Democratic Education Corner-DEC က စီစဉ်ကျင်းပသော “ကလေးများနှင့် သူတို့၏ လူ့အဖွဲ့အစည်းအား ဆန်းစစ်ခြင်း” ပညာရေးဟောပြောဆွေးနွေးပွဲကို ၉၊၁၂၊၁၆ ရက်နေ့လည်ပိုင်းက ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့အဖွဲ့အစည်းအနေဖြင့် ကလေးများအပေါ် ထားရှိသင့်သည့် သဘောထား၊ဆက်ဆံရေးနှင့် ရည်မှန်းချက်များ၊ သိမ်ငယ်ကြောက်ရွံ့ခြင်းနှင့် အမုန်းတရားတို့မှ ကင်းဝေးသော ကလေးငယ်များအဖြစ် ရှင်သန်ကြီးပြင်းခွင့်ရရန် ဆောင်ရွက်ပေးသင့်သည့်အချက်များ စသည်တို့ကို ဒေါက်တာသိန်းလွင်က ပညာရေးရှုထောင့်မှလည်းကောင်း၊ ဒေါက်တာညိုညိုသင်းက ဥပဒေနှင့် နိုင်ငံရေး ရှုထောင့်မှလည်းကောင်း၊ ဦးအောင်မျိးမင်းက ကလေးအခွင့်အရေးနှင့် လူ့အခွင့်အရေးရှုထောင့်မှလည်းကောင်း ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်တင်တင်ချိုလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။