ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

အသရော်နှင့် ဇီးပွဲကျေးရွာအုပ်စုအပါအ၀င် ကျေးရွာလေးရွာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးငွေလင်းနှင့် ဦးအောင်မြင့်စိန်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၉၊ ဖေဖော်ဝါရီလ၊ ၃ရက်နှင့် ၄ ရက်နေ့များတွင် သာယာဝတီမြို့နယ်၊ ဒါဝိကျေးရွာအုပ်စု၊ အိပ်သဟာကျေးရွာအုပ်စု၊ အသရော်ကျေးရွာအုပ်စု၊ ဇီးပွဲကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ကြပါသည်။ တောင်သူလယ်သမားခေါင်းဆောင်များနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်တွင် ပြည့်စင်ကုန်းကျေးရွာ၌လည်းကောင်း၊ ညနေနှင့်ညပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအရ လယ်သမားများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ကြွေး(အမတော်ကြေး)ကို မဆပ်နိုင်ဘဲ ဖြစ်နေရကြောင်း၊ မဆပ်နိုင်ရသည့်အကြောင်းရင်းမှာ – ၂၀၁၅ နှင့် ၂၀၁၆ တွင် ၂ နှစ်ဆက်တိုက် တာကျိုးပြီး ...

သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲ တက်ရောက် သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ နံက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။

ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲကို ပါတီဌာနချုပ်ရုံး၌ ၂၀၁၉၊ ဇန်နဝါရီ၊ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင်က လက်ရှိပြဌာန်းထားသော အမျိုးသားပညာရေးမူဝါဒအပေါ် အမြင်သဘောထား၊ NNER ၏ ပညာရေးမူဝါဒ၊ နိုင်ငံတကာ ပညာရေးစနစ်များ၊ ကမ္ဘာ့ပညာရေးညီလာခံကချမှတ်ခဲ့သည့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ပညာရေးအကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လူတိုင်းအတွက်ပညာရေး (Education for All) ဟူသည့် သဘောထားခံယူချက်ဖြင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ရှိသင့်သည့် ပညာရေးမူဝါဒတရပ်ကိုဖော်ဆောင်ရာတွင် အခြေခံသင့်သည့်အချက်များကို အပြန်အလှန် ...

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲပြုလုပ် ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွါးလျက်ရှိသည့် ပဋိပက္ခများနှင့်င့်ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV) October 18, 2019

ပါတီကိုလည်းကြည့် လူကိုလည်းကြည့်ဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပြော (Kamayut) October 15, 2019

ပါတီ ၃၁ နှစ်ပြည့် အခမ်းအနား VOA ၏ ဖော်ပြချက် October 15, 2019

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော October 14, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း (၃၁) နှစ်ပြည့် သဘောထား ထုတ်ပြန်ကြေညာချက် ( ၃ / ၂၀၁၉) October 14, 2019

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ