ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံးတွင် ဖေဖော်ဝါရီ၊ ၃ – ၄ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါသည်။ အစိုးရနှင့် အခြားအဖွဲ့အစည်းများ၏ မြေယာမူဝါဒများ၊ မြေယာဆိုင်ရာဥပဒေများကို မြေယာအရေးကျွမ်းကျင်သူများဖြစ်ကြသည့် ဦးသန့်စင်နှင့် ဦးမင်းအောင်သူတို့က ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ကြပါသည်။  တောင်သူလယ်သမားများ၏ အကျိုးစီးပွါး၊ ရင်းနှီးမြှုပ်နှံမှု၊ မြေယာပိုင်ဆိုင်ခွင့်၊ မြေယာနှင့် သယံဇာတ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ မြေယာပြဿနာများ၊ ပြန်လည်နေရာချထားရေး တို့အပါအ၀င် မြေယာအရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲသို့  ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ တောင်သူလယ်သမားများ၏ အကျိုးစီးပွါးနှင့် အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရန်၊ ဖက်ဒရယ်ကိုအခြေခံသည့် မြေယာမူဝါဒတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ပါသည်။ ကူညီဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အသရော်နှင့် ဇီးပွဲကျေးရွာအုပ်စုအပါအ၀င် ကျေးရွာလေးရွာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးငွေလင်းနှင့် ဦးအောင်မြင့်စိန်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၉၊ ဖေဖော်ဝါရီလ၊ ၃ရက်နှင့် ၄ ရက်နေ့များတွင် သာယာဝတီမြို့နယ်၊ ဒါဝိကျေးရွာအုပ်စု၊ အိပ်သဟာကျေးရွာအုပ်စု၊ အသရော်ကျေးရွာအုပ်စု၊ ဇီးပွဲကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ကြပါသည်။ တောင်သူလယ်သမားခေါင်းဆောင်များနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်တွင် ပြည့်စင်ကုန်းကျေးရွာ၌လည်းကောင်း၊ ညနေနှင့်ညပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအရ လယ်သမားများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ကြွေး(အမတော်ကြေး)ကို မဆပ်နိုင်ဘဲ ဖြစ်နေရကြောင်း၊ မဆပ်နိုင်ရသည့်အကြောင်းရင်းမှာ – ၂၀၁၅ နှင့် ၂၀၁၆ တွင် ၂ နှစ်ဆက်တိုက် တာကျိုးပြီး ...

သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲ တက်ရောက် သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ နံက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။

ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲကို ပါတီဌာနချုပ်ရုံး၌ ၂၀၁၉၊ ဇန်နဝါရီ၊ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင်က လက်ရှိပြဌာန်းထားသော အမျိုးသားပညာရေးမူဝါဒအပေါ် အမြင်သဘောထား၊ NNER ၏ ပညာရေးမူဝါဒ၊ နိုင်ငံတကာ ပညာရေးစနစ်များ၊ ကမ္ဘာ့ပညာရေးညီလာခံကချမှတ်ခဲ့သည့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ပညာရေးအကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လူတိုင်းအတွက်ပညာရေး (Education for All) ဟူသည့် သဘောထားခံယူချက်ဖြင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ရှိသင့်သည့် ပညာရေးမူဝါဒတရပ်ကိုဖော်ဆောင်ရာတွင် အခြေခံသင့်သည့်အချက်များကို အပြန်အလှန် ...

 


ထုတ်ပြန်ချက်များ

တကသအဆောက်အဦးနှင့်ပတ်သတ်သည့် သဘောထားထုတ်ပြန်ချက်

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇)

” (၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် DPNS ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ “

သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့DPNSမှပေးပို့သောသဝဏ်လွှာ

၁၂၇ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ဗိုလ်မှူးကြီးစောလွင်(ကယန်းပြည်သစ်ပါတီ)ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းသဝဏ်လွှာ

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့်အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ