ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

NNER အစည်းအဝေးသို့တက်ရောက်(ဒုတိယနေ့) NNER(ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ဒုတိယနေ့ကို ၂၉၊၃၊၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ၊ ဗကသများအဖွဲ့ချုပ်၊ တိုင်းရင်းသားကျောင်းသားသမဂ္ဂများ၊ ပညာရေးအပြောင်းအလဲကို စိတ်ပါဝင်စားသည့် ဒေသခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ နံနက်ပိုင်း၌ ဒေါက်တာအာကာမိုးသူက အဖွင့်အမှာစကား ပြောကြားပေးပြီးနောက် “လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် အနာဂတ်ပညာရေး အလားအလာ” ခေါင်းစဉ်ဖြင့် ဒေါက်တာသန့်လွင်မောင်(ကိုတာ)၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာကျော်သူ၊ ဦးမြင့်ဇော်တို့က ...

NNERကိုယ်စားပြုကော်မတီအစည်းအဝေးသို့တက်ရောက် NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ပထမနေ့ကို ၂၈၊၃၊၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ NNER ကိုယ်စားလှယ်များ၊ လုပ်ငန်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်နှင့်တိုင်းကိုယ်စားလှယ်များ၊ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက မိမိတို့ဒေသအသီးသီးတွင် ဆောင်ရွက်ထားရှိချက်များ၊ ဒေသအခြေအနေများ၊ အတွင်းရေးမှူးအဖွဲ့ အစီရင်ခံစာတို့ကို တင်ပြအစီရင်ခံခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ကျောင်းသားသမဂ္ဂအဆောက်အဦနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် “ကျောင်းသားသမဂ္ဂအဆောက်အဦနှင့် ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ”တရပ်ကို ၂၆၊ ၂၊ ၁၇ ရက်နေ့ နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ၁၉၅၃ ခုနှစ်မှစ၍ ယနေ့ကာလအထိ ကျောင်းသားမျိုးဆက်အသီးသီး၏ သဘောထားများကို ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက်များကို စုစည်းရရှိခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကဗျာသဘင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် “စာနယ်တခွင်က မှိုင်းရဲ့ ကဗျာသဘင်” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပွဲကို လမ်းမတော်သံဈေး ၅ လွှာရှိ Myanmar Book Plaza တွင် ၂၆၊၃၊၁၇ ရက်နေ့လည် ၁:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် Myanmar Book Plaza တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ ဆရာကြည်နိုင်၊ ဆရာချစ်ဦးညို ၊ ဆရာအောင်စောဦး၊ ဆရာမောင်နွေထက်၊ ဆရာထွန်းဝင်းငြိမ်းတို့က ဆရာကြီး၏ ငြိမ်းချမ်းရေးသဘောထား၊ မျိုးချစ်စိတ်ဓာတ်၊ လွတ်လပ်ရေးလှုပ်ရှားမှု၊ မှိုင်းရာပြည့်လှုပ်ရှားမှုတို့ကို ...

 


ထုတ်ပြန်ချက်များ

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဥပဒေပြုဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ကြောင်း ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်

ဝါးစိမ်းတောင် ဓာတ်သတ္တုစမ်းသပ်တူးဖေါ်ရေးစီမံကိန်း ကန့်ကွက်ပွဲသို့ ထောက်ခံကြိုဆိုပေးပို့သော သဝဏ်လွှာ

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးဆိုင်ရာ သဘောထားန်ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၏ တောင်သူလယ်သမားညီလာခံ (ပြည်) သို့ ပေးပို့သော DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ

၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ

ဇွန် ၆ အလုပ်သမားတိုက်ပွဲ (၄၅) နှစ်မြောက် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲ သဘောထားထုတ်ပြန်ချက်

ABSDF ခေါင်းဆောင် ရဲဘော်ကိုကျော်ကိုအတွက် DPNS မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

 


အမြင်သဘောထား

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း အယ်ဒီတာစကားဝိုင်း ဦးအောင်မိုးဇော် (ဥက္ကဌ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) မဇင်မာဦး (MYFREL ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့) ဦးတိုးဇော်လတ် (DVB)

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) ဦးငွေလင်း ( ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) ၄၊ နိုဝင်ဘာ၊ ၂၀၁၉။  Eleven ရုပ်သံ တကယ်ကတော့ သူတို့ ကတိက၀တ်ကတော့ သုံးခုပေါ့ဗျာ။ ကျနော်သိသလောက်ကတော့။ ငြိမ်းချမ်းရေးလုပ်မယ်၊ ဖွဲ့စည်းပုံပြင်မယ်၊ တရားဥပဒေစိုးမိုးရေးလုပ်မယ်ပေါ့ဗျာ။ အခု ကျနော်တို့ကြည့်ရင် အားလုံးမြင်တာပဲလေ။ Eleven အပါအ၀င် မီဒီယာအားလုံးလည်း မြင်ပါတယ်။ လူထုတွေလည်း မြင်ပါတယ်။ သုံးခုလုံး မရေမရာ ဖြစ်နေတယ်။ ကြိုးစားအားထုတ်တာ၊ ဆောင်ရွက်တာ စသည်ဖြင့်၊ ဒေါ်စုအင်တာဗျူးထဲမှာလည်း ပါတယ်။ အားလုံးလည်း မြင်တယ်။ အားရစရာ မရှိဘူးလေ။ အဲဒီတော့ ဒါတွေက ဒီထက် အားရစရာရှိအောင် ဆောင်ရွက်သင့်တာတော့ အမှန်ပဲ။ မဆောင်ရွက်နိုင်ဘူးဆိုရင်တော့၊ လမ်းဆုံးရောက်အောင် မသွားနိုင်ဘူးဆိုရင်တော လူထုရဲ့ အကဲဖြတ်ချက်မှာ အမှတ်လျော့မှာတော့ အမှန်ပဲ။   အချက်အလက်တချို့ကတော့ ဦးသိန်းစိန်အစိုးရဆီက အာဏာလွှဲပြောင်းရယူတဲ့ ကာလတွေမှာ တစုံတရာ ညှိနှိုင်းကြတယ်လို့ ဆိုတယ်။ နှစ်နှစ်အတွင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးကို မစသေးဘူးဆိုတဲ့ ကတိက၀တ် ရှိတယ်လို့ ...

၂၀၂၀ အတွက် ပါတီတွေ နောက်ဖေးပေါက်က ဝင်လာသူတွေကိုပဲ အမတ်လောင်းရွေးမှာလား (MCN News) “၂၀၂၀ အတွက် ပါတီတွေ နောက်ဖေးပေါက်က ဝင်လာသူတွေကိုပဲ အမတ်လောင်းရွေးမှာလား” ဒုတိယ ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ဆွေးနွေးချက် (MCN News) https://www.youtube.com/watch?v=OzxzimLQtYM&fbclid=IwAR1WH3lsMSHXCUvba7ip4nL19tj6bQD21WL0ToDsHR_bT_K4LZlSzQY0HMs

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော အောက်တိုဘာ ၁၄၊ ၂၀၁၉။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ