ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာတွင် ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ကော်မတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာ၌ ဇွန် ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့်သယံဇာတများ စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ DPNS ရဲဘော်များ၊ YNS ရဲဘော်များ၊ မြင်းခြံခရိုင်ဗကသ ရဲဘော်များ၊ ဒေသခံ လယ်သမားများ စုစုပေါင်း ၁၀၀ ကျော်ဆွေးနွေးပွဲတက်ရောက်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။

“ ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည် ” ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သွားရောက် ဇွန်၊ ၁၈၊ ၂၀၁၉။ စစ်တွေမြို့။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ၂၀၁၉၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း၊ “စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ ၂ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ...

မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတက်ရောက် မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၁၂ ရက်နေ့တွင် Hilton Mandalay ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲကော်မရှင်၊ DIPD နှင့် EU တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပထမအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးသန့်စင်နှင့် မန္တလေးတိုင်း စည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား တက်ရောက် (၉၊ ၆၊ ၂၀၁၉။ ရန်ကုန်။) ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြို အခမ်းအနားကို ၂၀၁၉၊ ဇွန်လ၊ ၉ ရက်နေ့က ရန်ကုန်မြို့၊ စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆရာဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီက စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။ ဆရာဗန်းမော်တင်အောင်၏ မိသားစုဝင်များ၊ စာပေနှင့်နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဆရာ့အားချစ်ခင်လေးစားကြသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရစ်ယာန်သင်းအုပ်ဆရာတော် ဦးကျော်ညွန့်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များကိုယ်စား ဦးကျော်စိုး၊ ဗန်းမော်တင်အောင်ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီကိုယ်စား ဆရာကိုလေးမြတ်၊ ရာပြည့်အထိမ်းအမှတ်ဗိမာန်ဆောက်လုပ်ရေးကော်မတီကိုယ်စား ကိုရန်ပိုင်စိုး၊ သားဖြစ်သူ ဦးဗဟိန်းအောင်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြသည်။ ဆရာဦးအံ့မောင်၏ကဗျာကို ဆရာမိုဃ်းဇော်က ရွတ်ဆိုဂုဏ်ပြုခဲ့ပါသည်။ ဆရာဗန်းမော်တင်အောင်သည် ဂျပန်တော်လှန်ရေးကာလမှစတင်၍ မြန်မာ့လွတ်လပ်ရေး၊ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် စာပေလက်နက်ဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါသည်။ စာပေလောကသို့ ၁၉၃၈ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး နောက်ဆုံးပြုစုခဲ့သောစာအုပ်မှာ “လူ” ဖြစ်သည်။ ...

 


ထုတ်ပြန်ချက်များ

တကသအဆောက်အဦးနှင့်ပတ်သတ်သည့် သဘောထားထုတ်ပြန်ချက်

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇)

” (၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် DPNS ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ “

သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့DPNSမှပေးပို့သောသဝဏ်လွှာ

၁၂၇ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ဗိုလ်မှူးကြီးစောလွင်(ကယန်းပြည်သစ်ပါတီ)ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းသဝဏ်လွှာ

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့်အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁) ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁)

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019

CJ Feed Myanmar စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက် အားပေးဝန်းရံ November 2, 2019

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ November 1, 2019

အလုပ်သမားရေးရာကော်မတီ(ရန်ကုန်တိုင်း) အစည်းအဝေး October 30, 2019

စကော့တလန်လွှတ်တော်အမတ်ဟောင်းနှင့် တွေ့ဆုံဆွေးနွေး October 25, 2019

မန္တလေးတွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ် October 22, 2019

“အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး”မြန်မာ့နွေဦးစကားဝိုင်း October 20, 2019

သဟဇာတဖြစ်မှုနှင့် လူတိုင်းအကျုံးဝင်မှု Peace Forum တက်ရောက် October 19, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ