ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား September 18, 2016

နီအောင်မေသု(ခ)ဦးသု ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား September 17, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ အစည်းအဝေးကျင်းပ September 15, 2016

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး September 15, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ September 14, 2016

EPDP ၏ လူထုအတွက် အကြံပြုချက် စာတမ်းအား အသိပေးတင်ပြသည့် အခမ်းအနား September 10, 2016

အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြင့်တင်ရေးသင်တန်း တက်ရောက် September 10, 2016

ပါတီစည်းရုံးရေးစာစဉ်၊ အတွဲ(၁)၊ အမှတ်(၂)၊ စက်တင်ဘာ ၂၀၁၆ September 5, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကျင်းပ September 4, 2016

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် August 31, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားများ၏ သပိတ်မှောက်တောင်းဆိုတိုက်ပွဲဝင်နေမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁ /၂၀၁၅) ၁။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ကျောင်းသားများ၏ (၄) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုသည် တရားနည်းလမ်းကျသည့်တောင်းဆိုမှု ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ၂။ ထိုသို့ (၄)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေးအတွက် ကျောင်းသားထု၏ ခိုင်မြဲသည့်သဘောထားကို ငြိမ်းချမ်းစွာ ထုတ်ဖေါ် ပြသနေသည့် သပိတ်မှောက်ခြင်း၊ ရန်ကုန်ကိုဦးတည်ပြီး ချီတက်ပွဲများပြုလုပ်နေခြင်းများကို မိမိပါတီက အပြည့်အ၀ ထောက်ခံဝန်းရံသွားမည် ဖြစ်ပါသည်။ ၃။ ငြိမ်းချမ်းစွာ သပိတ်မှောက်ချီတက်လာနေသော ကျောင်းသားများနှင့် လမ်းတလျှောက် ကြိုဆိုထောက်ခံပြီး၊ပူးပေါင်းဆောင်ရွက်နေသော ကျောင်းသူ ကျောင်းသားများအပေါ် အင်အားသုံး အကြမ်းဖက်မှုမျိုး မပြုဘဲ၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ၄။ ၂၀၁၄ခု၊စက်တင်ဘာလ ၃၀ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့်အမျိုးသားပညာရေးဥပဒေသည် ကျောင်းသား များ၊ ...

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ပေးပို့သောလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ ၁။ မန္တလေး ဒေသတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ စသည့် အင်အားစုပေါင်းစုံပါဝင်လျက် ကျင်းပပြုလုပ်သည့် ယနေ့ လူထုစည်းဝေးပွဲကြီးသည် နိုင်ငံသားပြည်သူတို့က မိမိတိုအရေးကို မိမိတို့ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေ၊းအဖြေရှာကြရန် အားထုတ်၊ကြိုးပမ်းမှုကြီးတစ်ရပ်အဖြစ် မိမိတို့ပါတီက လှိုက်လှဲစွာ ထောက်ခံ၊ကြိုဆိုအပ်ပါသည်။ ၂။ မိမိတို့နိုင်ငံအတွင်း အနိမ့်ဆုံးအခြေခံလစာကဲ့သို့ အခွင့်အရေးမျှကိုပင် ရေရာစွာ အာမခံချက်မရရှိဘဲ မိမိတို့အခြေခံ ရပိုင်ခွင့် များအတွက် တောင်းဆိုလှုပ်ရှားနေကြသော အလုပ်သမားများ၊ မိမိတို့ပိုင် လယ်ယာမြေများ လက်လွတ်ဆုံးရှုံးနေကြရခြင်းအတွက်တရားမျှတစွာ ပြန်လည်ရရှိရေးနှင့် မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သော မြေယာဆိုင်ရာ မူဝါဒများ ဥပဒေများရေးဆွဲရာ၌ မိမိတို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး၊ဆုံးဖြတ်ခွင့် ရရှိရေးများအတွက်အသက်စွန့်ဆံဖျား အားထုတ်တောင်းဆိုနေကြသော လယ်သမားများ၊ ဒီမိုကရေစီပညာရေးစံနစ် ပေါ်ပေါက်၊ဖွံ့ဖြိုးနိုင်ရေးနှင့် ကျောင်းသားနှင့်ဆရာ ကိုယ်စားလှယ်များကိုယ်တိုင် အကျေအလည် ပါဝင်ဆွေးနွေး၊ပြဋ္ဌာန်းနိုင်သော ...

လက်ပန်းတောင်းဒေသ အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သတ်သော သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၄)

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ


ပါတီလှုပ်ရှားမှုများ

(၂၁)ရာစုပင်လုံဒုတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ မေလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ MICC II ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

DPNS နှင့် YNS အစည်းအဝေးကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များသည် ၂၀၁၇၊ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များက ၎င်းတို့၏ ဆောင်ရွက်ထားမှုများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ပါတီခေါင်းဆောင်များကလည်း လိုအပ်ချက်များကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။

IRI ၏ နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းတက်ရောက် IRI က စီစဉ်ကျင်းပသည့် နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းကို ၁၂၊၅၊၁၇ ရက်နေ့တွင် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံရေးပါတီများ၏ အခြေခံအုတ်မြစ် အားကောင်းခိုင်မာရေး၊ ရွေးကောက်ပွဲကြားကာလ လုပ်ငန်းစဉ်များ၊ ပါတီရုံးခွဲများ၏ လုပ်ငန်းများ၊ ပြည်သူဗဟိုပြု လုပ်ငန်းများ၊ မည်သို့မည်ပုံ ချဉ်းကပ်လုပ်ဆောင်မည့်အချက်များ၊ ပါတီတရပ် ရပ်တည်ရှင်သန်ကြီးထွားရေးနှင့် သက်ဆိုင်သောအချက်များ၊ မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးလုပ်ငန်းများ၊ မဲဆွယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ လူ့ဘာင်သစ်ဒီမိုကရက်တစ်ပါတီ(ဘားအံမြို့နယ်) အပါအဝင် နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြပါသည်။

SocDem Asia ၏ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းတက်ရောက် SocDem Asia ၏ စီစဉ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံမှ ကိုမျိုးစော့ (လူ့ဘောင်သစ်လူငယ်)နှင့် ကိုစိုင်းလောင်ကွန်း( SNLD)တို့ တက်ရောက်လျက်ရှိပါသည်။ ၁၁၊ ၅၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်အောက်လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ရာ အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေပြုပုံအဆင့်ဆင့်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီကြား ဆက်ဆံရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးအခြေအနေအကျဉ်းတို့ကို ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ