ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

Myanmar Network Organization for Free and Fair Elections အဖွဲ့နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး May 21, 2019

အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ၏ ပြင်​ဆင်​ချက်​အချို့အား လွှတ်​​တော်​က အတည်​ပြုလိုက်​သည့်ကိစ္စနှင့်​ပါတ်​သက်​သည့် သတင်းစာရှင်းလင်းပွဲကျင်းပ May 20, 2019

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသည့် တတိယအကြိမ်မြောက်အစည်းအဝေးတက်ရောက် May 20, 2019

ABSDF ခေါင်းဆောင် ရဲဘော်ကိုကျော်ကိုအတွက် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီမှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ May 19, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပြည်မြို့တွင် ပြုလုပ် May 18, 2019

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ် ပြုလုပ် May 17, 2019

ဖြူစင်အလင်းရောင် ပညာဒါနကျောင်းမှ ကျောင်းသူကျောင်းသားများအား ပညာရေးစနစ်နှင့် နိုင်ငံရေးအခြေအနေများ မျှဝေပြောကြား May 16, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ် May 16, 2019

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်.. May 16, 2019

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ် May 16, 2019


အမြင်သဘောထား

ပါတီဥက္ကဋ္ဌဌ ဦးအောင်မိုးဇော်နှင့် 7Dayဂျာနယ်အင်တာဗျူး ၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများပါဝင် ဖွဲ့စည်းခဲ့သော လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလ၌ နဝတအစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံလိုက်ရသော်လည်း လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံတွင် ဆက်လက် ရှင်သန်နေဆဲပင် ရှိသည်။ ယခုအခါ မြန် မာနိုင်ငံ၏ ဖြစ် ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးအောင်မိုးဇော် နှင့် 7Day က ...


ထုတ်ပြန်ချက်များ

လက်ပန်းတောင်းဒေသ အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သတ်သော သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၄)

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ကချင်လွတ်လပ်ရေးတပ်မတော်ဗိုလ်သင်တန်းကျောင်းသားများ ကျဆုံးထိခိုက်ကြရမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက် (၃ / ၂၀၁၄)

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

သဘောထားထုတ်ပြန်ကြေညာချက် (၁/ ၂၀၁၄)

(၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ (၂၆) နှစ်ပြည့် တည်ထောင်ခြင်းနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ

(၅၂) နှစ်ပြည့် ၇ – ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ


ပါတီလှုပ်ရှားမှုများ

Myanmar Network Organization for Free and Fair Elections အဖွဲ့နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး Myanmar Network Organization for Free and Fair Elections အဖွဲ့ဝင်များသည် ယနေ့(၂၁၊ ၅၊၂၀၁၉) နေ့လည်ပိုင်းတွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ၂၀၂၀ ရွေးကောက်ပွဲကို တရားမျှတ၍ ဘက်လိုက်မှုမရှိသည့်ရွေးကောက်ပွဲဖြစ်လာစေရန်အတွက် လိုအပ်ချက်များ၊ မဲစာရင်းမှန်ကန်ရေး၊ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်၊ တဆက်တည်း ဆယ်နှစ်နေထိုင်သူများကိုသာ ရွေးကောက်ပွဲဝင်ခွင့်ပြုရာတွင်လည်း ခြွင်းချက်ထားရှိသင့်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများကြား ဆက်ဆံရေးအခြေအနေ စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ၏ ပြင်​ဆင်​ချက်​အချို့အား လွှတ်​​တော်​က အတည်​ပြုလိုက်​သည့်ကိစ္စနှင့်​ပါတ်​သက်​သည့် သတင်းစာရှင်းလင်းပွဲကျင်းပ ၂၀၁၂ အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ၏ ပြင်​ဆင်​ချက်​အချို့အား ပြည်​​ထောင်​စုလွှတ်​​တော်​က အတည်​ပြုလိုက်​သည့်ကိစ္စနှင့်​ပါတ်​သက်​သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ Myanmar Press Freedon Center ၌ ၂၀၁၉၊ မေလ၊ ၂၀ရက် နေ့လည်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ဤသတင်းစာရှင်းလင်းပွဲကို အလုပ်​သမားအဖွဲ့ချုပ်​​များ အပါအ၀င်​ အလုပ်​သမားအ​ရေး ဆောင်ရွက်နေကြသည့် အရပ်​ဖက်​အဖွဲ့အစည်း​ စုစု​ပေါင်း ၁၃ ဖွဲ့က စု​ပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ အလုပ်​သမား အငြင်းပွားမှု​ဖြေရှင်းခြင်းဥပ​ဒေတွင် ပြင်​ဆင်​ချက်​​များ စတင်​​ရေးဆွဲ​စဉ်ကပင် အလုပ်​သမား​အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်း​များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက အလုပ်​သမားများကိုယ်​စား သက်​ဆိုင်​ရာ လွှတ်​​တော်​​ရေးရာ​ကော်​မတီ​များ၊ ၀န်​ကြီးဌာနတာဝန်​ရှိသူ​များအား ချဉ်းကပ်​၍ အလုပ်​သမားအခွင့်​အ​ရေးများ နစ်​နာဆုံးရှုံးမှုမရှိ​စေ​ရေး ဆွေး​နွေးတင်​ပြခဲ့ကြပါသည်။ ယင်းတင်ပြချက်များသည် အလုပ်​သမားထု၏ သ​ဘောထားဆန္ဒ၊ အမှန်​လိုလားချက်​များဖြစ်​​ကြောင်းကို အစိုးရနှင့်​ လွှတ်​​တော်​တို့သိရှိ​စေရန်အတွက် အလုပ်​သမားဆန္ဒထုတ်​​ဖော်​ပွဲများလည်း အကြိမ်​ကြိမ်​ပြုလုပ်​ခဲ့ကြပါသည်။ သို့သော်​လည်း ယခုပြင်​ဆင်​ချက်​များသည်​ အလုပ်သမားထုဆန္ဒကို မျက်​ကွယ်​ပြု၍ လုပ်​ငန်းရှင်​များအလိုကျ ​ရေးဆွဲပြဋ္ဌာန်း အတည်​ပြုလိုက်​ခြင်းဖြစ်​ပြီး ကုလသမဂ္ဂလူ့အခွင့်​အ​ရေး​ကြေညာစာတမ်းပါအချက်​များနှင့်​ ILO ...

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသည့် တတိယအကြိမ်မြောက်အစည်းအဝေးတက်ရောက် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသည့် တတိယအကြိမ်မြောက် အစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ UNDO ရုံးတွင် ၂၀၁၉၊ မေလ၊ ၂၀ ရက်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ရခိုင်ဒေသအတွင်း ဖြစ်ပွါးနေသော ထိုးစစ်၊ တိုက်စစ်များကြောင့် ဒေသခံများ ထိခိုက်ခံစားနေရသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရန်အတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် SYCB၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ Burma Monitor ၊ အသံ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့တို့ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပြည်မြို့တွင် ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပြည်မြို့၊ တော်ဝင်ရတနာခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်းကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲပထမနေ့ဖြစ်သည့် မေလ ၁၇ ရက်နေ့တွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။ ပေါင်းတည၊် ရွှေတောင်၊ ပေါက်ခေါင်း၊ ပြည်မြို့တို့ရှိ DPNS ရဲဘော်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ HRDP (ပြည်)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ CPRCG, ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂ(ပန်းတောင်း)၊ အရှိုချင်းယဉ်ကျေးမှုအဖွဲ့ဝင်များ စုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ