လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီမှ ဒေါ်နှင်းနှင်းမွှေးနှင့် ဦးငွေလင်းတို့သည် ၂၀၁၉၊ မတ်လ ၁၇ ရက်နေ့နံနက်ပိုင်းတွင် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU) နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမျိုးသမီးအလုပ်သမားများ အစည်းအရုံး(IWWO) တို့မှ တာဝန်ရှိသူများနှင့် CCTU ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ထိုသို့တွေ့ဆုံရာတွင် အလုပ်သမားအရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ မြန်မာ့အလုပ်သမားအရေးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့်ပြဿနာများ၊ အခက်အခဲများ၊ ဆောင်ရွက်သင့်သည်များကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။