ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်း ကျင်းပပြုလုပ် “စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ၊ ၂ ရက်နေ့လည် ၁း၀၀ နာရီမှ ၄း၀၀ နာရီအထိ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပခြင်းလည်းဖြစ်သည်။ ဤစကားဝိုင်းကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ UNA၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ UNDO၊ လူ့ဘောင်သစ်လူငယ်၊ SYCB၊ ကရင်အမျိုးသမီးအစည်းအရုံး၊ DPW၊ SDUF အစရှိသည့် အဖွဲ့အစည်းများက ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ (၁) ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွါးနေသော စစ်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်စဲသွားစေရန်၊ (၂) စားပွဲဝိုင်းတွင် နိုင်ငံရေးအရ တန်းတူရည်တူ ...

စစ်ပွဲများရပ်တန့်သွားစေရေးဖက်ဒရယ်စနစ်ကိုလက်တွေ့ပေးရန်လိုအပ်ဟုရှေ့နေဦးကြီးမြင့်ပြော 2 June 2019 ၊ အကုန်သိသတင်းဌာန ပြည်တွင်းစစ်ပွဲများရပ်တန့်သွားစေရန် ဖက်ဒရယ်စနစ်ကိုပါးစပ်ပြောဖြင့်ပေးနေမည့်အစားလက်တွေ့ပေးရန် လိုအပ်ကြောင်းတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရာမခရစ်သျှနာခန်းမ၌ ဇွန်လ ၂ ရက်က ပြုလုပ်သောရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် (စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာ) နိုင်ငံရေးစကားဝိုင်းတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ “ သြဇာရှိတဲ့အာဏာရှိတဲ့၊ အင်အားကြီးတဲ့သူတွေဟာပိုပြီးတော့သဘောထားကြီးစွာနဲ့ စရပ်ဖို့ကြေညာရမယ်။ ဒီလိုပဲ ကျွန်တော်တို့ကတော့ ထပ်ပြီးတော့တောင်းဆိုရမှာပဲ။ နောက်တစ်ခုကအဖြေက ကျွန်တော်တို့ တွေ့တာကတော့ ဖက်ဒရယ်ပေးမယ်လို့ပြောနေတယ်။ ပါးစပ်နဲ့ပေးမနေနဲ့ တကယ်လက်တွေ့ပေးပစ်လိုက်၊ လက်တွေ့ပေးလိုက်ရင် အဲဒါဟာအဖြေပဲ။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ တိုင်းနဲ့ပြည်နယ်ကပုဂ္ဂိုလ်တွေကသူ့အလုပ်နဲ့သူလုပ်သွားလိမ့်မယ်။ ဖက်ဒရယ်အတွက် အခြေခံဥပဒေတွေ သူတို့ဆွဲကြလိမ့်မယ်။ နောက်ဆုံးမှာဖက်ဒရယ်ပြည်ထောင်စုရဲ့အောက်မှာအားလုံးကညီညွတ်ပြီးပေါင်းစည်းသွားလိမ့်မယ်” ဟုတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။ ရခိုင်အပါအ၀င်တိုင်းရင်းသားများမှ လက်နက်ကိုင်တိုက်ပွဲဝင်နေကြရခြင်း၏ အဓိကအကြောင်းအရင်းနှစ်ရပ်မှာဒီမိုကရေစီဆိတ်သုဉ်းခြင်းနှင့် အမျိုးသားတန်းတူခွင့်ကင်းမဲ့နေခြင်းတို့ကြောင့်ဖြစ်ကြောင်း (စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာ) နိုင်ငံရေးစကားဝိုင်းမှ ပန်ကြားလွှာအရသိရသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ...

AA အဖွဲ့ကို တန်းတူဆွေးနွေးခွင့်ပြုပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရန် လိုအပ်သည်ဟု ဆို Newsweek ၊ ၆၊ ဇွန်၊ ၂၀၁၉။ ကြာသပတေး ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် သဘောထားကြီးစွာထားပြီး AA အဖွဲ့ကို တန်းတူအသိအမှတ်ပြုကာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသင့်ကြောင်း ရခိုင်ဒေသခံဖြစ်သူ ၀ံဖက်ဖောင်ဒေးရှင်း ရခိုင်ပြည်၏ အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံက ဇွန် ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်၊ စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ ယင်းနိုင်ငံရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူ ခိုင်ကောင်းစံက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။ “ကျန်းမာရေးနဲ့ ပညာရေးတွေမှာ အားမဖြည့်ဘဲနဲ့ စစ်မှာပဲ တည်ဆောင်နေသမျှ ကာလပတ်လုံး ...

မြောက်ဦးဒေသ စစ်မဲ့ဇုန်သတ်မှတ်ရေး အပါအ၀င် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများရပ်ဆိုင်းရန် အဖွဲ့အစည်း ၁၀၀ ကျော်တောင်းဆို Mon, 2019-06-03 04:18, စံတော်ချိန်သတင်းစာ ရခိုင်ပြည်နယ် မြောက်ဦးဒေသ ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ကြေညာ ပေးရန် အပါအ၀င် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများအား ရပ်ဆိုင်း ပေးရန် နိုင်ငံရေးပါတီများနှင့် အရပ် ဘက်အဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ဇွန် ၂ရက်တွင် တောင်းဆိုလိုက်သည်။ ”ရခိုင်အရေးသည် ပြည်ထောင် စုအရေးဖြစ်သည်၊ စစ်ပွဲများချက်ချင်း ရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ”ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံရေးစကား ၀ိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အဖွဲ့အစည်း ပေါင်း ၁၀၀ ကျော်၏ ပူးတွဲသဘော ထားထုတ်ပြန်ကြေညာချက်ကို ဖတ် ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသဘောထား ...

 


ထုတ်ပြန်ချက်များ

ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ကြောင်း ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်

ဝါးစိမ်းတောင် ဓာတ်သတ္တုစမ်းသပ်တူးဖေါ်ရေးစီမံကိန်း ကန့်ကွက်ပွဲသို့ ထောက်ခံကြိုဆိုပေးပို့သော သဝဏ်လွှာ

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးဆိုင်ရာ သဘောထားန်ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၏ တောင်သူလယ်သမားညီလာခံ (ပြည်) သို့ ပေးပို့သော DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ

၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ

ဇွန် ၆ အလုပ်သမားတိုက်ပွဲ (၄၅) နှစ်မြောက် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲ သဘောထားထုတ်ပြန်ချက်

ABSDF ခေါင်းဆောင် ရဲဘော်ကိုကျော်ကိုအတွက် DPNS မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဆရာကြီးဒဂုန်တာရာ နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သည့် DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ

(၁၂၉) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အခမ်းအနားများသို့ DPNS က ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

 


အမြင်သဘောထား

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး ၂၀၁၉၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်လွှင့်သည့် DATELINE IRRAWADDY အစီအစဉ်တွင် “ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဒီမိုကရေစီအခြေအနေများ ပိုမိုပြည့်စုံမှသာ တိုင်းပြည်တခုလုံး၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၈ / ၂၀၁၉) နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ပေးပို့တဲ့ “ လုံခြုံရေးနှင့် ပတ်သက်ပြီး ဂရုပြုဆောင်ရွက်ရန်ကိစ္စ ”ဆိုတဲ့ လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လုံခြုံရေးနဲ့ပတ်သက်လို့ သူ့နိုင်ငံသားတွေကို သတိပေးကြေငြာချက်တစ်စောင်တို့ဟာ အွန်လိုင်းလူမှုစာမျက်နှာပေါ် ပျံ့နှံ့လာတယ်။ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးရဲ့ လျှို့ဝှက်ညွှန်ကြားချက်ကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ လူအများ အထိတ်တလန့်ဖြစ်အောင် အွန်လိုင်း ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပြောနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဘာလဲ ဘယ်လဲ အရင်းစစ်လိုက်ရင် “တရားဥပဒေစိုးမိုးရေး” ဆိုတာဟာ “၂၀၀၈ အခြေခံဥပဒေပြဿနာ” လိုပါပဲ။ ဥပဒေဆိုင်ရာ ပြဿနာသက်သက် မဟုတ်ဘဲ နိုင်ငံရေးပြဿနာစစ်စစ်ပဲဖြစ်ပါတယ်။ ပြည်သူတွေအပေါ် အာဏာအရ၊ တည်ဆဲဥပဒေများအရ၊ ဓနဥစ္စာအရ၊ ဗြူရိုကရေစီအသိုင်းအဝိုင်းအရအစဉ်အဆက် ချုပ်ကိုင်ထားသူများက ပြည်သူလူထုအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်ကျူးလွန်နေတဲ့ မတရားမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ် တချိန်တခါကကိုင်စွဲခဲ့ပြီးယခုအခါ စွန့်လွှတ် ပစ်ပယ်ထားခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ”ဆိုတဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးပြဿနာရဲ့ အဆက်လည်း ဖြစ်ပါတယ်။ “တရားဥပဒေစိုးမိုးရေး” ဆိုတာကိုဟိုလိုဒီလိုအဓိပ္ပါယ်တွေအမျိုးမျိုးဖွင့်နေကြပေမယ့် အနှစ်သာရကတော့ အောက်ပါအချက်နှစ်ချက် အပြည့်အဝပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ၁။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အကျိုးစီးပွားတွေနဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည် ပြောဆိုခွင့်တွေကိုတကယ်တမ်းထိထိရောက်ရောက် အကာအကွယ်ပေးရေး၊ ၂။ ပြည်သူတွေအပေါ် မတရားဖိနှိပ် အကြမ်းဖက် ရန်ပြုလာမှု မှန်သမျှကို ပြတ်ပြတ်သားသားထိထိမိမိကိုင် တွယ်အပြစ်ပေးအရေးယူနိုင်တဲ့ဥပဒေတွေစိုးမိုးရေး ဖြစ်ရပါ့မယ်။ ဘယ်သူကပဲဖြစ်ဖြစ် “တရားဥပဒေစိုးမိုးရေး”လို့ ပြောလာပါစေ။ဒီအချက်နှစ်ချက်နဲ့ စိစစ်တိုင်းတာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအချက်နှစ်ချက် ပါဝင်ဖို့ ပျက်ကွက်နေတဲ့ တရားဥပဒေစိုးမိုးရေးဟာအတုအယောင် တရားဥပဒေစိုးမိုးရေး (သို့မဟုတ်) အမည်ခံတရားဥပဒေစိုးမိုးရေးပဲ ...

တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ်တန့်ရေး သမ္မတ ဖြေရှင်းပေးဖို့ တောင်းဆို ၂၈၊ ဇွန်၊ ၂၀၁၉ RFA ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀၀ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားရင် တိုက်ပွဲတွေကို ရပ်တန့်ပေးမယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုထားတာရှိတဲ့အတွက် သမ္မတဆီ တောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ဦးမျိုးကျော်က ဒီနေ့ ပြောပါတယ်။ “အခု ကျတော်တို့ တိုက်တွန်းတာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားတာ ကျွန်တော်တို့ ကြားတယ်။ သမ္မတကသာ ရပ်စဲစေချင်တယ်ဆိုရင် ...

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ