ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

December 2020
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲ တက်ရောက်ဆွေးနွေး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည်။“ ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ပြီး ပထမရက်တွင် UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းညွန်လွင်နှင့် ဒုတိယရက်တွင်  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များက ဖယ်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA - United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲ တက်ရောက်ဆွေးနွေး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။“ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့၏ အဖွင့်အမှာစကားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားခဲ့ပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက် ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ကြပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်သုံးခုဖြင့် အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုရလဒ်နှင့် စုစည်းရရှိချက်များကို အခြေခံ၍

တက္ကသိုလ်ဆရာဆရာမများအသင်း(UTA)များ ဒုတိယအကြိမ်မြောက်ညီလာခံတက်ရောက်

တက္ကသိုလ်ဆရာဆရာမများအသင်း(UTA)များ ဒုတိယအကြိမ်မြောက်ညီလာခံကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ တက္ကသိုလ်ဆရာသမဂ္ဂများ၊ အခြေခံပညာဆရာသမဂ္ဂအဖွဲ့ဝင်များ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင်များ ညီလာခံ တက်ရောက်ခဲ့ကြပါသည်။

Political Party Academy ဆွေးနွေးပွဲတက်ရောက်

IRI က စီစဉ်ပြုလုပ်သည့် political party academy ဆွေးနွေးပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က Green Hill Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၂၁ ရက်နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်၏ ဆောင်ရွက်ထားရှိမှုများကို YNS အတွင်းရေးမှူး ကိုမျိုးစော့နှင့် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်တို့က တင်ပြခဲ့ကြပြီး DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ၀ိုင်းဝန်း အကြံပြုဆွေနွေးခဲ့ကြပါသည်။ YNS ဗဟိုလုပ်ငန်းကော်မတီဝင်များနှင့် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၃/၂၀၁၉ ကို ဖေဖော်ဝါရီ၊ ၂၁ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရန်လုပ်ငန်းစဉ်များနှင့် လတ်တလောဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီအစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့ညနေပိုင်းက ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီ၏ ရည်ရွယ်ချက်၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ဖေဖော်ဝါရီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ဖက်ဒရယ်စနစ် Training Team က ဦးဆောင်ဆွေးနွေးသူများအဖြစ် ကူညီခဲ့ကြပါသည်။ ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့် သယံဇာတများ စီမံခန့်ခွဲမှု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

12►

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ၊ ၁၉ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အမျိုးသမီးကော်မတီက ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ တက်ရောက်

လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ ၁၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီ ၁၀ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများနှင့် လိုအပ်မည့်စည်းမျဉ်း၊စည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်ရှင်၊ အလုပ်သမားပြဿနာ ကြီးထွားလာခြင်းတွင် တရားမဝင်အဖွဲ့အစည်းများ (အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများ) ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ခြင်းအပေါ် ပြန်လည်ရှင်းလင်း ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ပါသည်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။