ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By Shwe Yee, on July 27th, 2019
၂၀၁၉၊ ဇူလိုင်၊ ၂၇။ Park Royal ဟိုတယ်၊ ရန်ကုန်။ YSPS နှင့် FNF တို့ ပူးတွဲစီစဉ်သည့် Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင်၊ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့လည်း တက်ရောက်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ၊ ဥပဒေအရ အကန့်အသတ်များကြောင့် နိုင်ငံရေးပါတီများ ကြုံတွေ့နေရသည့် အခြေအနေများ၊ အခက်အခဲများအား လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခဲ့ကြပါသည်။
By Shwe Yee, on July 24th, 2019
ဒီအခမ်းအနားမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ အမျိုးသားကာကွယ်ရေး တပ်မတော်ကြီးအဖြစ် မိမိတို့နေရာအမှန်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ဖို့ တိုက်တွန်းတောင်းဆိုထားသလို ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျင့်သုံးနေမယ်ဆိုရင် တိုင်းပြည်ကို ဒုက္ခကံကြမ္မာဆိုး ပေးနေမှာဖြစ်ပြီး မပြင်နိုင်ရင် အမျိုးသားသွေးကွဲမှုအန္တရာယ်ပါ ရင်ဆိုင်လာရနိုင်တယ်လို့ ပါဝင်ပါတယ်။
ကမာရွတ်သတင်းမီဒီယာ
By Shwe Yee, on July 23rd, 2019
(၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန်)
ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ယနေ့နံက် ၁၀း၀၀ နာရီမှ နေ့လည် ၂း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး၏ မိသားစုဝင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ UNA အဖွဲ့ဝင်ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံ စာရေးများသမဂ္ဂ အစရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊
By Shwe Yee, on July 23rd, 2019
၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန်

By Shwe Yee, on July 20th, 2019
အောင်သပြေကျေးရွာကိစ္စအပါအ၀င် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မြေယာပြဿနာများအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၀ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄-၇၅ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီိုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By Shwe Yee, on July 19th, 2019
၁၉၊ ၇၊ ၂၀၁၉။ ပွင့်ဖြူ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တော၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ်ကော်မတီက ဦးဆောင်ကျင်းပခဲ့ပါသည်။ အာဇာနည်နေ့အခမ်းအနားကို ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်းမှ စတင်၍ ပွင့်ဖြူ DPNS ရဲဘော်များက အခက်အခဲ အတားအဆီးမျိုးစုံကြားမှ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
By Shwe Yee, on July 19th, 2019
၁၉၊ ၇၊ ၂၀၁၉။ ဘားအံ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။
By Shwe Yee, on July 19th, 2019
၁၉၊ ၇၊ ၂၀၁၉။ မြင်းခြံ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မဏိကဉ္စနာခန်းမရှေ့တွင် ပြုလုပ်ခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။
By Shwe Yee, on July 19th, 2019
၁၉၊ ၇၊ ၂၀၁၉။ ချောင်းသာ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ ချောင်းသာ၌ ကျင်းပပြုလုပ်ခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ချောင်းသာကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။
By Shwe Yee, on July 19th, 2019
၁၉၊ ၇၊ ၂၀၁၉။ ရန်ကုန် ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်များ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။
|