ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

MYNFREL နှင့် ရွးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး Myanmar Network Organization for Free and Fair Elections အဖွဲ့ဝင်များသည် ယနေ့(၂၁၊ ၅၊၂၀၁၉) နေ့လည်ပိုင်းတွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ၂၀၂၀ ရွေးကောက်ပွဲကို တရားမျှတ၍ ဘက်လိုက်မှုမရှိသည့်ရွေးကောက်ပွဲဖြစ်လာစေရန်အတွက် လိုအပ်ချက်များ၊ မဲစာရင်းမှန်ကန်ရေး၊ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်၊ တဆက်တည်း ဆယ်နှစ်နေထိုင်သူများကိုသာ ရွေးကောက်ပွဲဝင်ခွင့်ပြုရာတွင်လည်း ခြွင်းချက်ထားရှိသင့်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများကြား ဆက်ဆံရေးအခြေအနေ စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ ပြင်​ဆင်​ချက်​များကိစ္စ သတင်းစာရှင်းလင်းပွဲ တက်ရောက် ၂၀၁၂ အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ၏ ပြင်​ဆင်​ချက်​အချို့အား ပြည်​​ထောင်​စုလွှတ်​​တော်​က အတည်​ပြုလိုက်​သည့်ကိစ္စနှင့်​ပါတ်​သက်​သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ Myanmar Press Freedon Center ၌ ၂၀၁၉၊ မေလ၊ ၂၀ရက် နေ့လည်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ဤသတင်းစာရှင်းလင်းပွဲကို အလုပ်​သမားအဖွဲ့ချုပ်​​များ အပါအ၀င်​ အလုပ်​သမားအ​ရေး ဆောင်ရွက်နေကြသည့် အရပ်​ဖက်​အဖွဲ့အစည်း​ စုစု​ပေါင်း ၁၃ ဖွဲ့က စု​ပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ အလုပ်​သမား အငြင်းပွားမှု​ဖြေရှင်းခြင်းဥပ​ဒေတွင် ပြင်​ဆင်​ချက်​​များ စတင်​​ရေးဆွဲ​စဉ်ကပင် အလုပ်​သမား​အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်း​များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက အလုပ်​သမားများကိုယ်​စား သက်​ဆိုင်​ရာ လွှတ်​​တော်​​ရေးရာ​ကော်​မတီ​များ၊ ၀န်​ကြီးဌာနတာဝန်​ရှိသူ​များအား ချဉ်းကပ်​၍ အလုပ်​သမားအခွင့်​အ​ရေးများ နစ်​နာဆုံးရှုံးမှုမရှိ​စေ​ရေး ဆွေး​နွေးတင်​ပြခဲ့ကြပါသည်။ ယင်းတင်ပြချက်များသည် အလုပ်​သမားထု၏ သ​ဘောထားဆန္ဒ၊ အမှန်​လိုလားချက်​များဖြစ်​​ကြောင်းကို အစိုးရနှင့်​ လွှတ်​​တော်​တို့သိရှိ​စေရန်အတွက် အလုပ်​သမားဆန္ဒထုတ်​​ဖော်​ပွဲများလည်း အကြိမ်​ကြိမ်​ပြုလုပ်​ခဲ့ကြပါသည်။ သို့သော်​လည်း ယခုပြင်​ဆင်​ချက်​များသည်​ အလုပ်သမားထုဆန္ဒကို မျက်​ကွယ်​ပြု၍ လုပ်​ငန်းရှင်​များအလိုကျ ​ရေးဆွဲပြဋ္ဌာန်း အတည်​ပြုလိုက်​ခြင်းဖြစ်​ပြီး ကုလသမဂ္ဂလူ့အခွင့်​အ​ရေး​ကြေညာစာတမ်းပါအချက်​များနှင့်​ ILO ...

ရခိုင်အရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးသည့် အစည်းအဝေးတက်ရောက် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသည့် တတိယအကြိမ်မြောက် အစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ UNDO ရုံးတွင် ၂၀၁၉၊ မေလ၊ ၂၀ ရက်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ရခိုင်ဒေသအတွင်း ဖြစ်ပွါးနေသော ထိုးစစ်၊ တိုက်စစ်များကြောင့် ဒေသခံများ ထိခိုက်ခံစားနေရသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရန်အတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် SYCB၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ Burma Monitor ၊ အသံ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့တို့ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပြည်မြို့တွင် ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပြည်မြို့၊ တော်ဝင်ရတနာခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်းကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲပထမနေ့ဖြစ်သည့် မေလ ၁၇ ရက်နေ့တွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။ ပေါင်းတည၊် ရွှေတောင်၊ ပေါက်ခေါင်း၊ ပြည်မြို့တို့ရှိ DPNS ရဲဘော်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ HRDP (ပြည်)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ CPRCG, ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂ(ပန်းတောင်း)၊ အရှိုချင်းယဉ်ကျေးမှုအဖွဲ့ဝင်များ စုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV) October 18, 2019

ပါတီကိုလည်းကြည့် လူကိုလည်းကြည့်ဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပြော (Kamayut) October 15, 2019

ပါတီ ၃၁ နှစ်ပြည့် အခမ်းအနား VOA ၏ ဖော်ပြချက် October 15, 2019

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော October 14, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း (၃၁) နှစ်ပြည့် သဘောထား ထုတ်ပြန်ကြေညာချက် ( ၃ / ၂၀၁၉) October 14, 2019

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ