ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်လူငယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံဆွေးနွေး လူ့ဘောင်သစ်လူငယ် ဒုတိယအကြိမ် စုံညီအစည်းအဝေးက ရွေးချယ်တာဝန်ပေးအပ်လိုက်သည့် ဗဟိုစည်းရုံးရေးကော်မတီသစ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၁၁၊၁၊၁၇ ရက်နေ့နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ DPNS ဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ပါတီ၏ သဘောထားနှင့် ရပ်တည်ချက်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ လူ့ဘောင်သစ်လူငယ်၏ ခေါင်းဆောင်မှုအသစ်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို YNS ဥက္ကဋ္ဌ ကိုရဲအောင်အေး၊ အတွင်းရေးမှူး မအိသဉ္ဇာမောင်၊ တွဲဘက်အတွင်းရေးမှူး ကိုပြည့်ဘုန်းပိုင်နှင့် ကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလောဆောင်ရွက်ရန်ကိစ္စများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေး(၈.၁.၂၀၁၇) ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၈၊ ၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ၄၊၁၊၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားကြေညာချက်နှင့် ပတ်သက်သောကိစ္စများ၊ နယ်များတွင် မှိုင်းငြိမ်းကွန်ရက်များ တိုးချဲ့ဖွဲ့စည်းရေး၊ ရွှေတောင်မြို့ ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်တည်ဆောက်ရေး အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၏ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲ(၈.၁.၂၀၁၇) ၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်မှ စီစဉ်ကျင်းပသော ကွယ်လွန် အလုပ်သမားရဲဘော်ကြီးများအတွက် ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲကို ၈၊၁၊၁၇ ရက်နေ့က အင်းစိန်မြို့နယ်ရှိ အောင်ဇေယျဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ သက်ရှိထင်ရှား သပိတ်မှောက်အလုပ်သမားဟောင်းကြီးများ၊ ကွယ်လွန်သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေနိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ကွယ်လွန်သူရဲဘော်ကြီးများအတွက် ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲကို ၅ ၊၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ YNS ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲတွင် လူ့ဘောင်သစ်လူငယ် သမိုင်းကြောင်း၊ မူဝါဒ၊ ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ သတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

တကသအဆောက်အဦးနှင့်ပတ်သတ်သည့် သဘောထားထုတ်ပြန်ချက်

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇)

” (၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် DPNS ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ “

သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့DPNSမှပေးပို့သောသဝဏ်လွှာ

၁၂၇ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ဗိုလ်မှူးကြီးစောလွင်(ကယန်းပြည်သစ်ပါတီ)ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းသဝဏ်လွှာ

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့်အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ