ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  

 DPNS လူထုစည်းရုံးရေးခရီးနှင့် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ

မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ပါတီထောက်ခံသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆီမီးခုံ၊ ကွေ့ကြီး၊ ကတော၊ ကုလ၊ လှိုင်းတက်ရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ညနေပိုင်းတွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများက မရိုးကုန်းကျေးရွာ၌ ရပ်ကျေးဆိုင်းဘုတ် စိုက်ထူခဲ့ကြပါသည်။

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီးစဉ်

မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ပင်အိုင်၊ ဆုံရွာ၊ တဲကြီးကုန်း၊ မြစ်သာ၊ ငနန်း၊ နံ့သာလှိုင်၊ ညောင်ပင်သာ အစရှိသည့် ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ၎င်းကျေးရွာများရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။ ရွေးကောက်ပွဲအနိုင်ရရှိပါက ပါတီကဆောင်ရွက်ပေးမည့်ကိစ္စရပ်များနှင့် ပါတီ၏မူဝါဒများ၊ ရပ်တည်ချက်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်လူထုစည်းရုံးရေးခရီးစဉ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ကျားတိုင်း၊ သိမ်ရွာ၊ ရွာရှည်၊ ဆင်းဂွတ်၊ မရိုးကုန်းရွာများရှိ ကျေးလက်နေပြည်သူတို့ထံသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှပြီး ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒသဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

DPNS ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုစည်းရုံးရေးခရီးစဉ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြင်းခြံမြို့နယ် ဂင့်ဂဲ၊ ဥဒယ၊ စားကြူး၊ ကန်တော်ရွာများရှိ ကျေးလက်နေပြည်သူများထံသို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူ့အသံ၊ DPNS အသံ ဖြစ်စေရန်အတွက် ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝအခြေအနေများကိုလည်း လေ့လာခဲ့ကြပါသည်။

DPNS ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုစည်းရုံးရေးခရီး

မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆင်ချောင်း၊ ကိုင်း၊ ရန္တပို၊ ညောင်တိုကျေးရွာများရှိ ကျေးလက်နေပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း လူထုအသံ၊ DPNS အသံ ဖြစ်စေရန်အတွက် ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝအခြေအနေများကိုလည်း လေ့လာခဲ့ကြပါသည်။

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီး

၂၀၁၈၊ စက်တင်ဘာ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ် စည်းရုံးရေးကော်မတီဝင်များသည် ရွာသာကုန်းကျေးရွာ၌ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲအပြီးတွင် ပါတီကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ပြီး ရွာသာကုန်းကျေးရွာနှင့် အနီးအနားရွာများရှိ ကျေးလက်နေပြည်သူများထံသို့လည်း သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း စည်းရုံးရေးဆင်းခဲ့ကြပါသည်။

SYCB ၏ မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ဆွေးနွေး

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၏ ၁၀ ကြိမ်မြောက်ညီလာခံသက်တမ်းအကြို မဟာ ဗျူဟာအလုပ်ရုံဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၆ ရက်မှ ၈ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုမဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး(၉၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာ ၉ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်အမှတ် ၁၇၊ ၁၈၊ ၇(ခ)၊ ၄(အေးကျင်း) ရပ်ကွက်များရှိ ပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒများကို ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

SYCB-Youth Training Center တွင် ဖက်ဒရယ်စနစ်အကြောင်းသင်တန်းပြုလုပ်

SYCB-Youth Training Center တွင် ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖက်ဒရယ်စနစ်အကြောင်း ၅ ရက်တာသင်တန်း ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံ သွားရောက်၍ သင်တန်းပို့ချခဲ့ပါသည်။

ပါတီဌာနချုပ်၊ ပြည်ခရိုင်စည်းရုံးရေးကော်မတီနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီတို့ အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်၊ ပြည်ခရိုင်စည်းရုံးရေးကော်မတီနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟက ဌာနချုပ်၏ ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ခရိုင်စည်းရုံးရေးကော်မတီဝင်များနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များကလည်း ၎င်းတို့၏ ဆောင်ရွက်ထားမှုအခြေအနေများ၊ ဒေသအခြေအနေများကို ပြန်လည်တင်ပြခဲ့ကြပါသည်။ ထို့နောက် ပါတီရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။