ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

January 2021
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031

ပါတီလႈပ္ရွားမႈမ်ား

ရန်ကုန်တိုင်း ပါတီကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး

 ၁၁၊ ၁၊ ၂၀၂၁။ ရန်ကုန်။ ရန်ကုန်တိုင်းပါတီကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ဇန်န၀ါရီ ၁၁ ရက် နေ့လည် ၁း၀၀ နာရီတွင် ဗိုလ်တထောင်မြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁)၊ ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်း ညှိနှိုင်းအစည်းအဝေးတွင် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဗဟိုကော်မတီအစည်းအဝေး၏ ရန်ကုန်တိုင်းနှင့် ပတ်သက်၍ စဉ်းစားချက်များ၊ ရည်မှန်းချက်များနှင့် တာဝန်ပေးအပ်မှုများကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းတာ၀န်ခံ ဦးငွေလင်းက ခိုင်မာအားကောင်းသည့် ရန်ကုန်တိုင်းပါတီကော်မတီ တည်ဆောက်သွားရေးအတွက် စဉ်းစားထားချက်(မူကြမ်း)ကို မိတ်ဆက်တင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ ရဲဘော်များက ...

ဖဲကြိုးဖြူလှုပ်ရှားမှု ဒုတိယနေ့နိုဝင်ဘာ၊ ၂၆၊ ၂၀၂၀။

အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှု (ဖဲကြိုးဖြူလှုပ်ရှားမှု)ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၁၆) ရက် လှုပ်ရှား ဆောင်ရွက်နေပါသည်။ဒုတိယနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အချို့နှင့်အတူ လူငယ်စွမ်းရည်မြှင့်တင်ရေး နိုင်ငံရေးသင်တန်းကျောင်း(YES) ကျောင်းဆင်းလူငယ်များ၊ လူငယ်ခေါင်းဆောင်များ ပါဝင်၍ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါသည်။ဤလှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တံတားဦးမြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်မေဖြူဆွေနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များ ဦးဆောင်ခဲ့ကြပါသည်။ခရက်ဒစ် – ဖဲကြိုးဖြူသီချင်းကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ကူးယူထည့်သွင်း အသုံးပြုထားပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၁-၂၀၂၀

DPNS ဗဟိုကော်မတီ အစည်းအဝေး၃၀ – ၃၁၊ဒီဇင်ဘာ၊၂၀၂၀။ ရန်ကုန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၀၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ပါတီတည်ဆောက်ရေးကို ပိုမိုအားစိုက် ဆောင်ရွက်ကြရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ အတွင်းရေးမှူးအဖွဲ့၏ အလုပ်ပြီးစီးမှု အစီရင်ခံစာ၊ ၂၀၂၀ ရွေးကောက်ပွဲဖြတ်သန်းမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်၊ ရေးရာကော်မတီများနှင့် ဒေသဆိုင်ရာကော်မတီများ အစရှိသည့် ကော်မတီအသီးသီး၏ အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်။ ဗဟိုကော်မတီဝင်များက အစီရင်ခံစာများကို ဝေဖန်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ...

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအ‌ဝေး (၆/၂၀၂၀)

DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၁၁ – ၁၄၊ ဒီဇင်ဘာ၊ ၂၀၂၀။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအ‌ဝေး (၆/၂၀၂၀)ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်နှင့် နယ်အသီးသီးရှိ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအ​ဝေး၌ ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအ‌ခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုများကို စုစည်းသုံးသပ်ခဲ့ကြပါသည်။ ထို့နောက် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများကိုလည်း တာ၀န်ခွဲ‌ဝေ သတ်မှတ်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဘယ်သူတွေ ကယ်တင်မှာလဲ

(SWAN) နှစ်(၂၀)ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS – WWC က ပေးပို့သည့်သဝဏ်လွှာ

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ဈာပနအခမ်းအနားသို့ DPNS က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်

ဖုယွင်အထည်ချုပ်အလုပ်သမားများအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၆/၂၀၁၈)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

သတင်းမီဒီယာများအား ဖိနှိပ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

 


အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉)

https://www.facebook.com/nsni.mm/videos/2619647944780849/UzpfSTE3OTQ3MTgwODczMTM1MToyODk4NTg0NDAzNDg2NzMx/?epa=SEARCH_BOX

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉)

” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) လွန်ခဲ့သည့် နိုဝင်္ဘာလဆန်းတွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းချင်း စွဲဆိုနိုင်သည့် “လူမျိုးတုန်းသတ်ဖြတ်ခြင်းဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်မှု”ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံကို စွဲချက်တင်လိုက်ကြောင်း ကြားသိရပါသည်။ အဆိုပါအမှုကို တရားရင်ဆိုင်ရန် နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လာမည့် ဒီဇင်္ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မြန်မာနိုင်ငံက သွားရောက်စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြားသိရပါသည်။ မိမိတို့မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်စစ်ဆေးခံ၊ တရားရင်ဆိုင်မည်ဟုလည်း သိရပါသည်။ ထူးထူးခြားခြားဆိုသကဲ့သို့ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်မည့်သူအား ချီးကျူး၊ ချီးမွမ်းမှုများလည်း ကြားနေရပါသည်။ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)

မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် ...

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း

အယ်ဒီတာစကားဝိုင်း ဦးအောင်မိုးဇော် (ဥက္ကဌ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) မဇင်မာဦး (MYFREL ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့) ဦးတိုးဇော်လတ် (DVB)

 


အင်တာဗျူ :

အမျိုးသားညီညွတ်ရေးအပေါ်သဘောထား

ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)

မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။ မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။ UAMZ – ကျွန်တော်တို့ ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက် စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။ ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့ ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက် နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။ ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ် ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့ မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။ ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။ အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့ ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့ သွားငြိနေတယ်။ ပုဒ်မ ...

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

 

 


 

နောက်ဆုံးရသတင်းများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၁-၂၀၂၀ December 31, 2020

ဖဲကြိုးဖြူလှုပ်ရှားမှု နိုဝင်ဘာ၊ ၃၀၊ ၂၀၂၀။ November 30, 2020

ဖဲကြိုးဖြူလှုပ်ရှားမှုဒီဇင်ဘာ ၈၊ ၂၀၂၀။ December 8, 0202

အမျိုးသားညီညွတ်ရေးအပေါ်သဘောထား January 16, 2021

ရန်ကုန်တိုင်း ပါတီကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး January 12, 2021

ဖဲကြိုးဖြူလှုပ်ရှားမှု ဒုတိယနေ့နိုဝင်ဘာ၊ ၂၆၊ ၂၀၂၀။ January 11, 2021

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအ‌ဝေး (၆/၂၀၂၀) December 11, 2020

ပထမကျောင်းသားသပိတ်လှုပ်ရှားမှုနှစ် (၁၀၀) ပြည့် အထိမ်းအမှတ်စကားဝိုင်း” December 9, 2020

ဖဲကြိုးဖြူလှုပ်ရှားမှု အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု၄၊ ဒီဇင်ဘာ၊ ၂၀၂၀။ December 4, 2020

ဖဲကြိုးဖြူလှုပ်ရှားမှု ဒီဇင်ဘာ ၃၊ ၂၀၂၀။ December 3, 2020

ဖဲကြိုးဖြူလှုပ်ရှားမှုနိုဝင်ဘာ ၂၅၊ ၂၀၂၀ November 25, 2020


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ