ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

နီအောင်မေသု(ခ)ဦးသု ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ရဲဘော် နီအောင်မေသု(ခ)ဦးသု(၁၉၄၁-၂၀၀၂) ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၁၇၊၉၊၁၆ ရက် နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၊ သီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား၏ အဖွင့်အမှာစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားခဲ့ပြီး ဦးအောင်မေသု၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ဦးထင်အောင်မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ဦးမြတ်ဆွေ(ကိုးကိုးကျွန်းပြန်)၊ ဦးတင်အောင်(ကိုကိုးကျွန်းပြန်)၊ ကိုဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ဦးခင်ထွန်း(မင်းလှ NLD)၊ ဦးတင်သန်းဦး(နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)၊ ကိုလွှမ်းမိုးအောင်(ဦးအောင်မေသု သား)တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ အစည်းအဝေးကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၁၅၊ ၉၊ ၁၆ ရက် နေ့လည်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရန်ကုန်၊ မြင်းခြံနှင့် ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ကွန်ရက်အသီးသီး၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်နေမှုများ၊ မကြာမီက ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းရေးရရှိရန် ရှေ့ဆက်လုပ်ဆောင်သင့်သောကိစ္စရပ်များ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ညီညွတ်ရေး၊ တန်းတူရေး အစရှိသည်တို့အပေါ်တွင် အခြေခံသော သူမနာကိုယ်မနာငြိမ်းချမ်းရေးမူအား ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလက်ခံလာနိုင်ကြစေရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Strategic Planning Workshop on Party Building) ကို ၂၀၁၆၊ စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ဒေသအလိုက်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲပထမနေ့နှင့် ဒုတိယနှေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ Mr. Buenviwe Ferdinand က လူထုပါတီတရပ် တည်ဆောက်ရာတွင် အခြေခံသင့်သည့် အယူအဆ၊ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက အစုအဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။၂၀၁၃ခုနှစ်မှ ၂၀၁၆ အထိ ဆောင်ရွက်ရန်ချမှတ်ခဲ့ကြသော ပါတီတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ကြသည်။ ဆွေးနွေးပွဲတတိယနေ့တွင် ယခင်နေ့များမှ ...

EPDP ၏ လူထုအတွက် အကြံပြုချက် စာတမ်းအား အသိပေးတင်ပြသည့် အခမ်းအနား တိုင်းရင်းလူထုတိုးတက်ရေး မိတ်ဖက်အဖွဲ့(EPDP) က လူထုအတွက် အကြံပြုချက် စာတမ်းအား လွှတ်တော်၊ အစိုးရနှင့် တိုင်းပြည်သို့ အသိပေးတင်ပြသည့် အခမ်းအနားကို ၁၀၊ ၉၊ ၁၆ ရက်နေ့လည် ၁း၀၀ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းစာတမ်းတွင် အလုပ်သမားရေးရာ၊ တောင်သူလယ်သမားရေးရာ၊ အခြားအခြေခံလူထုအလွှာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟူ၍ လေ့လာတွေ့ရှိချက်များကို ကဏ္ဍအလိုက် ခွဲခြားဖော်ပြထားပါသည်။ EPDP မှ တာဝန်ရှိသူများက အဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များ၊ လ့တ်တော်ကိုယ်စားလှယ်များက ပြန်လည်အကြံပြု ဆွေးနွေးပြောကြားခဲ့ကြပါသည်။ အခမ်းးအနားသို့ ...

 


 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019

CJ Feed Myanmar စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက် အားပေးဝန်းရံ November 2, 2019

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ November 1, 2019

အလုပ်သမားရေးရာကော်မတီ(ရန်ကုန်တိုင်း) အစည်းအဝေး October 30, 2019

စကော့တလန်လွှတ်တော်အမတ်ဟောင်းနှင့် တွေ့ဆုံဆွေးနွေး October 25, 2019

မန္တလေးတွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ် October 22, 2019

“အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး”မြန်မာ့နွေဦးစကားဝိုင်း October 20, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ