ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

January 2021
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031

DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ် (၃)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇၊ ဒီဇင်္ဘာ၊ ၉ ရက်နေ့ညပိုင်းတွင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတွင် ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူများ၏ သဘောထားပါဝင်ရန် လိုအပ်ပုံ၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူ့ဘောင်သစ်လူငယ်မိတ်ဆက်၊ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။