ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

September 2019
M T W T F S S
« Aug    
 1
2345678
9101112131415
16171819202122
23242526272829
30  

နောက်ဆုံးရသတင်းများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးအမြင် သုံးသပ်ချက် (၇/၂၀၁၉) September 11, 2019

ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် September 7, 2019

“ငြိမ်းချမ်းရေးကို တကယ်လုပ်ပါ။ လူထုကို မလှည့်စားပါနဲ့’’ September 5, 2019

“လူထုအကျိုးပြုသော လွှတ်တော်ကိုယ်စားလှယ်များ အားကောင်းလာစေရေး” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် August 31, 2019

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၏ တောင်သူလယ်သမားညီလာခံ (ပြည်) သို့ ပေးပို့သော DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ August 31, 2019

တိုးတက်သော မဟာမိတ်အဖွဲ့(Progressive Alliance) စုံညီအစည်းအဝေးသို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တက်ရောက် August 30, 2019

DPNS ချောင်းသာမြို့ ပါတီဝင်ရဲဘော်များနှင့်တွေ့ဆုံပွဲ August 29, 2019

SocDem Asia ကွန်ရက် ဆယ်နှစ်ပြည့် ကွန်ဖရင့်သို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက် August 29, 2019

လူ့ဘောင်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး (I See Media နှင့် အင်တာဗျူး) August 28, 2019

DPNS မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းခြင်း August 22, 2019


အမြင်သဘောထား

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ ...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရရှိထားပြီးသော သဘောတူညီချက်များ စုစည်းတင်ပြချက် ယနေ့ကာလသည် အင်အားစုအားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်နေကြသည့် ကာလ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည်ပါ သည်။ ကျင်းပပြုလုပ်ကြမည့်ညီလာခံသည် ညီလာခံအဂါင်္ရပ်များနှင့် ပြည့်စုံမှုရှိ မရှိ၊ လွတ်လပ်မှုနှင့်တန်းတူရည်တူ ရှိ မရှိ၊ ပွင့်လင်း မြင်သာမှုနှင့်ရိုးဖြောင့်တည်ကြည်မှု ရှိ မရှိ ၊ ဆွေးနွေးဖက်အသီးသီးက အမြော်အမြင်ကြီးမှု ရှိ မရှိ စသည့်အချက်များအပေါ် မူတည်ပြီး ညီလာခံ၏ ရရှိချက်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု ပါတီက ယူဆပါသည်။ အကယ်၍ ညီလာခံရရှိချက်က ကောင်းခဲ့ပါက မိမိတို့ ပြည်သူတရပ်လုံးမျှော်လင့်နေကြသည့် အရှည်တည်တန့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ပြီး အမျိုးသားတန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း တည်ဆောက် သွားနိုင်လိမ့်မည် ...

သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအားဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။

ဥက္ကဌ၏ အဖွင့်အမှာစကား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဝက်ဆိုဒ်စာမျက်နှာမှ ကြိုဆိုပါရစေ ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS ) က * လွတ်လပ်မှု ကိုမြတ်နိုးတယ်၊ * တန်းတူမှုကို အလေးထားတယ်၊ * ပြည်သူတွေရဲ့သွေးစည်းညီညွတ်မှုနဲ့သာ ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းအသစ်တွေကို စဉ်ဆက်မပြတ် တည်ထောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒီနိုင်ငံရေး ယုံကြည်မှုနဲ့ တန်ဘိုးတွေကိုကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အခုလဲ ကြိုးစားရုန်းကန်နေဆဲပါ၊ ရှေ့ဆက်ပြီးလည်း ဘယ်လို အခက်အခဲနဲ့ ဘယ်လို စိန်ခေါ်မှုတွေပဲတွေ့တွေ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်တယ်။ ကျွန်တော်တို့ ဝက်ဆိုဒ်စာမျက်နှာက ကျွန်တော်တို့ရဲ့ ဒီရုန်းကန်လှုပ်ရှားမူတွေ အတတ်နိုင်ဆုံးပေါ်လွင်အောင် ဖော်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။ ၀င်ရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ ဝေဖန်အကြံပြုမှုတွေကိုလည်း လေးစားစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့ လက်တွဲပြီး ငြိမ်းချမ်းတဲ့ ...


ထုတ်ပြန်ချက်များ

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားများ၏ သပိတ်မှောက်တောင်းဆိုတိုက်ပွဲဝင်နေမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁ /၂၀၁၅)

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ပေးပို့သောလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

လက်ပန်းတောင်းဒေသ အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သတ်သော သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၄)

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ကချင်လွတ်လပ်ရေးတပ်မတော်ဗိုလ်သင်တန်းကျောင်းသားများ ကျဆုံးထိခိုက်ကြရမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက် (၃ / ၂၀၁၄)

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

သဘောထားထုတ်ပြန်ကြေညာချက် (၁/ ၂၀၁၄)

(၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်


ပါတီလှုပ်ရှားမှုများ

ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၅/၂၀၁၉ (၂၀၁၉၊ ဇူလိုင်၊ ၇-၈) ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၅/၂၀၁၉ ကို ၂၀၁၉၊ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက လက်ရှိနိုင်ငံရေး အခင်းအကျင်းကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၂၀၁၉ ခုနှစ်အတွင်း လုပ်ဆောင်ရန်လျာထားချက်များ ပြီးမြောက်မှုအခြေအနေကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ် တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

၅၇ နှစ်မြောက် ၇ ဇူလိုင်အခမ်းအနားသို့ တက်ရောက်ဂါရဝပြု (၂၀၁၉၊ ဇူလိုင်၊ ၇) ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် ၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တကသအဆောက်အဦမြက်ခင်းပြင်တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ၁၉၆၂၊ ၁၉၇၄- ၇၅- ၇၆၊ ၁၉၈၈၊ ၂၀၀၇ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ၇ ဇူလိုင် (၅၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ ပါတီမှပေးပို့သောသဝဏ်လွှာကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁)က ဖတ်ကြားခဲ့ပါသည်။ လွန်ခဲ့သည့် (၅၇)နှစ် ဇူလိုင် ၇ ရက်နေ့တွင် အေးချမ်းစွာ ဆန္ဒပြနေကြသည့် ကျောင်းသားများအား တပ်က အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့တွင် ...

သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် (၂၀၁၉၊ ဇူလိုင်၊ ၆) Pen Myanmar နှင့် ပြည်ကြီးခင်တို့ ပူးပေါင်းကျင်းပသည့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင် ၆ ရက်နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)ပါ ပြဌာန်းချက်များ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် သတင်းရယူခွင့်အခြေအနေများကို နှိုင်းယှဉ်ဆွေးနွေးခဲ့ကြပါသည်။ ဥပဒေမူကြမ်းတွင်ပါရှိသည့် နိုင်ငံသားများအနေဖြင့် သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို တောင်းခံရယူနိုင်ခွင့်၊ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားပြုလုပ် ၂၀၁၉၊ ဇွန်၊ ၃၀။ ရန်ကုန်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကိုကိုကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် အစရှိသည့် မိတ်ဖက်နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များ၊ သင်တန်းသားရဲဘော်များ၊ ပါတီဗဟိုကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။ ...


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ