ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

Myanmar Network Organization for Free and Fair Elections အဖွဲ့နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး May 21, 2019

အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ၏ ပြင်​ဆင်​ချက်​အချို့အား လွှတ်​​တော်​က အတည်​ပြုလိုက်​သည့်ကိစ္စနှင့်​ပါတ်​သက်​သည့် သတင်းစာရှင်းလင်းပွဲကျင်းပ May 20, 2019

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသည့် တတိယအကြိမ်မြောက်အစည်းအဝေးတက်ရောက် May 20, 2019

ABSDF ခေါင်းဆောင် ရဲဘော်ကိုကျော်ကိုအတွက် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီမှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ May 19, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပြည်မြို့တွင် ပြုလုပ် May 18, 2019

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ် ပြုလုပ် May 17, 2019

ဖြူစင်အလင်းရောင် ပညာဒါနကျောင်းမှ ကျောင်းသူကျောင်းသားများအား ပညာရေးစနစ်နှင့် နိုင်ငံရေးအခြေအနေများ မျှဝေပြောကြား May 16, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ် May 16, 2019

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်.. May 16, 2019

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ် May 16, 2019


အမြင်သဘောထား

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်.. – တန်းတူမှု(Equality)သည် လူ့အဖွဲ့အစည်းတခုတွင် အလွန် အရေးကြီးသည်။ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်သော လူ့အဖွဲ့အစည်းတခုတွင် တန်းတူမှုသည် ပို၍ပင် မရှိမဖြစ် လိုအပ်ပါသည်။ တန်းတူမှုဆိုရာတွင် ဘာသာရေးအရ၊ လူမျိုးရေးအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအရ ခွဲခြားဆက်ဆံမှုမရှိဘဲ အခွင့်အရေးနှင့် အခွင့်အလမ်းများ တန်းတူရည်တူ ရရှိရန် လိုအပ်ပေသည်။ – မေလ ၁၅ ရက်နေ့ည ၁၀း၀၀ နာရီခန့်တွင် မျိုးချစ်ရဟန်းတော်များဆိုသည့် အဖွဲ့နှင့်အတူ အရပ်သားအချို့က တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၄)ရပ်ကွက်နှင့်(၁၀၆)ရပ်ကွက်ရှိ အစ္စလာမ် ရမ္မဒန်(ဥပုသ်)ကာလ ဝတ်ပြုဆုတောင်းရာနေရာများကို လူစုလူဝေးဖြင့် ပိတ်ဆို့တားမြစ် နှောက်ယှက်ခဲ့သည်။ အဆိုပါနေရာများသည် ရန်ကုန်းတိုင်းဒေသကြီးအစိုးရက အစ္စလာမ်ဘာသာဝင်များ၏ နေ့ကြီးရက်ကြီးအခါကြီးဖြစ်သည့် ရမ္မဒန်ဥပုသ်ကာလတွင် စုပေါင်းဝတ်ပြုနိုင်ရန်အတွက် မေလ ၈ ရက်နေ့၌ တရားဝင် ခွင့်ပြုပေးထားခဲ့သည့် နေရာများ ဖြစ်သည်။ – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ...

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ် အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ် – မေလ ၁၅ ရက်နေ့ နံနက် ၅း၀၀ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသားများ၏ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သတင်းရယူနေသော သတင်းထောက်တဦးအပါအဝင် လူငါးဦးဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကြားသိရပါသည်။ – မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေးပြဿနာ၊ တောင်သူလယ်သမားများ ဒေသခံလူထုများ ဆုံးရှုံးနစ်နာနေရသည့် ပြဿနာ၊ ကျောင်းသားများ၏ ပညာရေးဆုံးရှုံးနေရမှုပြဿနာ၊ ပြည်တွင်းစစ်ဖြစ်နေသော ဒေသများရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံးထိခိုက်နေရမှုပြဿနာ၊ ပြည်သူလူထု နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး မလုံလောက်မှုစသည့် ပြဿနာပေါင်းစုံ တိုး၍တိုး၍ လာနေပါသည်။ အဆိုပါ ပြဿနာများကို အစိုးရတရပ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းခြင်း မရှိဘဲ ပြဿနာများ ပိုမိုကြီးထွားလာမှုဆီသို့သာ ...

NLD အစိုးရ၏ သုံးနှစ်တာဆောင်ရွက်ချက်များ စကားဝိုင်း (ပထမပိုင်း) NLD အစိုးရရဲ့ သုံးနှစ်တာဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစော၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့နဲ့အတူ မခင်ဖြူထွေးက ဆွေးနွေးတင်ပြထားပါတယ်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဘယ်သူတွေ ကယ်တင်မှာလဲ ဧရာဝတီ၊ ဧပြီ ၂၅၊ ၂၀၁၉ ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာတော့ ဧရာဝတီ မြစ်ဆုံစီမံကိန်း အရေးနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဒေါက်တာမြင့်ဇော်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့နဲ့ အတူ ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။


ထုတ်ပြန်ချက်များ

ABSDF ခေါင်းဆောင် ရဲဘော်ကိုကျော်ကိုအတွက် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီမှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဆရာကြီးဒဂုန်တာရာ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမ်ုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

မေလ(၁)ရက်နေ့တွင် ကျရောက်သည့် (၁၂၉) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS အမျိုးသမီးလုပ်ငန်းကော်မတီက ပေးပို့သည့်သဝဏ်လွှာ

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး(၁၉၃၃-၂၀၁၉) ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်

ဖုယွင်အထည်ချုပ်အလုပ်သမားများအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၆/၂၀၁၈)


ပါတီလှုပ်ရှားမှုများ

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲကို ၂၊ ၁၂၊ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ စကားဝါခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းရှင်များက “ပညာရေးပြုပြင်ပြောင်းလဲမှု”၊ “အသွင်ကူးပြောင်းရေးကာလ ပြုပြင်ရေးလုပ်ငန်းစဉ်များ”၊ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း” ဟူသည့် ခေါင်းစဉ်ကြီးသုံးခုအောက်တွင် ၎င်းတို့၏ အယူအဆများကို တင်ပြခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

”တရားစီရင်ရေးမဏ္ဍိုင်ဟာ အပြန်အလှန်ထိန်းညှိမှုက လွတ်နေသလား” ဟောပြောဆွေးနွေးပွဲ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က စီစဉ်ကျင်းပသည့် ”တရားစီရင်ရေးမဏ္ဍိုင်ဟာ အပြန်အလှန်ထိန်းညှိမှုက လွတ်နေသလား” ဟောပြောဆွေးနွေးပွဲကို ၂၇၊ ၁၁၊ ၁၆ ရက်နေ့ နေ့လည်က တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ဦးကိုနီ၊ ဦးဌေးဦး(စိန်ဂျွန်း)၊ ဦးအောင်ဝင်းတို့က လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်နှင့်ပတ်သက်၍ ဟောပြောဆွေးနွးပေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးသို့ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မိတ်ဆွေများ လာရောက်လေ့လာ ၂၃၊ ၁၁၊ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးသို့ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မိတ်ဆွေများ လာရောက်လေ့လာခဲ့ကြပါရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက လက်ခံတွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီရေး ဖြစ်ထွန်းမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေး မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၂၊ ၁၁၊ ၁၆ ရက်နေ့က DPNS မြင်းခြံမြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ၊ ဗဟိုစည်းရုံးရေးကော်တီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဒေါ်မေဖြူဆွေတို့က ပါတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ