ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

SocDem Asia ကွန်ရက် ဆယ်နှစ်ပြည့် ကွန်ဖရင့်သို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက် ၂၀၁၉- သြဂုတ်- ၂၉။ ကွာလာလမ်ပူမြို့။ ………………………………………………………………………………… ၂၀၁၉၊ သြဂုတ်လ၊ ၂၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ဆိုရှယ်ဒီမိုကရေစီအေရှကွန်ရက်၏ ဆယ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် Breaking Through: A Decade of Democratic Struggleand and Victories ကွန်ဖရင့် ကျင်းပခဲ့ပါသည်။ Democratic Action Party မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းကွန်ဖရင့်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့ ...

လူ့ဘောင်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး (I See Media နှင့် အင်တာဗျူး) တပ်နှင့်လက်နက်ကိုင်အဖွဲ့များလွှမ်းမိုးသည့်ဒေသများတွင် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်မည်ဟု မယုံကြည်ကြောင်း တိုင်းရင်းသားပါတီများဆွေးနွေးခဲ့ဟုဆို (ရုပ်သံ) လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်နှင့်လက်နက်ကိုင်အဖွဲ့တွေ့ရဲ့လွှမ်းမိုးမှုတွေကြောင့် လာမယ့် ၂၀၂၀ရွေးကောက်ပွဲဟာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်ဆိုတာကို မယုံကြည့်ဘူးလို့ တိုင်းရင်းသားပါတီ တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ်မှာ ထည့်သွင်းဆွေးနွေးပြောကြားခဲ့တယ်လို့လည်း အဲ့ဒိဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့တဲ့ လူ့ဘောင်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁)ဖြစ်သူ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ တိုင်းရင်းသားပါတီတွေဘက်က ပြောဆို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဒေါ်နှင်းနှင်းမွှေးကပြောပါတယ်။ ကိုဖူးသစ်

DPNS မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းခြင်း ၂၂၊ ၈၊ ၂၀၁၉။ မန္တလေး။ မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းသည့်အစည်းအဝေးကို ၂၀၁၉၊ သြဂုတ်လ၊ ၂၂ ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ပါသည်။ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ တံတားဦးနှင့် ဌာနချုပ်ရဲဘော်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ တိုင်းကော်မတီဖွဲ့စည်းရေး ပြင်ဆင်ဆောင်ရွက်ခဲ့ပုံများကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းတင်ပြခဲ့ပြီး မန္တလေးတိုင်းရဲဘော်များကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် မန္တလေးတိုင်းကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ကြပြီး ...

မူဝါဒ ရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ၂၂၊ ၈၊ ၂၀၁၉။ သံလွင်ပါရာဒိုက်ဟိုတယ်၊ ဘားအံမြို့။ IRI မှ စီစဉ်ပြုလုပ်သည့် မူဝါဒရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် ဘားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

သခင်ကိုယ်တော်မှိုင်း (၁၄၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သ၀ဏ်လွှာ

နိုင်ငံတကာအမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၈)

နိုင်ငံတကာ အမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ သဘောထား ထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နှင်းမှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကြေငြာချက်

” တိုးတက်သော ဒီမိုကရက်တစ်အင်အားစု”၏ သဘောထားကြေငြာချက်(၂၆.၁၂.၂၀၁၇)

ဒုတိယအကြိမ်၊လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

ဦးသန့်ဈာပနလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် )၏ ဈာပနသို့ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြည်မြင့်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြည်မြင့်၏ ဆွေးနွေးချက် အပိုင်း(၁)

ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကျော်မြင့်၏ ဆွေးနွေးချက် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကျော်မြင့်၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂)

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ