ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

December 2020
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်

ဒီဇင်ဘာ၊ ၂၁-၂၂၊ ၂၀၁၉။ မအူပင်မြို့။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်သည့် တောင်သူလယ်သမားနေ့အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ တပွတ္တနောင်ကြီးကျေးရွာ၊ ပညာရံသီနှစ်ကျိပ်ရှစ်ဆူကျောင်းတိုက်၌ ဒီဇငိဘာလ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲပထမနေ့တွင် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဒေသဆိုင်ရာပြဿနာများ၊ တောင်သူလယ်သမားနေ့အပေါ်သဘောထား၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့တွင် တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၁၉၃၀၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ...

ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ဆွေးနွေးပွဲ

၂၀၁၉၊ ဒီဇင်ဘာ ၁၈။ ကသာမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးသည် ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ၂၀၁၉၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ မအောင်မြင်သည့် ကသာ မြစ်ကြီးနားမီးရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ဒေသခံများ၏ မြေယာများသိမ်းယူခံရမှု၊ သီးနှံနှင့် မြေယာလျော်ကြေး ပေးလျော်ရာတွင် ဒေသခံအာဏာပိုင်အချို့၏ မသမာမှုများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲ

၂၀၁၉၊ ဒီဇင်ဘာ ၁၄- ၁၅။ မကွေး။ YSPS က စီစဉ်ပြုလုပ်သည့် ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ရက်နေ့များတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် မကွေးတိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲမြို့နယ်တို့မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး

၁၅/၁၂/၂၀၁၉။ ပေါက်ခေါင်းမြို့နယ်။ ၂၀၁၉၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်ကြီးအနောက်ဘက်ခြမ်း ကင်မွန်းခြုံကျေးရွာအုပ်စု၊ သေမသောက်ကျေးရွာတွင် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂစုစည်းရေးအဖွဲ့မှရဲဘော်များ၊ ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များ၊ ချောင်းကောင်း၊ သပြေတောင်၊ ကုန်းတန်း၊ သေမသောက်၊ ကင်မွန်းခြုံ၊ ဒွရွာတို့မှတောင်သူလယ်သမားရဲဘော်များ စုစုပေါင်း (၃၀)ခန့် တက်ရောက်၍ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ရဲဘော်တင်ရှိန်(ခ)ဦးရှိန် [၁၉၄၃-၂၀၁၈] ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) အမြင်သဘောထား ထုတ်ပြန်ချက် (၂၈-၅-၂၀၁၈)

ကရင်နီပြည် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ ၂၀၁၈- မေလ- ၂၇ ရက်။

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ အမြင်သဘောထားစာတမ်း (၂၇၊ ၅၊ ၂၀၁၈)

ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ ဆန္ဒကောက်ခံသူများအား အကြမ်းဖက် စီးနင်း ဖြိုခွဲမှုများနှင့် ပတ်သက်သည့်သဘောထား ထုတ်ပြန်ချက် (၁၃၊ ၅၊ ၂၀၁၈)

ရဲဘော်(ဦး)ဖေအောင်၏ ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့

၁၂၈ နှစ်မြောက် မေေးဒးနေ့ အခမ်းအနားများသိုပေ့းပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း(၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ရဲဘော်စိုးမိုး ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဝမ်းနည်းသဝဏ်လွှာ(၃၁၊ ၃၊ ၂၀၁၈)

သခင်ကိုယ်တော်မှိုင်း (၁၄၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သ၀ဏ်လွှာ

 


အမြင်သဘောထား

သဟဇာတဖြစ်ရေးနှင့် လူတိုင်းအကျုံးဝင်မှု ဆွေးနွေးပွဲ

၁၉၊ အောက်တိုဘာ၊ ၂၀၁၉။ Triumph Hotel၊ မန္တလေးမြို့ ပါဝင်ဆွေးနွေးသူများ ဦးမြအေး(FDF)၊ ဦးသိန်းသန်းဦး(လူ့အခွင့်အရေးရှေ့နေ)၊ ဒေါ်နှင်းနှင်းမွှေး(DPNS)၊ မနန်းမို့မို့(WLB)

၂၀၂၀ အတွက် ပါတီတွေ နောက်ဖေးပေါက်က ဝင်လာသူတွေကိုပဲ အမတ်လောင်းရွေးမှာလား (MCN News)

“၂၀၂၀ အတွက် ပါတီတွေ နောက်ဖေးပေါက်က ဝင်လာသူတွေကိုပဲ အမတ်လောင်းရွေးမှာလား” ဒုတိယ ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ဆွေးနွေးချက် (MCN News) https://www.youtube.com/watch?v=OzxzimLQtYM&fbclid=IwAR1WH3lsMSHXCUvba7ip4nL19tj6bQD21WL0ToDsHR_bT_K4LZlSzQY0HMs

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော

အောက်တိုဘာ ၁၄၊ ၂၀၁၉။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

 


အင်တာဗျူ :

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)

မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။ မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။ UAMZ – ကျွန်တော်တို့ ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက် စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။ ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့ ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက် နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။ ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ် ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့ မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။ ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။ အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့ ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့ သွားငြိနေတယ်။ ပုဒ်မ ...

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း

မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

ပါတီဝင်လျှောက်လွှာ November 12, 2020

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၇)၊ ဇွန်လ၊ ၂၀၂၀။ July 31, 2020

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၆)၊ ဇွန်လ၊ ၂၀၂၀။ July 31, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 9, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 9, 2020


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ