှိ စသည့်အချက်များအပေါ် မူတည်ပြီး ညီလာခံ၏ ရရှိချက်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု ပါတီက ယူဆပါသည်။ အကယ်၍ ညီလာခံရရှိချက်က ကောင်းခဲ့ပါက မိမိတို့ ပြည်သူတရပ်လုံးမျှော်လင့်နေကြသည့် အရှည်တည်တန့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ပြီး အမျိုးသားတန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း တည်ဆောက် သွားနိုင်လိမ့်မည် ...

သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအားဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။


ထုတ်ပြန်ချက်များ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာ

(၅၄) နှစ်ပြည့် ၇ ရက် ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

(၄၂) နှစ် ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အမိန့် ပြန်တမ်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄ / ၂၀၁၆)

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်နှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက် (၃ / ၂၀၁၆)

သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆)


ပါတီလှုပ်ရှားမှုများ

မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေး သို့တက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၂၀၁၈ မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန် မှော်ဘီ မန္တလေး မြင်းခြံ မုံရွာ ပခုက္ကူ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ ဗကသများအဖွဲ့ချုပ်ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မိမိတို့ကွန်ရက်အသီးသီး၏ လှုပ်ရှားဆောင်ရွက်နေပုံများကို တင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ သို့တက်ရောက် မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ UPDJC အဖွဲ့ဝင်များ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲပထမနေ့ သို့တက်ရောက် မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲပထမနေ့ကို ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

DPNS နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အဖွဲ့ တို့တွေ့ဆုံဆွေးနွေး အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့သည် ၂၀၁၈ မတ်လ ၁၄ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင်များ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခင်းအကျင်းအတွင်း လှုပ်ရှားဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ စိန်ခေါ်မှုများနှင့် အတူလက်တွဲဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ