ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

SNLD တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ရှမ်းတိုင်းရင်းသားများအဖွဲ့ချုပ်(SNLD)တည်ထောင်ခြင်း ၂၈ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၆၊ ၁၀၊ ၁၆ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ Panda ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုဦးဆောင်ကော်မီဝင် ဒေါ်နိုးနိုးထက်စံက ပါတီ၏သဝဏ်လွှာအား ဖတ်ကြားဂုဏ်ပြုခဲ့ပါသည်။

Gathering of women survivors သို့ ပါဝင်တက်ရောက် AJAR(Asia Justic and Rights) အဖွဲ့၏ စီစဉ်မှုဖြင့် ရှင်သန်လွတ်မြောက်လာသူအမျိုးသမီးများ တွေ့ဆုံပွဲ (Gathering of women survivors) ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၃၊၁၀၊ ၁၆ မှ ၂၆၊ ၁၀၊ ၁၆ အထိ လေးရက်တာ ပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲသို့ WON၊ KWEG၊ KWO၊ TWO၊ KWAT၊ ၀ိမုတ္တိအဖွဲ့တို့၏ စုစည်းမှုဖြင့် နိုင်ငံရေးအကျဉ်းသူဟောင်းများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ မြေသိမ်းယာသိမ်းခံတောင်သူများ၊ ကချင်၊ ကရင်၊ တအာင်းစစ်ဘေးဒုက္ခသည်များ၊ စစ်ကြောင့်ထိခိုက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးများ စုစုပေါင်း ၆၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည့် ...

မြင်းခြံမှိုင်းငြိမ်းကွန်ရက် နာယက ဦးအောင်သူ အသက်(၈၀)ပြည့်မွေးနေ့ မြင်းခြံမှိုင်းငြိမ်းကွန်ရက် နာယက ဦးအောင်သူ အသက်(၈၀)ပြည့်မွေးနေ့ ၁၉၆၁-၆၂ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ မြင်းခြံသပိတ်ကော်မတီ ဒုဥက္ကဋ္ဌ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်( မြင်းခြံ) နာယက ဦးအောင်သူ၏ အသက်(၈၀)ပြည့်မွေးနေ့ကို ၂၂၊ ၁၀၊ ၁၆ ရက်နေ့က မြင်းခြံမြို့၊ စွန်းလွန်းဂူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မွေးနေ့ပွဲသို့ အနယ်နယ်အရပ်ရပ်ရှိ စာပေ၊ အနုပညာနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မြင်းခြံဒေသခံ နိုင်ငံရေးအင်အားစုများ၊ မြင်းခြံမြို့နယ် DPNSရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်၍ အမှတ်တရဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးတက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးတက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၁၆၊ ၁၀၊ ၁၆ ရက်နေ့လည်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ရာ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် နယ်များရှိ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်စပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ့ငြိမ်းချမ်းရေး လက်ရှိအနေအထားများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု (၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗိုလ်အောင်ကျော် နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်မြို့နယ်ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်းဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

ပါတီဆိုင်းဘုတ်ကို ပြင်ဆင်ပြောင်းလဲပေးရခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းချက် သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၆)

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်း သဝဏ်လွှာ

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃ / ၂၀၁၅)

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆ / ၂၀၁၅)

 


အမြင်သဘောထား

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် DVB Debate DVB Debate မြန်မာ့နိုင်ငံရေး ပါတီစုံစနစ်လား တစ်ပါတီစနစ်လား

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး Hot News Journal Vol.8,No.369(10.11.2017) ပြည်သူ့မျှော်လင့်ချက် မဖြည့်ဆည်းနိုင်ရင် အစိုးရအပေါ် ယုံကြည်မှုကျလာနိုင်တယ် NLD အစိုးရ၏ ဆောင်ရွက်နေမှုများနှင့် လွှတ်တော်ဆောင်ရွက်နေမှုများအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်အား တွေ့ဆုံမေးမြန်းခဲ့သည်။ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်သူတွေအတွက် ဘာတွေ ဆောင်ရွက်နေတယ် ဆိုတာကို ပြောကြားပေးပါခင်ဗျာ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့ကတော့ ရွေးကောက်ပွဲပြီးတဲ့ကာလ ကစပြီးတော့ ပါတီတည်ဆောက်ရေးကိစ္စ၊ စုစည်းရေးကိစ္စနဲ့ ကျွန်တော်တို့ပါတီရဲ့ အသံတွေ၊ မူဝါဒ တွေကို လူထုထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရေးအတွက်ကို ဦးတည်ချက်ထားပြီးတော့ ပါတီ တည် ဆောက်ရေးကိစ္စကို ဆောင်ရွက်နေပါတယ်။ ပါတီတည်ဆောက်ရေးကိစ္စကို အဓိကထားပြီး ဆောင် ရွက်နေတယ်ဆိုပေမယ့် ပါတီတည်ဆောက်ရေးကိစ္စမှာ လက်တွေ့ပြည်သူတွေရဲ့ ဒုက္ခတွေ၊ ပြည်သူ တွေရဲ့ ခံစားမှုတွေ၊ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေနဲ့ ကင်းလွတ်ပြီးတော့ တည်ဆောက်လို့ မရဘူး။ ...

၅၊ ၁၁၊ ၂၀၁၇ နေ့ထုတ် စံတော်ချိန်နေ့စဉ်၊ အတွဲ ၅၊ အမှတ် ၁၆၄၅ နိုင်ငံရေးပါတီများ လွတ်လပ်စွာရှင်သန်ရေးတွင် အကန့်အသတ်များရှိနေဟု ဝေဖန် ပါတီစုံဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ အားကောင်းရန်လိုပြီး လက်ရှိတွင် နိုင်ငံရေးပါတီများ လွတ်လပ်စွာရှင်သန်ရေးအတွက် အကန့်အသတ်များရှိနေကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဝေဖန်လိုက်သည်။ ဝေဖန်ပြောကြား နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ အောခစ်ဟိုတယ်တွင်ပြုလုပ်သည့် “မြန်မာ့နိုင်ငံရေး – ပါတီစုံစနစ်လား၊ တစ်ပါတီစနစ်လား” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် DVB Debate အစီအစဉ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဝေဖန်ပြောကြားခြင်းဖြစ်သည်။ ဒီမိုကရေစီနှင့် ဆန့်ကျင်နေ နိုင်ငံရေးပါတီများ၏ သဘောထားထုတ်ပြန်ချက်နှင့် ကြေညာချက်များ ဥပဒေနှင့်မညီပါက အရေးယူသွား မည်ဟု ယခုရက်ပိုင်းအတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုထားရာ အဆိုပါအကြောင်းအရာသည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေသည်ဟု Debate ဝေဖန်မှုများလည်း ပြုလုပ်ခဲ့သည်။ ရှင်သန်ဖွံ့ဖြိုးဖို့လို “နိုင်ငံရေးပါတီတွေက ယနေ့အခြေအနေအောက်မှာ လွတ်လွတ်လပ်လပ် ရှင်သန်ဖွံ့ဖြိုးဖို့လိုတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly Journal အင်တာဗျူး ဒီမိုကရေစီအခြေခိုင်မာဖို့ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့လိုပါတယ်။ ထို့အတူပဲ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ဖို့ လိုအပ်ပါတယ်ဟု ဦးအောင်မိုးဇော် ပြောကြား ယခင်အစိုးရသက်တမ်းအတွင်းက အကောင်အထည်ဖော်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို NLD လူထု အစိုးရလက်ထက်တွင် ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် NCA စာချုပ်ချုပ်ဆိုခဲ့သည့်သက်တမ်းမှာ ၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရသည့် ၂၁ ရာစုပင်လုံညီလာခံနှင့် မျက်မှောက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းချက်အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ကွဲပြားခြားနားချက်များအပေါ် သုံးသပ် ဆွေးနွေး ဖြေကြားပေးစေလိုပါတယ်။ ကျနော်ကတော့ အဲ့ဒီ အသုံးအနှုန်းတွေ ဘယ်လိုကနေဘယ်လို ပေါက်ဖွါးလာသလဲ နားမလည်နိုင်ပါဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ။ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံကိုယ် သာယာငြိမ်းချမ်းဖို့၊ တရားမျှတဖို့၊ တန်း ...

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ