ဆွာတမံလက်တံကျိုးပေါက်မှုကြောင့် ရေလွှမ်းမိုးမှုခံရသော လေးအိမ်စုကျေးရွာမူလွန်ကျောင်း၊ ဝမ်းမကြီးကျေးရွာ မူလွန်ကျောင်းနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းတို့အား ဗလာစာအုပ်ဒါဇင် ၅၀ဒါဇင် နှင့် ပေတံ ၅၀ချောင်းတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က လှိုင်မြို့နယ် DPNSဥက္ကဋ္ဌ ဦးမြတ်လင်းလင်းထွေးမှတဆင့် ပေးပို့လှူဒါန်းခဲ့ပါသည်။ လေးအိမ်စုမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာကြီး ဦးသော်ဇင်၊ ဝမ်းမကြီးကျေးရွာမူလွန်ကျောင်းအတွက် လက်ထောက်ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးတို့က လက်ခံရယူခဲ့ကြပါသည်။