ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

ဇီးကုန်း၊ သဲကုန်း၊ ပေါင်းတည် ပါတီဝင်များနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ၂၀၁၉၊ မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ပါတီ၏ နိုင်ငံရေးဦးတည်ချက် ၅ ရပ်၊ ပါတီတည်ဆောက်ရေး ရည်မှန်းချက် ၅ ရပ်၊ လတ်တလောလုပ်ငန်းစဉ် ၃ ရပ်တို့ကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် ပါတီလုပ်ငန်းစဉ်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်ကလည်းကောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဇီးကုန်း၊ သဲကုန်း၊ ပေါင်းတည်မြို့နယ်တို့မှ DPNS ရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတက်ရောက် ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ငြိမ်းချမ်းရေးဗိမာန်၌ ၂၀၁၉၊ မေလ ၁၀ ရက်နေနှင့် ၁၁ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ပထမ ရက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။ ...

ကိုကိုးကျွန်းပြန် ဦးတင်အောင်(ခ) စာရေးဆရာ ခမ်းဝင်း၏ ဈာပနအခမ်းအနား တက်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကိုကိုးကျွန်းပြန် ဦးတင်အောင်(ခ)အန်ကယ်ကြီး(စာရေးဆရာ ခမ်းဝင်း)(၁၉၄၂-၂၀၁၉)၏ ဈာပနအခမ်းအနားကို ၁၀၊ ၅၊ ၂၀၁၉ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့က ပန်းခြင်း၊ပန်းခွေများ ပေးပို့ပြီး လိုက်ပါပို့ဆောင် ဂါရဝပြုခဲ့ကြပါသည်။ ဦးတင်အောင်သည် ၁၉၆၅ ခုနှစ်တွင် တကြိမ်၊ ၁၉၈၉ ခုနှစ်တွင် တကြိမ် စစ်အာဏာရှင်တို့၏ နှစ်ကြိမ်တိုင်တိုင် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရပါသည်။ ၂၀၁၉၊ မေလ၊ ၈ ရက်နေ့တွင် ပြည့်မြောက်သည့် ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်မြောက်အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးရန် အလာလမ်းခရီး၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။

SYCB ကျောင်းသားလူငယ်အဖွဲ့ လာရောက်တွေ့ဆုံ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB)အတွင်းရေးမှူး ကိုခွန်းထက်စိုးနှင့် ခေါင်းဆောင်များသည် ၂၀၁၉၊ မေလ၊ ၈ ရက် နေ့လည်ပိုင်းတွင် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအား ပါတီဌာနချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် SYCB ၏ စုဖွဲ့မှုအခြေအနေ၊ တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ လက်ရှိ လုပ်ဆောင်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီခေါင်းဆောင်များကလည်း ပါတီဖြတ်သန်းမှုသမိုင်းအကျဉ်းနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ SYCB ပိုမိုခိုင်မာအားကောင်းလာရေးအတွက် ဆောင်ရွက်သင့်သည်များကိုလည်း ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ SYCB ကို ၁၉၉၆ တွင် စတင် ထူထောင်ခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားလူငယ်အဖွဲ့ပေါင်း ၁၁ ဖွဲ့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

 


ထုတ်ပြန်ချက်များ

တကသအဆောက်အဦးနှင့်ပတ်သတ်သည့် သဘောထားထုတ်ပြန်ချက်

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇)

” (၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် DPNS ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ “

သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့DPNSမှပေးပို့သောသဝဏ်လွှာ

၁၂၇ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ဗိုလ်မှူးကြီးစောလွင်(ကယန်းပြည်သစ်ပါတီ)ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းသဝဏ်လွှာ

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့်အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ