SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop တတိယနေ့ကို ၇-၁၁-၂၀၁၇ နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက လက်ရှိ မြန်မာ့နိုင်ငံရေးစိန်ခေါ်ချက်များအား အဖြေရှာနိုင်ရေးအတွက် ယခင်နေ့က ဆွေးနွေးရရရှိချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။