ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  

ပါတီလှုပ်ရှားမှုများ

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၇)၊ ဇွန်လ၊ ၂၀၂၀။

Pdf ဖိုင် ရယူရန် – ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၇)၊ ဇွန်လ၊ ၂၀၂၀

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၆)၊ ဇွန်လ၊ ၂၀၂၀။

Pdf ဖိုင် ရယူရန် – ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၆)၊ ဇွန်လ၊ ၂၀၂၀

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန

၂၀၂၀၊၂၉ ၊ မေ၊ ပုသိမ်။ ပါတီကိုယ်စား ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးမောင်မောင်ကြီးက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းနေစဉ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၂၉ ရက်နေ့တွင် COVID-19 ကာကွယ်ရေး စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသည့် Volunteer Team- Patheinအတွက် PPE ဝတ်စုံ ၁၀ စုံကို ပါတီကိုယ်စား ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးမောင်မောင်ကြီးက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန ၂၀၂၀၊ မေ၊ ၈။ တောင်ကြီး။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၈ ရက်နေ့တွင် COVID-19 ကာကွယ်ရေး စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသည့်တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် PPE ဝတ်စုံ ၁၀ စုံကို ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ် မဆုပြည့်သော်တာက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 


ထုတ်ပြန်ချက်များ

၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ

ဇွန် ၆ အလုပ်သမားတိုက်ပွဲ (၄၅) နှစ်မြောက် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲ သဘောထားထုတ်ပြန်ချက်

ABSDF ခေါင်းဆောင် ရဲဘော်ကိုကျော်ကိုအတွက် DPNS မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဆရာကြီးဒဂုန်တာရာ နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သည့် DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ

(၁၂၉) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အခမ်းအနားများသို့ DPNS က ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

ဒီမိုကရေစီအနှစ်သာရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အနှစ်သာရကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးပွဲသို့ DPNS ၏ တင်ပြချက် (၂၉၊ ၄၊ ၂၀၁၉)

NLD အစိုးရ၏ သုံးနှစ်တာဆောင်ရွက်ချက်များ စကားဝိုင်း (ပထမပိုင်း)

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဘယ်သူတွေ ကယ်တင်မှာလဲ

(SWAN) နှစ်(၂၀)ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား https://youtu.be/R7yTb9oteoQ ဒေါ်နိုးနိုးထက်စံဒု-ဥက္ကဋ္ဌ မြန်မာနိုင်ငံဟာအနှစ်သာရရှိတဲ့ ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့(၁)လက်နက်ကိုင် ပဋိပက္ခကိုချုပ်ငြိမ်းပေးနိုင်တယ်(၂)အချက်ကတန်းတူရေးကိုဖော်ဆောင်ပေးနိုင်တယ် (၃)အချက်ကသွေးစည်းညီညွတ်ရေးကိုဖော်ဆောင်ပေးနိုင်တယ် နောက်ဆုံးအချက်ကတော့ ကျမတို့လိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု လို့ပြောတဲ့အခါမှာလဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ရှင်းရှင်းလင်းလင်းရှိဖို့ လိုတယ်အဲ့လိုရှင်းရှင်းလင်းလင်းရှိဖို့ဆိုတာကတော့ ဆွေးနွေးရမှာဖြစ်တယ် အဲ့လိုဆွေးနွေးတဲ့အခါမှာတော့ ဂတိကဝတ်တွေကို ယုံကြည်မူရှိရှိနဲ့ တည်ဆောက်တာ ဖော်ဆောင်လုပ်ဖို့ လိုတယ်အဲ့တာက ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စုရဲ့အနှစ်သာရ အက္ခရာကျတဲ့ကိစ္စရပ်ဖြစ်တယ်။ဒေါ်နိုးနိုးထက်စံဒု-ဥက္ကဋ္ဌလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား https://www.youtube.com/watch?v=sjD8sRNCbXE ဦးအောင်မိုးဇော်ဥက္ကဋ္ဌ ”လွတ်လပ်မှု ၊ တန်းတူမှု ၊ သွေးစည်းညီညွတ်မှု” ဆိုတဲ့ နိုင်ငံရေးတန်ဖိုးတွေက ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က အသေအချာကိုဆုပ်ကိုင်ပြီးတန်ဖိုးထားတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။လွတ်လပ်မှု ရှိမှ တန်းတူမှုရှိမှ ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်သွား နိုင်မှာဖြစ်သလို လွတ်လပ်မှုမဲ့ရင် တန်းတူမှုမဲ့ရင် ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဆိုတာကလည်းဘဲ အဓိပ္ပါယ်မဲ့မှာဖြစ်ပါတယ်။ဒီလိုလွတ်လပ်မှုတွေ ဒီလိုတန်းတူညီတူရှိမှုတွေကို ရရှိခံစားနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် သွေးစည်းညီညွတ်ပြီးတော့ အတူတကွတိုက်ပွဲဝင်ကြရမယ် ၊ အတူတကွရုန်းကန်ကြရမယ်ဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာ ယုံကြည်ပါတယ်။ဦးအောင်မိုးဇော်ဥက္ကဋ္ဌလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) (RFA)

RFA နေ့လယ်ခင်းသတင်း ——————————- ” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “ လွန်ခဲ့သည့် နိုဝင်္ဘာလဆန်းတွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းချင်း စွဲဆိုနိုင်သည့် “လူမျိုးတုန်းသတ်ဖြတ်ခြင်းဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်မှု”ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံကို စွဲချက်တင်လိုက်ကြောင်း ကြားသိရပါသည်။ အဆိုပါအမှုကို တရားရင်ဆိုင်ရန် နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လာမည့် ဒီဇင်္ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မြန်မာနိုင်ငံက သွားရောက်စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြားသိရပါသည်။ မိမိတို့မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်စစ်ဆေးခံ၊ တရားရင်ဆိုင်မည်ဟုလည်း သိရပါသည်။ ထူးထူးခြားခြားဆိုသကဲ့သို့ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်မည့်သူအား ချီးကျူး၊ ချီးမွမ်းမှုများလည်း ကြားနေရပါသည်။ မည်သို့ဆိုစေ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စည်းကမ်းအရ အမှုကို လက်ခံရင်ဆိုင်သူသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရလိမ့်မည်ဟု သိရှိရပါသည်။ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉)

https://www.facebook.com/nsni.mm/videos/2619647944780849/UzpfSTE3OTQ3MTgwODczMTM1MToyODk4NTg0NDAzNDg2NzMx/?epa=SEARCH_BOX

 


အင်တာဗျူ :

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)

မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။ မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။ UAMZ – ကျွန်တော်တို့ ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက် စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။ ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့ ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက် နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။ ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ် ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့ မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။ ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။ အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့ ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့ သွားငြိနေတယ်။ ပုဒ်မ ...

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း

မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၇)၊ ဇွန်လ၊ ၂၀၂၀။ July 31, 2020

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၆)၊ ဇွန်လ၊ ၂၀၂၀။ July 31, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 14, 2020

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း July 14, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 9, 2020

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား July 9, 2020

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန June 16, 2020


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ