ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ကျင်းပ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီ သုံးလပတ်အစည်းအဝေးကို ၂၀၁၉၊ မတ်လ ၃၀ နှင့် ၃၁ ရက်များတွင် မေတ္တာစင်တာ(ပဲခူး)၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် NNER လတ်လောဆောင်ရွက်ရမည့်ကိစ္စများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ ရွှေဝါရောင်ဦးဆောင်သံဃာတော်၊ နိုင်ငံရေးပါတီ၊ အလုပ်သမား၊ လယ်သမား၊ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် အစရှိသည့် လူထုလူတန်းစား အလွှာအသီးသီးမှ ခေါင်းဆောင်များက ဂူဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး သ၀ဏ်လွှာများလည်း ပေးပို့ခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် “ငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားသိုင်း ပြုလုပ်ခဲ့ပါသည်။ ဦးစိုင်းညွန့်လွင်(စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်)၊ ဦးကြီးမြင့်(ဥပဒေပညာရှင်)၊ ဦးတင်အေးကြူ(မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင်)တို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အခမ်းအနားကို ရွှေတောင်မြို့ရှိ DPNS ရုံး၌ ကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် ဆရာကြီးမွေးဖွားရာဇာတိဖြစ်သည့် ရွှေတောင်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်၍ ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်၊ မုံရွာမှိုင်းငြိမ်းကွန်ရက်၊ ပခုက္ကူမှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များအစည်းအဝေး ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များ၏ အစည်းအဝေးကို ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးရုံးခန်း၌ ၂၀၁၉၊ မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းတို့က ဦးဆောင်ပြီး ပါတီ၏ မူဝါဒ၊ သဘောထားနှင့် ဒေသအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ဒေသခံခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ဦးသန့်ဈာပနလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် )၏ ဈာပနသို့ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (၂၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက်နေ့ သဘောထားထုတ်ပြန်ချက် (၇/ ၂၀၁၇)

မိမိတို့တိုင်းပြည်အတွင်းလက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် သဘောထား ထုတ်ပြန်ချက်(၆/၂၀၁၇)

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်(၂၉.၈.၂၀၁၇)

၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

(၂၉) နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၄၆ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သောသဝဏ်လွှာ

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးထွန်းဝင်းငြိမ်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြည်မြင့်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြည်မြင့်၏ ဆွေးနွေးချက် အပိုင်း(၁)

ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကျော်မြင့်၏ ဆွေးနွေးချက် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကျော်မြင့်၏ ဆွေးနွေးချက်

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ