မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ပါတီထောက်ခံသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆီမီးခုံ၊ ကွေ့ကြီး၊ ကတော၊ ကုလ၊ လှိုင်းတက်ရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ညနေပိုင်းတွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများက မရိုးကုန်းကျေးရွာ၌ ရပ်ကျေးဆိုင်းဘုတ် စိုက်ထူခဲ့ကြပါသည်။