ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

DPNS ပြည်ခရိုင်စည်းရုံးရေးကော်မတီ အစည်းအဝေး ကျင်းပ လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ပြည်​ခရိုင်​စည်းရုံးရေးကော်မတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို ၁၅-၇-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများ ပါတီ​ရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များအား ​​ဆွေး​နွေးညှိနှိုင်းခဲ့ကြပါသည်။

မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်ကို DPNS မှ ငွေလှူဒါန်း ၂၉-၆-၂၀၁၇ ရက်နေ့မှ စတင်ဆင်နွှဲလျက်ရှိသည့် မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ငွေကျပ်တစ်သိန်းလည်း ပေးပို့လှူဒါန်းခဲ့ပါသည်။ ၎င်းအလှူငွေနှင့် ကြေညာချက်တို့အား ၁၃-၇-၂၀၁၇ ရက်နေ့ ညဦးပိုင်းတွင် အောင်မြေသာဇံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါသည်။ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်၏ အဓိကလိုလားချက်များမှာ သဏ္ဌာန်ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခံနေရသော တောင်သူလယ်သမားများကို အမှုများပိတ်သိမ်း လွှတ်ပေးရေးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေး ညှိနှိုင်းခွင့်ရရေးတို့ ဖြစ်ပါသည်။

ပါတီဌါနချုပ်ရဲဘော်များ နှင့် မြင်းခြံ စည်းကော်မတီဝင်များ တွေ့ဆုံဆွေးနွေး လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်ပါတီဥက္ကဋ္ဌ ဦး​အောင်​မိုး​ဇော်​၊ အတွင်း​ရေးမှူး-၂ ​ဒေါ်နှင်းနှင်း​မွှေးတို့သည်​ ​မြင်းခြံမြို့နယ်​စည်းရုံး​ရေး​ကော်​မတီဝင်​များ၊ ပါတီရဲ​ဘော်​များနှင့်​ ​​တွေ့ဆုံ၍ အစည်း​အေ​ဝးကျင်းပ​ခဲ့ပါသည်​။ ၁၀-၇-၂၀၁၇ ​နေ့လည်​ပိုင်းတွင် မြင်းခြံမြို့နယ်​ DPNS ရုံး၌ ​တွေ့ဆုံခဲ့ကြခြင်းဖြစ်​သည်​။ ​အစည်းအ​​ဝေး​တွင်​ ပါတီဌာနချုပ်​၏ လက်​ရှိ​ဆောင်​ရွက်​​နေမှုများ၊ ပြည်​တွင်းပြည်​ပ မဟာမိတ်​ဆက်​ဆံ​ရေး အ​ခြေအ​နေများ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့်​ လုပ်ငန်း​​စဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပါသည်။ ​မြင်းခြံရဲ​ဘော်​များကလည်း ​ဒေသတွင်းအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​ထားရှိမှုများကို ပြန်​လည်​တင်​ပြ​ပေးကာ ​​ရှေ့လုပ်​ငန်းစဉ်​များကို ​ညှိနှိုင်း​ဆွေး​နွေးခဲ့ကြပါသည်​။

ဧရာဝတီတိုင်းပါတီစည်းရုံးတည်ဆောက်ရေးလုပ်ငန်းအစည်းအဝေးကို ရေကြည်​မြို့နယ်တွင်ကျင်းပ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦးတိုးတိုးထွန်းနှင့် ​လူ့​ဘောင်​သစ်​လူငယ်​ဗဟိုလုပ်​ငန်း​ကော်​မတီဝင်များသည်​ ဧရာဝတီတိုင်း​​ဒေသကြီး၊ ဟင်္သာတခရိုင်​၊ ရေကြည်​မြို့နယ်​ရှိ လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဝင်​များ၊ ဧရာဝတီတိုင်း လုပ်​ငန်း​ကော်​မတီဝင်​များနှင့်​ ၂၀၁၇၊ ဇူလို​င်​လ ၉ ရက်​​နေ့တွင်​ အစည်းအ​ဝေးကျင်းပခဲ့ပါသည်​။ အစည်းအ​ဝေးတွင်​ ဌာနချုပ်ရဲ​​ဘော်များက လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​လျက်​ရှိသည့်​ ကိစ္စရပ်​များ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့်​ ပါတီလုပ်​ငန်းစဉ်​များ၊ လူ့​ဘောင်​သစ်​လူငယ်​၏ မူဝါဒနှင့်​ လုပ်​ငန်းစဉ်​များကို ရှင်းလင်း​​တင်​ပြခဲ့ကြပါသည်​။ ဧရာဝတီတိုင်းရဲ​ဘော်​များကလည်း ​ဒေသအ​ခြေအ​နေများကို ပြန်​လည်​တင်​ပြခဲ့ကြပြီး ​ဒေသဆိုင်​ရာလုပ်​ငန်းစဉ်​များကို ​ဆွေး​နွေး​ခဲ့ကြပါသည်​။

 


ထုတ်ပြန်ချက်များ

သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု (၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗိုလ်အောင်ကျော် နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်မြို့နယ်ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်းဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

ပါတီဆိုင်းဘုတ်ကို ပြင်ဆင်ပြောင်းလဲပေးရခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းချက် သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၆)

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်း သဝဏ်လွှာ

 


အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး မေး – ၂၀၁၇ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားအမြင် သုံးသပ်ချက် များကို ဖြေကြားပေးစေလိုပါတယ်။ ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး။ တိုးတက် မလာဘူး။ တန့်နေတယ်။ တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလား လို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီ ဘောင်က ကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုပဲ။  မနေ့တစ်နေ့က မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ ကိစ္စဆိုရင် မီဒီယာသမားတွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ (ကျ ၄၆ – AAPP စာရင်းအရ) ရှိနေသေးတဲ့ကိစ္စဆိုရင် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ...

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့ ဆွေးနွေးချက် ၂၀၁၈ ခုနှစ်ထဲတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီလဲဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ MCN TV News ၏ “ မျက်မှောက်ရေးရာ သုံးသပ်စရာအစီအစဉ်”တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်များအား ကောက်နုတ်တင်ပြပေးလိုက်ပါသည်။ MCN TV News ။ ဆရာဦးအောင်မိုးဇော်အနေနဲ့ ဆိုရင်ရောဗျ၊ ဆရာတို့ပါတီအနေနဲ့ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲမှာ ဘယ်လိုမျိုး ပါဝင်ဖြတ်သန်းမလဲဆိုတာ။ ဦးအောင်မိုးဇော် ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့တော့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ...

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ရန်ကုန်တိုင်းကျောက်တံတားမြို့နယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာနှင့်DVB Editorial Talk  အစိုးရ ကတိက၀တ် ဖော်ဆောင်နိုင်မှုအပေါ် သုံးသပ်ချက် DVB : Editorial Talk https://youtu.be/QwdbArO-YvQ

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် Hot News Journal အင်တာဗျူး ၂၀၁၇၊ နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် Hot News Journal (Vol.8 , No.371) တွင် ဖော်ပြပါရှိသည့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး (ယခင်အပတ်မှ အဆက်)  အခွန်တွေကောက်ခံမူကို နိုင်ငံတကာမှာ ပွင့်လင်းမြင်သာစွာချပြပေမယ့် ခေတ်အဆက်ဆက်အစိုးရတွေက ပွင့်လင်းမြင်သာစွာ ချပြခဲ့တယ်လို့ မြင်ပါသလား။ သုံးသပ်ပြောကြားပေးပါ။ အမှန်တကယ်တော့ တစ်နှစ်တစ်ခါ ထုတ်ပြန်ပေးရတယ်။ ဝင်ငွေခွန်၊ သုံးစွဲခွန်တွေကို ထုတ်ပြန်ရတယ်။ အဲဒါတွေကို စစ်အစိုးရလက်ထက်မှာ နှစ်တော်တော်ကြာ အဲဒါတွေကို မလုပ်တဲ့အနေအထား ဖြစ်နေတယ်။ အဲဒါ ဆိုရင်တော့ မကောင်းဘူး။ အမှန်တကယ်က နှစ်စဉ်နှစ်တိုင်း လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်။  ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို အားရကျေနှပ်မူရှိပါသလားခင်ဗျာ။ ကျွန်တော်ထင်တာက လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက ဥပမာ ကျွန်တော်တို့ရန်ကင်းကိုယ်စား ...

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ