မြင်းခြံမြို့ မဏိကဉ္စနာခန်းမရှေ့တွင် ကျင်းပပြုလုပ်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မြင်းခြံမြို့နယ်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။ ဘားအံမြို့ အာဇာနည်ကျောက်တိုင်ကွင်းတွင် ပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ကျင်းပသည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ကိုယ်စားလှယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။